*** ဘဏ်ချေး ငွေ လျှောက်ထား ဖို့ ဘာတွေ ပြင်ဆင် ထားရမလဲ ***

*** ဘဏ်ချေး ငွေ လျှောက်ထား ဖို့ ဘာတွေ ပြင်ဆင် ထားရမလဲ ***

*** ဘဏ် ချေးငွေ လျှောက်ထား ဖို့ ဘာတွေ ပြင်ဆင် ထားရမလဲ ***
        •  ဘဏ် ချေးငွေ လျှောက်ထား မယ်ဆိုရင် ယေဘုယျ အားဖြင့် အပေါင် ပစ္စည်း  ( ဝါ )  အာမခံ ပစ္စည်း တင်ပြ ရပါမယ် ။ တနည်းအားဖြင့် မရွှေ့ မပြောင်း နိုင်သော အာမခံ ပစ္စည်း ပိုင်ဆိုင်မှု စာချုပ်များ ၊ အထောက်အထား  များကို တင်ပြရ ပြီး ငွေချေး ယူမည့် သူ၏ အမည်ပေါက် မြေ နှင့် အဆောက်အအုံများ ဖြစ်ရ ပါမယ် ။


       • မြေ ပိုင်ဆိုင်မှု အတွက် အောက်ပါ စာချုပ် နှင့် အထောက်အထား ( မူရင်း ) များ လက်၀ယ် ရှိရန် လိုအပ် ပါတယ် -
( က ) မြေငှား ဂရန်စာချုပ်
( ခ ) မှတ်ပုံတင်ပြီး မြေ နှင့် အဆောက်အအုံ အရောင်း အ၀ယ် စာချုပ်
( သို့ ) မှတ်ပုံတင်ပြီး အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာလွှာ
( သို့ ) မှတ်ပုံတင်ပြီး မေတ္တာဖြင့် အပိုင် ပေးကမ်းခြင်း စာချုပ်
( သို့ ) မှတ်ပုံတင်ပြီး ပိုင်ဆိုင်မှုကို စွန့်လွှတ် / လက်ခံခြင်း စာချုပ် စသည် ----


       • " ဘဏ်မှ ငွေချေးရန် " အကြောင်း ပြချက်ဖြင့် လက်ရှိ ကာလ အတွက် သက်ဆိုင်ရာ မြေယာဌာန ( သို့မဟုတ် )  မြေစာရင်း ရုံးမှထုတ်ပေးသည့် မြေပုံ မြေရာဇ၀င် မှတ်တမ်းကို တင်ပြ ရမည် ဖြစ်ပြီး ပိုင်ဆိုင်မှု လက်၀ယ် ရှိကြောင်း နှင့် အရှုပ်အရှင်း ကင်းရှင်းကြောင်း ဘဏ်ဥပဒေ အကျိုးဆောင် ၏ စိစစ် တင်ပြချက် လို အပ်ပါမယ် ။***

 

အိမ်ခြံ မြေ နှင့် အခြားအရေးကြီး စာချုပ်များ
        • အကယ်၍ သက်ရှိ ထင်ရှား မိဘများ အမည်ပေါက် ပိုင်ဆိုင်သည့် မြေ နှင့် အဆောက်အအုံများ ဖြစ်ပါက ငွေချေး ယူမည့် သား ၊ သမီးအား မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာ နှင့် အတူ ငွေချေး ယူမည့် သူ၏ ကျမ်းကျိန်လွှာ တို့ကို ဘဏ်သို့ တင်ပြ ရပါမည် ။ ထို့အပြင် အဆိုပါ မိဘများ၏ အမွေ ဆက်ခံခွင့် အကျုံး၀င်သော ကျန်သားသမီးများ ( ရှိပါက ) ၏ သဘောတူညီကြောင်း ကတိပြု လွှာများ တင်ပြရပါမယ်။


         • ငွေချေး ယူမည့် သူ၏ ကိုယ်ရေး အချက်အလက်များ ဖြစ်သော နိုင်ငံသား စိ စစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုစာရင်း တို့ကိုလည်း တင်ပြရ ပါမယ် ။ ရပ် ကွက် / ကျေးရွာတွင် အမှန်တကယ် နေထိုင်သူ ဖြစ်ကြောင်း ရပ်ကွက် /  ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ကိုလည်း ဖြည့်စွက် တင်ပြရပါမယ် ။


        • ဘဏ်ချေး ငွေရယူပီး ပါကလဲ   ပြန်လည် ပေးဆက် နိုင်မည့် အလားအလာ  ရှိ  / မရှိ ကိုလဲ ငွေချေး ယူမည့် သူ၏ စီးပွားရေး         လုပ်ငန်းဆိုင်ရာ အထောက် အထားများ ၊ ငွေကြေး စာရင်းအင်း နဲ့ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်း တင်ပြရပါမယ် ။ ကုမ္ပဏီ လုပ်ငန်းဖြစ်ပါက ကုမ္ပဏီ မှတ်ပုံတင်  Form-E , Form-6 , Form-26 တို့ကို တင်ပြ ရပါမယ် ။ သက်တမ်းရှိ လုပ်ငန်း လိုင်စင် နဲ့အတူ အခွန်ထမ်ဆောင် ပြီးသည့် ပြေစာ မှတ်တမ်း ( ၃ )လစာ ဘဏ္ဍရေးစာရင်း စာရွက် စာတမ်း များကိုလည်း တင်ပြ ရပါမယ် ။


      • အာမခံ ပစ္စည်းများ ၏ ဓါတ်ပုံများ နှင့် စီးပွားရေး လုပ်ငန်း၏ ဓါတ်ပုံများ ပူးတွဲ တင်ပြ ရပါမည် ဖြစ်ကြောင်း ကြိုတင် စီစဉ်ထားနိုင်ပါရန် တိုက်တွန်း အပ်ပါတယ်


#Crd to owner
 

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate