မြန်မာ နိုင်ငံ ကလေး အုပ်ထိန်း ခွင့်နဲ့ ပတ်သက် လို့ နားလည်မှု လွဲနေ ကြပါသည် ။

14-Nov-22 အခြား
မြန်မာ နိုင်ငံ ကလေး အုပ်ထိန်း ခွင့်နဲ့ ပတ်သက် လို့ နားလည်မှု လွဲနေ ကြပါသည် ။

        မြန်မာ နိုင်ငံ ကလေး အုပ်ထိန်း ခွင့်နဲ့ ပတ်သက်လို့ နားလည်မှု လွဲနေ ကြပါသည် ။ 
များသော အားဖြင့် လင်မယားတွေ ရန်ဖြစ် ပြီဆို မိန်းမ လုပ်သူက ကလေးခေါ် အိမ်ပေါ်က ဆင်းသွားခြင်း ၊ 
ယောက်ျား လုပ်သူက ကလေးခေါ်ပြီး အိမ်ပေါ်က ဆင်းသွားခြင်း မျိုးတွေ ဖြစ်နေကျ ဖြစ်ရပ် တစ်ခု ဖြစ်ပါသည် ။ 
နောက်ထပ် နားလည်မှု လွဲနေတဲ့ ကိစ္စတစ်ခုက သားကို အမေဖြစ်သူက အုပ်ထိန်း ခွင့်ရှိပြီး သမီးကို အဖေ ဖြစ်သူက အုပ်ထိန်း ခွင့်ရတယ် ဆိုပြီး သတ်မှတ် နေခြင်းသည်  မဟုတ် ပါဘူး လွဲမှား နေပါသည် ။


        ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ - ၃၅အရ မိဘ နှစ်ပါးသည် ကလေး သူငယ်၏ မူလ အုပ်ထိန်း သူများ ဖြစ်သည်။   သဘာဝအားဖြင့် ကလေး သူငယ်ကို ကြီးပြင်း လာအောင် ကျွေးမွေး ပြုစု စောင့်ရှောက် ရန်တာဝန် နှင့် ကလေး သူငယ်က ပိုင်ဆိုင်သော ပစ္စည်းများအား စီမံခန့် ခွဲပိုင် ခွင့်ရှိသည် ။ မိဘနှစ်ဦးကွဲကွာနေပါက ကလေးသူငယ် နှင့် အတူနေထိုင်ပြီး စဉ်ဆက်မပြတ် ဆက်ဆံရေးရှိသော မိခင် ( သို့မဟုတ် ) ဖခင်သည် တစ်ဦးတည်း ဖြစ်စေ ၊ မိဘ နှစ်ဦးလုံးက မျှဝေ၍ ဖြစ်စေ ကလေး သူငယ်ကို ထိန်း သိမ်းစောင့်ရှောက်ခွင့် ရှိပါသည် ။ 

 

        ကလေး သူငယ် ၏ အကောင်းဆုံး အကျိုးစီးပွား များကို အဓိက ထည့်သွင်း စဉ်းစား လျက် မိဘ တစ်ဦးစီ ဖြစ်စေ ၊ မိဘ နှစ်ဦးလုံး ဖြစ်စေ ကလေး သူငယ်ကို ကြီးပြင်း လာအောင် ကျွေးမွေး ပြုစု စောင့်ရှောက် ရန်တာဝန် နှင့် ကလေး သူငယ်က ပိုင်ဆိုင်သော ပစ္စည်းများကို စီမံခန့် ခွဲပိုင်ခွင့် ရှိပါသည်။

 

 ( ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ - ၃၆ )


          ကလေး သူငယ် နှင့် စဉ်ဆက် မပြတ် ဆက်ဆံ ရေးရှိသော မိဘ တစ်ဦးဦး သေဆုံးလျှင် အသက်ရှင် ကျန်ရစ်သော မိခင် ( သို့မဟုတ် ) ဖခင်သည် မိဘ၏ လုပ်ပိုင်ခွင့် နှင့် တာဝန်ကို ရပိုင်ခွင့် ရှိမည် ဖြစ်သည် ။


(ကလေး သူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ-၃၇)


         ကလေး သူငယ်ကို အုပ်ထိန်း လိုသော အောက်ပါ ပုဂ္ဂိုလ် တစ်ဦးဦးသည် အုပ်ထိန်းသူ အဖြစ် ခန့်အပ် တာဝန် ပေးသည့် စီရင်ချက်နှင့် ဒီကရီ ချမှတ် ပေးရန် သက်ဆိုင်ရာ တရားရုံး သို့ လျှောက်ထား နိုင်သည် ။ မိဘများ ကွဲကွာခြင်း ( သို့မဟုတ် ) ကွာရှင်းခြင်း ဖြစ်ပွားပြီးနောက် ကလေး သူငယ်ကို အုပ်ထိန်း လိုသူမှ လည်းကောင်း ၊ လျစ်လျူ ရှုခြင်း ၊ အလွဲ သုံးခြင်း ၊ ရက်စက် ယုတ်မာခြင်း နှင့် ခေါင်းပုံ ဖြတ်ခြင်း ခံရသော ကလေး သူငယ်ကို ကြီးပြင်း လာအောင် ကျွေးမွေး ပြုစု စောင့်ရှောက်ရေး နှင့် ကလေးသူငယ်က ပိုင်ဆိုင်သောပစ္စည်းများကို စီမံ ခန့်ခွဲရေး အတွက် ကလေး သူငယ်၏ အကောင်းဆုံး အကျိုး စီးပွား ဖြစ်ထွန်းမှုကို လိုလားသော ကလေး သူငယ်အား အုပ်ထိန်း လိုသူ တစ်ဦးဦး ။

 

 ( ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ - ၃၈ )


          သက်ဆိုင်ရာ တရားရုံးသည် ပုဒ်မ - ၃၈ အရ လျှောက်ထား ချက်ကို စိစစ်ပြီး ကလေး သူငယ်၏ အကောင်းဆုံး အကျိုးစီးပွားကို အဓိက ထည့်သွင်း စဉ်းစားလျက် မိဘ တစ်ဦးဦး ကိုဖြစ်စေ ၊ ဘိုးဘွား တစ်ဦးဦး ကိုဖြစ်စေ ၊  သွေးရင်း ဆွေမျိုး တစ်ဦးဦး ကိုဖြစ်စေ အုပ်ထိန်းသူ အဖြစ် လည်းကောင်း ၊  ယင်းတို့ တစ်ဦးဦး မရှိသည့်အခါ သင့်လျော်သော အခြား ပုဂ္ဂိုလ် တစ်ဦးဦးကို အုပ်ထိန်း သူအဖြစ်လည်းကောင်း ခန့်အပ် တာဝန်ပေးသည့် စီရင်ချက် နှင့် ဒီကရီချ မှတ်ပေး နိုင်သည် ။ ကလေး သူငယ်၏ အသက်အရွယ် နှင့် ရင့်ကျက်မှုကို တည်မှီပြီး ကလေးသူငယ် နှင့် စပ်လျဉ်းသည့် အုပ်ထိန်းမှု ၊ ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် စီရင်ချက်နှင့် ဒီကရီချမှတ်ရာတွင် ထို ကလေး သူငယ်၏ ဆန္ဒ သဘောထားကို ရယူရမည်။ 

 

( ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ-၃၉ )


            သက်ဆိုင်ရာ တရားရုံးက မိဘ မဟုတ် သူအား အုပ်ထိန်းသူ အဖြစ် ခန့်အပ် တာဝန်ပေး ပြီးနောက် ကလေး သူငယ်၏ အကောင်းဆုံး အကျိုးစီးပွား အတွက် ခွဲခွာ နေထိုင်ရန် လိုအပ်သည့် အခါမှ တစ်ပါး ကလေး သူငယ်တိုင်း သည် မိဘ ၊  ဘိုးဘွား တို့နှင့် တွေ့ဆုံ ခွင့်ရှိသည် ။ 

 

( ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ-၄၀ )


            အထက်တွင် ပြဌာန်း ထားသည့် ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေပါ ဥပဒေ သတ်မှတ် ချက်များ အတိုင်း မိခင် ( သို့မဟုတ် ) ဖခင်ကို တစ်သတ် မှတ်တည်း ဆုံးဖြတ် ထားခြင်း မရှိဘဲ ကလေး နှင့် ထိတွေ့ ဆက်ဆံမှု ရှိသူ ၊ ကလေးအတွက် အကျိုးစီးပွား ၊  အသက် အရွယ်အရ ကလေး ၏ သဘောဆန္ဒ တို့အပေါ်  အခြေခံ ပါသည် ။ ထို့ကြောင့် မိဘများ ကွာရှင်း သည့်အခါ နှစ်ဖက်ညှိနှိုင်းပြီး ကလေး အုပ်ထိန်း ခွင့်ရရှိသူ သတ်မှတ်ရ ပါမည် ။ 


          ကလေး အုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ကို ပေးအပ်တာ ဖြစ်ပြီး အပိုင်ပေး လိုက်တာ မဟုတ်တဲ့ အတွက် အုပ်ထိန်းခွင့် မရသူက ကလေးကို လာတွေ့တဲ့အခါ ညှိနှိုင်းပြီး တွေ့ခွင့် ပြုရမှာ ဖြစ်ပါသည်။ကလေး အုပ်ထိန်းခွင့် နှင့် ပတ်သက်ပြီး မိခင် ၊ ဖခင် ညှိနှိုင်း သဘောတူညီ ချက်မရ တဲ့အခါ တရားရုံးသို့ လျှောက်ထားရမှာ ဖြစ်ပြီး တရားရုံးက ဥပဒေနဲ့ အညီ အုပ်ထိန်းသူ သတ်မှတ်ပေးပြီး အုပ်ထိန်းခွင့် မရသူကိုလည်း သတ်မှတ် ပေးထားတဲ့ နည်းလမ်းအတိုင်း အခါအားလျော်စွာ တွေ့ခွင့် ပေးရန် အမိန့်ချမှတ် ပေးမှာ ဖြစ်ပါသည် ။
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate