အရွယ်မရောက်သေးသော ကျား/မိန်းကလေး နှင့်စိတ်ပေါ့သွပ်သူများကို အုပ်ထိန်းသူမသိအောင် ခိုးယူလျှင် ပြစ်ဒဏ် ခိုးယူလာ၍ အိမ်ရှင်မှလက်ခံလျှင်လည်း ပြစ်ဒဏ်ခံရပါမယ်။

01-Nov-22 အခြား
အရွယ်မရောက်သေးသော ကျား/မိန်းကလေး နှင့်စိတ်ပေါ့သွပ်သူများကို အုပ်ထိန်းသူမသိအောင် ခိုးယူလျှင် ပြစ်ဒဏ် ခိုးယူလာ၍ အိမ်ရှင်မှလက်ခံလျှင်လည်း ပြစ်ဒဏ်ခံရပါမယ်။

         အရွယ်မရောက်သေးသော ကျား / မိန်းကလေး နှင့် စိတ်ပေါ့သွပ်သူများကို အုပ်ထိန်းသူ မသိအောင် ခိုးယူလျှင် ပြစ်ဒဏ်

 ခိုးယူလာ၍ အိမ်ရှင်မှ လက်ခံလျှင်လည်း ပြစ်ဒဏ် ခံရပါမယ်။  အာမခံ မရပါ ။
  ယောင်္ကျားလေးများ နှင့် မိဘများ သိထားသင့်သော ရာဇသတ်ကြီးပုဒ်မ - ၃၆၃ လူခိုးမှု အကြောင်း


ပုဒ်မ - ၃၅၉ ။       ။ လူခိုးမှု ဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ အပသို့ လူကို ခိုးယူမှု နှင့် အုပ်ထိန်းသူထံမှ လူကို 

                             ခိုးယူမှု ဟူ၍ နှစ်မျိုး ရှိသည်။
ပုဒ်မ - ၃၆၁ ။       ။ မည်သူမဆို ဥပဒေနှင့် အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ အသက် ( ၁၄ ) နှစ် အောက် ယောင်္ကျားလေးကို ဖြစ်                               စေ ၊ အသက် ( ၁၈ ) နှစ်အောက် မိန်းကလေးကို ဖြစ်စေ ၊ စိတ်ပေါ့သွပ်သူကို ဖြစ်စေ ထိုအုပ်ထိန်းသူက
                            သဘောမတူဘဲ ဆောင်ယူလျှင် ၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ထိုအရွယ်မရောက်                             သေးသူကို သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးသည် မည်၏ ။
ပုဒ်မ - ၃၆၃ ။      ။  မည်သူမဆို တစ်ဦးတစ်ယောက်သော သူအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဥပဒေနှင့်အညီ အုပ်ထိန်းသူ                               ထံမှ ဖြစ်စေ ခိုးယူလျှင် ထိုသူကို ၇နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်                             နိုင်သည်။


             ယခင်က ခိုးယူခံရသူ မိန်းကလေး၏ အသက်မှာ ( ၁၆ )နှစ် ပြဌာန်း ထားခဲ့သော်လည်း ( ၇ - ၁ - ၂၀၁၆ )တွင် ပြဌာန်းလိုက်သည့်ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ( အမှတ် ၆ / ၂၀၁၆ ) အရ ခိုးယူခံရသူ မိန်းကလေးမှာ အသက်( ၁၈ ) နှစ် သို့ ပြောင်းလဲသွားပါသည်။
              လူခိုးမှုတွင် တရားရုံးက စဉ်းစားရသည့် အချက်မှာ-


၁ ။  ခိုး‌ပြေးခံ မိန်းကလေး၏ အသက်မှာ ၁၈နှစ် ပြည့် / မပြည့် ။  
၂ ။ ခိုး‌ပြေးစဉ်က အုပ်ထိန်းသူ သဘောတူညီခဲ့ခြင်း ရှိ / မရှိ တို့ ဖြစ်ပါသည်


      မိန်းမ ခိုးပြေးခဲ့ရင်လည်း လူခိုးမှု မြောက်နိုင်ပါသည်
( က ) မိန်းကလေးက ခိုးပြေး ခိုင်း၍ ခိုးပြေးကြောင်း
( ခ ) ခိုးပြေးဖို့ မိန်းကလေးက သဘောတူညီခဲ့ကြောင်း
( ဂ ) မိန်းကလေးက ၎င်းအသက် ၁၈နှစ် ပြည့် ပြီးပါပြီဟု လိမ်လည်ပြောဆို၍ အသက်ပြည့်ပြီဟု ယူဆသောကြောင့် ခိုးပြေးကြောင်း
( ဃ ) မိန်းကလေးမှာ အသက်၁၈နှစ် ပြည့်ပြီဟု ယုံကြည်ခဲ့ကြောင်း
                 ဒါကြောင့် သမီးရည်းစား ချိန်းတွေ့ရင်း အိမ်မပြန်ရဲလို့ ၊ အိမ်က ရည်းစားထားတာကို သိသွားလို့ ၊ အိမ်က ရည်းစားထားတာကို ရိုက်လို့ ၊ အိမ်က သဘောမတူလို့ ခိုးပြေးပါဟု မိန်းခလေးကပြောလို့ ခိုးပါသည်လို့ ထုချေ မရနိုင်ပါ


   မုဒိမ်းမှုပါ တွဲလာနိုင်သည့် အကြောင်း


           ၂၀၁၆မှာ ပြင်လိုက်တဲ့ ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအရ ပုဒ်မ ၃၇၅ ၏ ပဉ္စမပိုဒ်အရ အသက် ( ၁၆ ) နှစ် အောက်မိန်းကလေးက သဘောတူ၍ လင်မယားကဲ့သို့ အတူတူ နေမိခဲ့စေကာမူ မုဒိမ်းမှု မြောက်ပါတယ် ။ ဒါကြောင့် အသက် ၁၆နှစ်အောက် မိန်းကလေးကို ခိုးပြေးမိလို့ လင်မယားလို အတူနေမိရင် လူခိုးမှု - ၃၆၃ အပြင် မုဒိမ်းမှု - ၃၇၆ ပါ ပူးတွဲ တရားအစွဲခံရမှာပါ
၃၆၃ နဲ့ အစွဲခံရရင် အာမခံ ရပါတယ် ။ ကျေအေးခွင့် မရတဲ့ပုဒ်မမို့ တစ်ဖက်မိဘက အမှုဖွင့်ပီးမှ ပြန်ပိတ်မယ် လို့လည်း မရတော့ပါဘူး။ ရုံးတော်က ရုတ်သိမ်းခွင့် ကျလာဖို့လည်း မလွယ်ပါ ။
          ခိုးပြေးလာတာကို ကူညီပြီး လက်ခံ ထိန်းသိမ်းထားတဲ့ သူများလည်း သတိထားကြပါ ။ ပုဒ်မ ၃၆၈ အရ ပြစ်မှု မြောက်ပါတယ်။အာမခံ မရပါ ။


         မိန်းခလေး အသက် အထောက်အထား ခိုင်လုံအောင် မတင်ပြနိုင် အသက်ပြည့် မပြည့် မထင်ရှားလို့  သံသယအကျိုးကို အစွပ်စွဲခံရသူ ခံစားခဲ့ရတဲ့ စီရင်ထုံးများမှာ-


- ပြည်ထောင်စု နှင့် မောင်မိုး ( ခ ) မောင်သိန်း ၊ ၁၉၆၆ ၊ မတစ ၊ စာ - ၁၂၁၄
- မောင်ကျော်ဆွေ နှင့် ပြည်ထောင်စု ၊ ၁၉၆၆ ၊ မတစ ၊ စာ - ၄၀၈
- ပြည်ထောင်စု နှင့် မောင်တူး ၊ ၁၉၇၉ ၊ မတစ ၊ စာ - ၈၇
- မောင်ခင်ဆက် နှင့် ပြည်ထောင်စု ၊ ၁၉၈၁ ၊ မစတ ၊ စာ - ၄
- ပြည်ထောင်စု နှင့် မောင်ခင်ဇော်ဝင်း ၊ ၁၉၉၆ ၊ မတစ ၊ စာ - ၁၀၁
     ပုဒ်မ ၃၆၃ နှင့် စပ်ဆိုင်သော စီရင်ထုံးများမှာ -
- မောင်ဟန်ညွန့် ပါ -၂ နှင့် ပြည်ထောင်စု ၊ ၁၉၆၆ ၊ စတစ ၊ စာ - ၁၅၀၂
- ဒေါ်ခင်ညွန့်  နှင့် ပြည်ထောင်စု ၊ ၁၉၇၅ ၊ မတစ ၊ စာ - ၉
- ပြည်ထောင်စု နှင့် မောင်အေးကို ၊ ၁၉၈၂ ၊ မတစ ၊ စာ - ၅၁
- ပြည်ထောင်စု နှင့် တန်ဘီ ( ခ ) ဝင်းနိုင် ၊ ၁၉၉၆ ၊ မတစ ၊ စာ - ၁၁၉


Credit....ရှာဖွေပြုစုသူ ဆရာအား ဂုဏ်ပြုရင်း သူ့ရည်ရွယ်ချက်အတိုင်း ဥပဒေ ပညာဖြန့်ဝေပါသည်။
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate