အမွေ ဆိုင်များ ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ကိုအမွေဆိုင် တစ်ဦးက အခြား အမွေဆိုင် များမသိအောင် ရောင်းချ မည်ဆိုလျှင် အရောင်းအဝယ် မပြီးမြောက် သေးပါက အခြားအမွေ ဆိုင်များက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြ စီမံကိန်း နှင့် မြေစီမံ ခန့်ခွဲမှု ဌာနတွင် အချင်းဖြစ် မြေကွက် နှင့် ပတ်သက်ပြီး ကန့်ကွက် လွှာတင်ခြင်း ဆောင်ရွက် ရမည် ဖြစ်ပါသည် ။

အမွေ ဆိုင်များ ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ကိုအမွေဆိုင် တစ်ဦးက အခြား အမွေဆိုင် များမသိအောင် ရောင်းချ မည်ဆိုလျှင် အရောင်းအဝယ် မပြီးမြောက် သေးပါက အခြားအမွေ ဆိုင်များက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြ စီမံကိန်း နှင့် မြေစီမံ ခန့်ခွဲမှု ဌာနတွင် အချင်းဖြစ် မြေကွက် နှင့် ပတ်သက်ပြီး ကန့်ကွက် လွှာတင်ခြင်း ဆောင်ရွက် ရမည် ဖြစ်ပါသည် ။

         အမွေ ဆိုင်များ ပိုင်ဆိုင်သည့်  အိမ် ခြံ မြေ ကိုအမွေဆိုင် တစ်ဦးက အခြား အမွေဆိုများ မသိအောင်‌ ရောင်းချမည် ဆိုလျှင်အရောင်း အဝယ် မပြီမြောက် သေးပါက အခြား အမွေဆိုင်များက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ  ၊ မြို့ပြ စီမံကိန်း နှင့်မြေစီမံ ခန့်ခွဲရေႈ ဌာနတွင်အချင်း ဖြစ်မြေကွက် နှင့် ပတ်သက်ပြီး ကန့်ကွက် လွှာတင် ခြင်း ဆောင်ရွက် ရမည် ဖြစ်ပါသည်။


        ထိုသို့ ရောင်းချ သောအခါ ဝယ်ယူသူမှ နိုင်ငံပိုင် သတင်းစာတွင် ကန့်ကွက် ရန်ရှိ / မရှိ ကြေညာချက် ထည့်သွင်း ဆောင်ရွက်မည်ဖြစ်သည် ။ ထိုသို့ ကြေညာချက်ကို တွေ့ရှိပြီး ကန့်ကွက် မည်ဆိုလျှင် သတင်းစာ ကြော်ငြာတွင် ထည့်သွင်း ဖော်ပြထားသည့် သတ်မှတ်ရက် မတိုင်မီ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများဖြင့် ဝယ်ယူသူထံ သွားရောက် ကန့်ကွက်ခြင်း ၊ ကန့်ကွက် လွှာတင်သွင်း ခြင်းများဆောင်ရွက် ရမည် ဖြစ်ပါသည် ။


         ထိုအခါ အရောင်း အဝယ်သည့် ရှေ့ဆက် ဆောင်ရွက်၍ မရတော့ဘဲ အမွေဆိုင်များ မသိဘဲ တစ်ဦးတည်း ရောင်းချသည့် ရောင်းသူမှ ဝယ်ယူသူအား စရန်ငွေ၏ ( ၂ ) ဆပြန်လည် ပေးလျော် ခြင်းဖြင့် အရောင်းအဝယ် ပျက်သွားမှာ ဖြစ်ပါသည် ။
အရောင်း အဝယ် ပြီးမြောက်ပြီး နောက်မှ ကျန်အမွေဆိုင်များက သိရှိခြင်း ဖြစ်ပါက အဆိုပါ အရောင်းအဝယ်သည် ကျန် အမွေဆိုင်များမသိရှိဘဲ ရောင်းချခြင်း ဖြစ်သည့် အတွက် အရောင်း အဝယ် ပြုလုပ်ထားသည့် စာချုပ်ကို ဖျက်သိမ်းပေး စေလိုမှု တရားမမှုစွဲ ဆိုရမှာဖြစ်ပါသည် ။


        တရားစွဲ ဆိုရာတွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြား မစေ့ရောက်မီ တရားစွဲ ဆိုရန် လိုအပ်မည် ဖြစ်ပါသည် ။ စာချုပ်ဖျက်သိမ်း ပေးစေ လိုမှုသည် ကာလ စည်းကမ်း သတ်ဥပဒေအရ ဝယ်ယူသူ သတင်းစာ ကြေညာချက် ထည့်သွင်းသည့် နေ့ရက်မှ ( ၃ ) နှစ်အတွင်း တရားစွဲ ဆိုရမှာ ဖြစ်ပါသည် ။


          ထိုသို့ ( ၃ ) နှစ်အတွင်း တရားစွဲဆို ခဲ့ခြင်းမရှိဘဲ ကာလ စည်းကမ်း သတ်ကျော်လွန် သွားခဲ့မည် ဆိုလျှင် အဆိုပါ အချင်းဖြစ် အိမ်ခြံ မြေ အတွက် တရားစွဲဆိုဆောင်ရွက် လိုရမည် မဟုတ်တော့ပါ ။ အခြား အမွေဆိုင် များတွင် ဥပဒေအရ ဆုံးရှုံးမှုရှိမှာ ဖြစ်တဲ့အတွက် မိမိတွင် ပိုင်ဆိုင်မှု ၊ ဆက်ဆိုင်မှုများ ရှိပါက နိုင်ငံပိုင် သတင်းစာ များကို စောင့်ကြည့် ဖတ်ရှုခြင်း ၊ ဆက်ဆိုင်ပိုင် ဆိုင်သည့်အိမ် ခြံ မြေ၏ သတင်း အချက်အလက်ကို နားစွင့်ထားရန် လိုအပ် မည်ဖြစ်ပါသည် ။ သို့မှသာ မိမိ ပိုင်ဆိုင်မှု ဆုံးရှုံးခြင်း ကို ကြိုတင် ကာကွယ် နိုင်မည်ဖြစ်ပါ ကြောင်း ဥပဒေ ဗဟုသုတရ ရှိစေရန် ရေးသား ဖော်ပြအပ် ပါသည် ။
 

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate