အခွန်ပေးဆောင်ရမယ့်ပမာဏ လျော့သွားပြီဆိုတော့ ကားအရောင်းဝယ်တွေလည်း အရောင်းဝယ်လိုက်လာမယ်။
13-Aug-21

ကားရောင်းချင်တာဖြစ်ဖြစ်
ဝယ်ချင်တာဖြစ်ဖြစ်
သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။
သင့်အမည်ပေါက်အခွန်ဆောင်ထားသောကား ပြန်ရောင်းဖြစ်ခဲ့ပါလျှင်
1။ ကားပြန်ရောင်းတာနဲ့ အခွန်ရုံးကိုသတင်းပို့ဖို့ပြင်ပါ
2။ အခွန်စိမ်းကို ဝယ်သူကို မပေးလိုက်ပါနဲ့
(အခွန်ရုံးကိုပြရမှာမို့)
3။ စာချုပ်ချုပ်ထားပါ
(အခွန်ရုံးကိုပြရမှာမို့)
4။ ကားအုံနာဘုတ်နဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ၃ စုံ ကူးထားပါ
(အခွန်ရုံးကိုပြရမှာမို့)
5။ ကားဓာတ်ပုံရှေ့နောက်ဝဲ ဓာတ်ပုံရိုက်ထားပီးထုတ်ထားပါ
(အခွန်ရုံးကိုပြရမှာမို့)
6။ အားလုံးစုံလျင် အခွန်ရုံးသွားပီး ရောင်းချပြီးကြောင်း သွားတင်ပြပါ။
အခွန်ရုံးမှ ဝင(၈) အခွန်လွတ်စာရွက်ထုတ်ပေးပါလိမ့်မယ်
7။ နောက်ကားတစ်စီးဝယ်လျင် အခွန်ရုံးမှ ထုတ်ထားသော ဝင(၈) အားပြလိုက်လျင် အခွန်မပေးဆောင်ရတော့ဘဲ
မိမိအမည်သို့ အလွယ်တစ်ကူပြောင်းလို့ရပါမည်
8။ ကားစျေးအတက် အကျကြောင့် တန်ဘိုးဖြတ်နှုန်းထား တိုးလာလျင် မြတ်စွန်းခဲ့ပါက အမြတ်ခွန်ပေးဆောင်ရပါမည်
9။ ငွေဖြူထုတ်ရာတွင် အဆင်မပြေမှု့၊ ခက်ခဲမှု့ရှိပါက
ပြည်တွင်းအခွန် (ရုံးချုပ်) နေပြည်တော်သို့ တိုက်ရိုက်တိုင်ကြားပါ
Credit
အထွေထွေဗဟုသုတ