နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက်

နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း  နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက်

နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း 


နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက်
၁ ။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ တရားဝင် လာရောက်သည့် ပြည်ဝင်တုံး ထုထားသည့် ပတ်စပိုစ့် စာအုပ်မူရင်း
၂ ။ နိုင်ငံခြားသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မူရင်းနှင့် မြန်မာဘာသာ ပြန်ထားသည့် နိုတြီတံဆိပ်တုံး          ပါသည့် စာရွက်မူရင်း
၃ ။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြောင်း ၊ လူပျိုလူလွတ် ဖြစ်ပြီး သတို့သမီး သို့မဟုတ် သတို့သား ကို ချစ်ခင်စုံမက် တရားဝင်                 လက်ထက်မည် ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
၄ ။ ဘုရားရှိခိုးနေသည့် ( သို့မဟုတ် ) ဆွမ်းကပ်နေသည့် ဓါတ်ပုံ ( ၃ ) တို့ လိုအပ်ပါသည် ။


မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အတွက်
၁ ။ နိုင်ငံသားစိစစ်ရေးကတ်ပြားသာ လိုအပ်သည်။ 
      အမျိုးသမီးဆိုလျှင် အသက်( ၂၀ ) ပြည့်ပြီးသူ ဖြစ်ရမည် ။ အမျိုးသားဆိုလျှင် အသက် ( ၁၈ ) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
     ထပ်မံ လိုအပ်တာတွေ ကတော့
၁ ။ လက်ထပ်စာချုပ် 
၂ ။ သက်သေနှစ်ဦး၏ နိုင်ငံရေး စိစစ်ရေးကတ်ပြားတွေသာ ဖြစ်ပါတယ် ။
      အားလုံးစုံရင် မိတ္တူ ( ၄ ) စုံ ဆွဲသွား​ပါ ။ ခရိုင်တရားသူကြီးထံမှာ လျှောက်လွှာတင်ပြီး တရားဝင် လက်ထပ်မှတ်ပုံတင်လို့

       ရပါတယ်။


      ကျွန်မအနေဖြင့် ဆက်လက် ဝန်ဆောင်မှုပေးတာကတော့


      အဆိုပါ လက်ထပ်စာချုပ်ကို သက်ဆိုင်ရာ နိုင်ငံခြားဘာသာသို့  နိုတြီပြန်ပြီး မိုဖာတုံး ထုကာ သက်ဆိုင်ရာ သံရုံးမှာ Marriage Certificate  လျှောက်ပေးပါတယ် ။ သံရုံးသွင်းရတဲ့ ဒေါ်လာကတော့ client တွေဘက်က ကျခံရမှာ ဖြစ်ပါတယ် ။
ဒါဆိုရင် နိုင်ငံခြားသားဘက်က သံရုံးနှင့် ၎င်းနိုင်ငံတွင်လည်း ယခုလက်ထပ်မှုကို တရားဝင်အောင် ဆက်လက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
      ကြာမြင့်သည့် ရက်ကတော့ ရုံးဖွင့်ရက် ( ၂ ) ရက်အတွင်း အပြီး ဆောင်ရွက် ပေးနိုင်ခဲ့ပါသည် ။ လိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပို့ပေးသည့် အတွက်လည်း ယခုလို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့တာပါ။
သိရှိလိုသူများနှင့် လိုအပ်သူများ အတွက် မျှဝေပေးခြင်း ဖြစ်ပါသည်။

#Crd to owner
 Credit (  ဥပဒေ ရေးရာ )

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate