လက်ထပ်စာချုပ်မှာ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးပိုင်ခွင့်ကို တရားရုံးကပဲ ပြုလုပ်ပိုင်ခွင့်ရှိပါတယ်။

လက်ထပ်စာချုပ်မှာ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးပိုင်ခွင့်ကို တရားရုံးကပဲ ပြုလုပ်ပိုင်ခွင့်ရှိပါတယ်။

လက်ထပ်စာချုပ်မှာ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးပိုင်ခွင့်ကို တရားရုံးကပဲ ပြုလုပ်ပိုင်ခွင့် ရှိပါတယ် ။ အဲဒီလို လက်မှတ်ရေးထိုးဖို့ အတွက် မိန်းကလေးရော ယောက်ျားလေးရော အသက်( ၂၀ ) ဆိုရင် ရပါပြီ။
နှစ်ဦးစလုံး အပျို လူပျို သို့မဟုတ် တရားဝင် လက်ထပ် ထိမ်းမြားထားခြင်း ရှိမထားရပါဘူး။နှစ်ဦးစလုံး မြန်မာနိုင်ငံသားများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေဆို အခက်ခဲမရှိ တရားရုံးက လက်ထပ်ပေးပါတယ် ။


       နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အသိသက်သေ နှစ်ယောက်တော့ လိုအပ်ပါတယ်။
တရားရုံးက လက်ထပ်မဲ့သူ နှစ်ဦးကို မိမိတို့ရဲ့ သဘောဆန္ဒအရ လာရောက်လက်ထပ်ခြင်း ဟုတ် မဟုတ် မေးမြန်းပြီး သေချာရင် တရားရုံးမှတ်တမ်းမှာ လက်မှတ်ထိုးမဲ့သူ နှစ်ဦးနဲ့ သက်သေတွေရဲ့ အမည် မှတ်ပုံတင်များကို ဖြည့်သွင်း လက်မှတ် ရေးထိုးစေပါတယ်။
    ပြီးရင် လက်ထပ်စာချုပ်မှာ လက်ထပ်မဲ့သူ နှစ်ဦးနဲ့ အသိသက်သေကို လက်မှတ် ရေးထိုးစေပါတယ် ။ အဲဒါပြီးရင် လက်ထပ်စာချုပ်မှာ အခွင့်ရ တရားသူကြီးက လက်မှတ် ရေးထိုးပေးပြီး တရားရုံးမှတ်ပုံတင်အမှတ် တခါတည်း ရေးမှတ်ပေးပါတယ် ။ဒါဆိုရင် တရားဝင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်း ဘယ်လိုလုပ်ရမလဲ ဘယ်သူ့ဆီမှာ ရေးထိုးရမလဲ ဆိုတာ သိနိုင်လောက်ပါပြီ။


          ဒီနေရာမှာ တချို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လက်ထပ်စာချုပ် ချုပ်လို့ မရဘူးလား ၊ ရှေ့နေတွေဆီမှာ နှစ်ယောက်ထဲ လက်မှတ် ရေးထိုးလို့ မရဘူးလား မေးမြန်းသူတွေ ရှိပါတယ် ။ ဗုဒ္ဓဘာသာဝင်တွေ ထိမ်းမြား လက်ထပ်ခြင်းက အရမ်းကိုလွယ်ကူ ရိုးရှင်းပါတယ် ။ ရပ်ကွက်ထဲမှာ အရှေ့( ၇ ) အိမ် ၊ အနောက် ( ၇ ) အိမ် အသိပေးပြီး ပေါင်းသင်းနေထိုင်ရင် ၊ ဒါမှမဟုတ် ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ အများအမြင်မှာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက လင်မယားကဲ့သို့ ပြုမူနေထိုင်ရင် ဘာစာချုပ်စာတမ်းမှ မလိုပဲ လင်မယားများ ဖြစ်ကြောင်း မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ သတ်မှတ်လို့ ရပါတယ် ။ 

စာချုပ်စာတမ်းနဲ့ တရားဝင် လက်ထပ်ချင်ရင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီမှာ လက်မှတ် ရေးထိုးလို့ မရပါဘူး ။ အလွယ်ရတယ်လို့ ပြောနေကြတာက လင်မယား ဖြစ်ကြောင်း အဲ့စာချုပ်က သက်သေခံ အဖြစ် တရားရုံးမှာ အမှုကိစ္စကြုံရင် အသုံးပြုလို့ ရနေလို့ပါ။


           နောက်ထပ်တစ်ခုက ထိမ်းမြားလက်ထပ် ကိစ္စလိုပဲ နှစ်ဦးသဘောတူ တရားဝင် ကွာရှင်းချင်ရင်လည်း တရားရုံးမှာပဲ ပြုလုပ်ရမှာပါ ။ တရားသူကြီးကပဲ ကွာရှင်းပေးပိုင်ခွင့် ရှိပါတယ် ။ လင် နဲ့ မယား တရားဝင် မကွာရှင်းသရွေ့  နှစ်တွေဘယ်လောက်ကြာကြာ ခွဲခွာနေထိုင်စေဦးတော့ လင်မယားအဖြစ်ပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ် ။ သုံးနှစ်ဆိုရင် လင်ခန်း မယားခန်း ပြတ်တယ်ဆိုတာ မဟုတ်ပါဘူး ။ တရားဝင် ကွာရှင်းမှ လင်ခန်း မယားခန်း ပြတ်တာပါ ။
တစ်ဦး နဲ့တစ်ဦး နှစ်တွေအတော်ကြာ မထောက်ပံ့ပဲ ဘယ်လောက်ပဲ ခွဲခွာနေနေ အလိုလို လင်မယား ကွာရှင်းသွားတယ်လို့ ဘယ်ဥပဒေ ပြဌာန်းချက်မှ မရှိပါဘူး ။


        ဒီနေရာမှာ တချို့မိန်းကလေးတွေ အိမ်ကမသိပဲ ကိုယ့်သဘောနဲ့ကိုယ် နှစ်ဦးသဘောတူ လက်ထပ်စာချုပ် ပြုလုပ်ပြီးသွားမှ အကြောင်း မတိုက်ဆိုင်တော့ တဖက်ကို ပြန်ကွာချင် တဖက်ကလည်း တမင်ကွာမပေးတဲ့ အဖြစ်မျိုးတွေနဲ့လဲ ကြုံတွေ့ရပါတယ်။ဒါကြောင့်မို့ လက်ထပ်စာချုပ် ချုပ်တော့မယ်ဆိုရင်လည်း သေချာ စဉ်းစားပြီးမှ လက်မှတ် ရေးထိုးစေချင်ပါတယ်။ တကယ်လို့ လက်ထပ်စာချုပ်မှာ တရားဝင် လက်မှတ်ရေးထိုးပြီးလို့ အကြောင်း မတိုက်ဆိုင်တော့ရင်လည်း သူလဲသူ့ဘာသာနေ ငါလဲငါဘာသာ နေလိုက်ရင် ပြီးတာပဲလို့ အလွယ် မသတ်မှတ်စေချင်ဘူး ။ တစ်လင်တစ်မယား ဥပဒေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေက နောက်မှာ တမ်းစီရှိနေတာမို့ တရားရုံးမှာပဲ တရားဝင် ပြန်ကွာရှင်းကြပါလို့ ပြောချင်ပါတယ်။
Credit - မူရင်းရေးသားသူ
 

 Credit ( ဥပဒေ ရေးရာ )

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate