မယားစရိတ်ရလိုမှု =========== (က) တရားလိုအမည်နှင့် နေရပ်လိပ်စာ၊ ( ခ ) စုံစမ်းသိရှိနိုင်သမျှ တရားပြိုင်အမည်နှင့် နေရပ်လိပ်စာ ၊

မယားစရိတ်ရလိုမှု =========== (က) တရားလိုအမည်နှင့် နေရပ်လိပ်စာ၊ ( ခ ) စုံစမ်းသိရှိနိုင်သမျှ တရားပြိုင်အမည်နှင့် နေရပ်လိပ်စာ ၊

မယားစရိတ်ရလိုမှု
===========


( က ) တရားလို အမည်နှင့် နေရပ်လိပ်စာ ၊
(  ခ  ) စုံစမ်း သိရှိနိုင်သမျှ တရားပြိုင် အမည်နှင့် နေရပ်လိပ်စာ ၊
( ဂ )   တရားလို ( သို့မဟုတ် ) တရားပြိုင်သည် အရွယ်မရောက်သေးသူ ( သို့မဟုတ် ) စိတ်ပေါ့သွပ်သူဖြစ်က ဖော်ပြရန် ၊
( ဃ ) အမှုဖြစ် အကြောင်းခြင်းရာ
          မြန်မာဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦး ပေါင်းသင်းပြီးနောက် သားသမီးရ၍ လင်ဖြစ်သူ တစ်သီးတစ်ခြား နေ၍ မယား                 အား မထောက်ပံ့က မယားစရိတ်ရလိုမှု စွဲနိုင်ပါသည်။


( င )  အမှုစွဲဆိုနိုင်ရန် အကြောင်း ပေါ်ပေါက်သည့် အချိန်
         လင်ဖြစ်သူမှ စရိတ် မထောက်ပံ့သည့် အချိန်မှစ၍ တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ပါသည်။
( စ )  အမှုစွဲဆိုရမည့် အချိန်ကာလ
         အချိန် သတ်မှတ်ထားခြင်း မရှိပါ ။ လင်မယား ပြတ်စဲခြင်း မရှိသမျှ ကာလအတွင်း တရားစွဲဆို နိုင်ပါသည် ။ ( ကာလ                  စည်းကမ်းသတ် ဥပဒေ ဇယား -၂ တွင် တစ်သီးတစ်ခြား ဖော်ပြထားမရှိပါ ။ လင်မယား ဆက်သွယ်မှုရှိသမျှ ကာလ                  အတွင်း စွဲနိုင်သည် ။ )
( ဆ ) အမှု စွဲဆိုရမည့် တရားရုံး
          တရားပြိုင် နေထိုင်ရာအရပ် ( သို့မဟုတ် ) တရားလိုကို နောက်ဆုံး ခွဲခွာသွားသော အရပ်ရှိ တရားရုံး၌ တရားစွဲဆိုရမည်။ 

           [ တရားမကျင့်ထုံး ပုဒ်မ -၂၀ ( က )  ]


( ဇ )  စီရင်ပိုင်ခွင့် နှင့် ရုံးခွန်ကိစ္စ အလို့ငှာ အမှုတန်ဖိုး
        တရားလို စွဲဆိုတောင်းခံသည့် လခနှုန်းဖြင့် ( ၁၂ ) အတွက် ကျသင့်ငွေ၏ ( ၁၀ ) ဆကို အမှုတန်ဖိုး အဖြစ် ထားရှိရပါမည် ။          [ ရုံးခွန် အက်ဥပဒေ ပုဒ်မ - ၇ ( ၂ ) ထောက်ပံ့ကြေး ( သို့ ) စားစရိတ် နှစ်စဉ်ကြေးနှင့် ကာလ အပိုင်းအခြား အလိုက် စွဲဆို               သောအမှု ]
(  စျ )  ထမ်းဆောင်ရမည့် ရုံးခွန်
           အမှုတန်ဖိုး အပေါ် ရုံးခွန် ထမ်းဆောင်ရပါမည်။
            ( ရုံးခွန် ဇယား - ၁ ) ပုံသေနှုန်း ၊ စာပိုဒ် - ၁၇ ( ၆ ) ။


( ည )  တောင်းဆိုနိုင်သည့် သက်သာခွင့်
  ၁ ။   မယားစရိတ် အတွက် ဒီကရီ ချမှတ်ပေးရန် ၊
  ၂ ။   တရားစရိတ် တောင်းခံရန် ၊


( ဋ )  သက်သေပြရန်
   ၁ ။   တရားပြိုင်သည် အကြောင်းမဲ့ တစ်သီးတစ်ခြား နေကြောင်း ၊
   ၂ ။  တရားလိုအား ထောက်ပံ့ခြင်း မရှိကြောင်း ၊
( ဌ ) သက်ဆိုင်သည့် ဥပဒေ
        မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ ။


မှတ်ချက်
=====


( ၁ ) မယားစရိတ် ရလိုကြောင်း စွဲဆိုမှုတွင် ကလေးစရိတ်ကိုပါ တစ်ပါတည်း ထည့်သွင်း စွဲဆို၍ မရပါ ။ သို့သော် ကလေးမှာ               မိခင်နှင့်အတူ နေသဖြင့် မယားစရိတ် သတ်မှတ်ရာ၌ တိုးမြှင့် သတ်မှတ်ပေးနိုင်ပါသည် ။
( ၂ ) မယားစရိတ် ရလိုကြောင်း ရာဇဝတ်ကြောင်းအရ ပြစ်မှုကျင့်ထုံးပုဒ်မ - ၄၈၈ ဖြင့် ရုံးခွန် ၅ိ / - ထမ်းဆောင်၍ စွဲဆိုနိုင်                    ပါသည် ။ ( ၁၀ဝိ /- ) ထက် ပိုတောင်းခွင့် မရှိပါ ။


( ၃ ) တရားမကြောင်းတွင် ဥပဒေအရ နိဿိတ ( မှီခိုသူ ) ၏ အခွင့်အရေး (   သုံးပုံတစ်ပုံ   ) တောင်းခွင့် ရှိပါသည် ။ ဒုတိယ                 မယားရှိက  ခြောက်ပုံတစ်ပုံ သာ ရခွင့်ရှိပါသည် ။
( ၄ ) အမှု စတင် စွဲဆိုသည့်အချိန်မှ စ၍ မယားစရိတ် ရခွင့်သာ ရှိပါသည်။


( ၅ ) ဒီကရီကျသည့် အခါ လင်၏ လစာဝင်ငွေအပေါ် တရားမကျင့်ထုံး အမိန့်  - ၂၁ ၊ နည်း ( ၄၈ ) အရ ဝရမ်း ဖမ်းနိုင်ပါသည်။
( ၆ ) မယားသည် မိမိကိုယ်တိုင် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်သော ကာလအပိုင်းအခြား အတွက် စားစရိတ်              တောင်းခွင့် မရှိပါ ။


( ၇ ) စားစရိတ်မပေး ပျက်ကွက်က လင်ပိုင်ပစ္စည်းကို ရောင်းချပြီး ရရှိသည့်ငွေမှ စားစရိတ်ရရန် အတွက် လျှောက်ထားနိုင်သည်။        တရားစွဲဆိုခြင်း မပြုဘဲ ဒီကရီကို အတည်ပြုပေးရန် လျှောက်ထား ရပါမည် ။

   [ အညွှန်း - ဦးမြင့်လွင် ( တရားလွှတ်တော်ရှေ့နေ ) ၊ တရားမ အဆိုလွှာ ၁၀၀ ၊ ပထမအကြိမ် ၊ ၂၀၁၁ စက်တင်ဘာ ၊ စာ ၂၆၀  ]   /
(Zawgyi)


 

Credit ( ဥပဒေရေးရာ )

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate