အိမ် ခြံ မြေ အမွေရဖို့ သေချာတဲ့နည်း လုပ်နည်း လွယ်လွယ်လေးပါ ။ ( သိပ်ပြီးတော့ ထိရောက်ပါတယ်) မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ် ခြံ မြေ အမွေမှု မဖြစ်နိုင်တော့ဘူး။

အိမ် ခြံ မြေ အမွေရဖို့ သေချာတဲ့နည်း လုပ်နည်း လွယ်လွယ်လေးပါ ။ ( သိပ်ပြီးတော့ ထိရောက်ပါတယ်) မိသားစုစီမံမှု  လုပ်ထားရင် မိသားစုတွင်းမှာ အိမ် ခြံ မြေ အမွေမှု မဖြစ်နိုင်တော့ဘူး။

    အိမ် ခြံ မြေ အမွေရဖို့ သေချာတဲ့နည်း
လုပ်နည်း လွယ်လွယ်လေးပါ ။ ( သိပ်ပြီးတော့ ထိရောက်ပါတယ် )
မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ် ခြံ မြေ အမွေမှု မဖြစ်နိုင်တော့ဘူး။


      ဒါကြောင့် မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်း ခဲ့ကြတယ် ။ ပညာ ပေးခဲ့ကြတယ် ။ အဲဒါ နှစ် ( ၁၀၀ ) ကျော် တိုင်ခဲ့ပြီ ။ ( သို့သော် တချို့တချို့တွေကတော့ ဖုံးကြတယ် ။  ဖွက် ကြတယ် ။  ပညာပေးတဲ့သူက တစ်ဖွဲ့ ၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ )


      ပစ္စည်းရှင် ကွယ်လွန်ပြီးနောက် အိမ် ခြံ မြေ အမွေ များကို မည်သို့ ခွဲဝေယူကြရမည် ဆိုသော မိသားတစ်စု၏  စီမံမှုကို မိသားစုစီမံမှု ဟုခေါ် ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ရ၂၇ ၊ စီရင်ထုံး နှင့် ဒေါက်တာ ဦးမောင်မောင် ၊ မြန်မာဓလေ့ထုံး ၁၉၆၃ / ၁၀၄ အပြင် စီရင်ထုံး များစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည် ။


      မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါဝင် ချုပ်ဆို ရေးသားခွင့် မရှိဟု ဦးညွန့်မောင် / ဒေါ်မြရွှေ ၁၉၇၄ တရားမ ဒုတိယ အယူခံ အမှတ် - ၃၃ မှာလည်း စီရင်ထားပါတယ်။
မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့် မရှိ ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း ၊ မပန်းစီ / မလှရင် ၊ ၁၉၆၃ မတစ ၊ ၈၀၀ ( ၈၀၈ ) တွင် ပါရှိပါတယ် ။


      မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့် အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ / မစောရှင် ၁၉၄၉ မတစ ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကို တွေ့ နိုင်ပါသည် ။
 

 Credit ( ဥပဒေရေးရာ )

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate