တစ်လောက မန္တလေး တိုင်းဒေသကြီး ၊ ပြင်ဦးလွင် မြို့နယ် ၊ မေမြို့ ထင်းကြိုးဝိုင်း အတွင်း ခွင့်ပြုချက် တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော် ဝင်ရောက်၍ ကျောက်တိုင် စိုက် / သွပ်ဆူး ကြိုးကာ ရံခြင်း ၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာ ဆောက်လုပ် ထားခြင်းများ

30-Sep-22 အခြား
တစ်လောက မန္တလေး တိုင်းဒေသကြီး ၊  ပြင်ဦးလွင် မြို့နယ် ၊  မေမြို့ ထင်းကြိုးဝိုင်း အတွင်း ခွင့်ပြုချက် တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော် ဝင်ရောက်၍ ကျောက်တိုင် စိုက် / သွပ်ဆူး ကြိုးကာ ရံခြင်း ၊  အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာ ဆောက်လုပ် ထားခြင်းများ

          တစ်လောက မန္တလေး တိုင်းဒေသကြီး ၊  ပြင်ဦးလွင် မြို့နယ် ၊  မေမြို့ ထင်းကြိုးဝိုင်း အတွင်း ခွင့်ပြုချက် တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော် ဝင်ရောက်၍ ကျောက်တိုင်စိုက် / သွပ်ဆူးကြိုး ကာရံခြင်း ၊  အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ် ထားခြင်း များ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင် ဆောင်ရွက် နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာနက ထုတ်ပြန် ကြေညာတာ တွေ့လိုက် ရတယ် ။ ယခုလည်း ထပ်မံ တွေ့ရှိ ပါတယ် ။ 


         ပြင်ဦးလွင် မြို့နယ် ၊ သစ်တော ကြိုးဝိုင်း အတွင်း ပါဝင်သော မြေကွက်များကို မြေကွက် ပေ ၄၀  x  ပေ ၆၀ အကွက် တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ် အဝန်းနှင့် နေရာကိုလိုက်၍ သိန်းရာ ကျော်အထိ စျေးပေါက်၍ အရောင်းအဝယ် လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရ ပါတယ် ။


        ပြင်ဦးလွင် တွင် မြေကွက်များကို အကွက် ရိုက်၍ စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချမှုများ ၂၀၁၅ ခုနှစ်မှ စတင်၍ ခေတ်စားလာပြီး အနယ်နယ် အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက် ဝယ်ယူမှုများ  ရှိကြောင်း ၊ အဓိက အားဖြင့် အရပ်စာချုပ် များဖြင့် ဝယ်ယူ ရောင်းချမှုများရှိကြောင်း ၊  အထူးသဖြင့် လူမှု ကွန်ရက်တွင် စျေးပေါပေါ ဖြင့် ပြင်ဦးလွင် မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ် နေကြောင်း ရန်ကုန် အခြေစိုက် အကျိုးဆောင် များက ဆိုပါတယ် ။


          “တကယ်တော့ အရပ် စာချုပ်တွေ နဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင် ဘက်မှာ တော်တော် များတယ် ။ တချို့စာချုပ်တွေမှာက ဒေသက ကျေးရွာ ရပ်ကွက် လူတွေနဲ့ပဲ လက်မှတ်ထိုး ရောင်းကြတာ ၊ အခုတော့ သစ်တော ဘက်က ဒီလို စပြီး ကြေညာတာကြောင့် ကျနော် ထင်ပါတယ် အတော် များများ ဆုံးရှုံးမှု တွေတော့ ကြုံရမယ့် အခြေအနေပါပဲ ” ဟု စကားဝါ အိမ်ခြံမြေ အကျိုးဆောင်ဦးလွင်က ဆိုပါတယ် ။


ဒါကြောင့် မြေကွက် ဝယ်ယူမယ် ဆိုရင်
၁ ။ မြေ အမျိုးအစား
၂ ။ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား
၃ ။ တရားဝင် ရောင်း ဝယ်မှု ဖြစ် / မဖြစ်
၄ ။ မိမိ အမည်ပေါက် ဆောင်ရွက်မှု စသည်ဖြင့် စနစ်တကျ ဆောင်ရွက် ရမည် ဖြစ်ပါကြေင်း ၊  ဒီလိုမှ မဟုတ်ရင်တော့ အခုလို ဆုံးရှုံးနစ်နာမှုများ ၊  တရား ရင်ဆိုင် ဖြေရှင်းရ မှုများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ် ။


မြေဝယ်ယူ မည်ဆို ပါက
         မြေ ပိုင်ရှင် ၏ စာချုပ် စာတန်း သမိုင်း ကောက်ကြောင်း အားစုံစမ်းပါ ၊  အမွေဆိုင် များရှိ ပါက ထိုသူများအား ရောင်းရန် သဘောတူ ကြောင်းအား မိမိ ( ရှေ့နေ  ) အရှေ့ တွင် ခံဝန်လက်မှတ် ရေးထိုး ခိုင်းပါ ။ ပေါင်နှံ ထားခြင်း ရှိ မရှိအားစစ်ဆေးပါ ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/ မဟုတ် ကြောင်းကို ပြေစာ ( စလစ် ) တွင် စစ်ဆေး နိုင်ပါသည် ။ သစ်တော မြေ ဆိုပါက မြေဦးပိုင် မှာ ( L ) စာလုံး ပါမည် ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည် ) စိုက်ပျိုးမြေ ဆိုပါက ပြေစာ ( စလစ် ) တွင် ( စ ) စာလုံးပါ မည် ။ မဝယ်ပါက ပို၍ ကောင်းမည် ။ လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ ၊ ပုံစံ( 7 ) တစ်မျိုး တည်းသာ ပါမည်ဆိုပါက လယ် တစ်မျိုးတည်း စိုက်ပျိုး ခွင့်သာ ရှိပါသည် ။


‌ဗဟုသုတကျေးရွာ Page မှသတင်းအားပြင်ဆင်ဖြည့်စွက် ရေးသားပါသည်။
Photo Crd
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate