အခုတစ်လော ကျပ်ငွေ တန်ဖိုးကျဆင်းလာမှုနဲ့အတူ အိမ်ခြံမြေ အရောင်းအဝယ်တွေက “ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။

အခုတစ်လော ကျပ်ငွေ တန်ဖိုးကျဆင်းလာမှုနဲ့အတူ အိမ်ခြံမြေ အရောင်းအဝယ်တွေက  “ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။

            အခု တစ်လော ကျပ်ငွေ တန်ဖိုး ကျဆင်းလာမှု နဲ့အတူ အိမ် ခြံ မြေ အရောင်း အဝယ်တွေက “ဖုတ်ပူ မီးတိုက် ” ဆိုသလိုပါပဲ ။ ချက်ချင်း စာရွက် စာတမ်း စစ်စျေးညှိ နှိုင်းရန် ချလုပ် ကြပါတယ် ။ “အခုပဲ စာချုပ်ချုပ် ချင်လို့ ဆရာ အမြန်လာ ပေးပါဆို ပြီးကြိမ် စကြာနဲ့ ရိုက်ခေါ် သလိုပဲ ။ အရောင်း အဝယ်လုပ်မယ့် နေရာကို အချိန်မီ အရောက် ပြေးရတယ် ။ ယနေ့ စရန်ပေး စာချုပ်အား အကျင်းချူပ်ပေးခဲ့ပါတယ် ။ ကန်ထရိုက်တာ ဖက်ခြမ်း ဝယ်ယူတာ ဖြစ်တဲ့အတွက် ကန်ထရိုက် တိုက်ခန်း ဝယ်ရင် ဘာတွေ လုပ်ဆောင် ရမလဲဆိုတာဆရာကြီးထီုယု ဆောင်းပါးနဲ့ ဖော်ပြ ပေးလိုက် ပါတယ် ။  '' တိုက်ခန်း အရောင်း အဝယ်မှာ အခွန်ဆောင် ရပါသလား ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးလာ ပါသည် ။ '' တိုက်ခန်း ဝယ်ရောင်း လုပ်ဖို့ စိတ်ကူးလို့လား '' စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်း ဖြစ်သည် ။ '' ဝယ် ရောင်းဆိုတဲ့ ရည်ရွယ် ချက်နဲ့တော့ မဟုတ်ဘူး ။ 

 

            ဒါပေမယ့် '' '' အကြမ်းဖျင်း ပြောပြပါဦး ၊  ဘယ်အချက် တွေကို စုံစမ်း မေးမြန်း ထားရမယ် ဆိုတာ '' '' အခုဝယ် မယ်လို့ စဉ်းစားထားတဲ့ အဆောက် အအုံက အသစ်လား ၊ လူနေပြီးသား တိုက်ခန်း တွေလား '' ''အသစ်ပဲ ၊  အခုမှ ဆောက်ပြီးတာ တစ်လခန့်ပဲရှိမယ် ထင်တယ် '' ''ကန်ထရိုက်တာ ရမယ့် အခန်းများ ထဲက တစ်ခန်းကို ပြောတာပဲ '' ''ကန်ထရိုက်တာ အခန်းဆို ရင်တော့ နည်းနည်းသတိထားဖို့ လိုတယ်၊ ဆောက်လုပ်ရေး လုပ်နေစဉ် ငွေအရင်းအနှီး ပြတ်သွားလို့ ပေါင်နှံထားတဲ့ အခန်းတွေ ရှိတတ်တယ် ။ 

 

         ရေမီးစုံ မစုံ ၊ မော်တာ ၊ မီတာ သီးခြားစီရှိ မရှိ စိစစ်ဖို့ လိုတယ်'' ''ရေက အဝီစိတွင်းလို့ ပြောတယ် ။ တိုက်ခန်း တိုင်းမှာ မော်တာ တစ်လုံးစီ၊ မီတာတစ်ခုစီတပ်ပေးထားတယ်လို့ သိရတယ်''''သူငယ်ချင်း''''အဲဒါတော့ မေးမထားမိဘူး''''အေး-အဲဒါက အဓိကပဲ၊ လူ နေထိုင်ခွင့် မရသေးဘဲ တက်နေကြတာ အများကြီးဖြစ်နေတယ်''''လျှောက်ထားဆဲဆိုရင် ဖြစ်သလား'' ''ဒါလည်း သေချာမေးကြည့်ဖို့လိုမယ်၊ လျှောက်ထားတဲ့ စာရွက်စာတမ်းတွေကြည့်ရရင်တော့ သေချာတာပေါ့''''နေထိုင်ခွင့်မရဘဲနေမိရင် ဘာဖြစ်တတ်သလဲ''''ဥပဒေကတော့ ဖယ်ရှားတဲ့ အထိ လုပ်ပိုင်ခွင့်ရှိတယ်။ ဒဏ်ငွေ ဆောင်ပြီး နေထိုင်ခွင့်အမိန့် လျှောက်တာလည်းရှိပါတယ်''''ဒါက ကန်ထရိုက်တာက လုပ်ပေးရမှာ မဟုတ်လား''''ကန်ထရိုက်တာက ကုန်ကျစရိတ် မခံနိုင်တာနဲ့ အခန်းတွေ အပ်ပြီး ထွက်သွားတာတွေ အမျိုး မျိုးရှိတယ်။ 

 

            ဒီ အချက်က နောက်တော့ ထပ်ဆွေးနွေး တာပေါ့ ၊ အခု သူငယ်ချင်း ပြောတဲ့ အခွန်အကြောင်း ဆွေးနွေး ရအောင် '' ''ကောင်းပါတယ် သူငယ်ချင်း'' '' ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေမှာ နိုင်ငံသား မည်သူမဆို ၊ အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊တည်ဆောက်ခြင်း ရယူခြင်းနှင့် လုပ်ငန်းသစ်တည်ထောင်ခြင်း၊ လုပ်ငန်းသစ်ထပ်မံ တိုးချဲ့ခြင်း ကိစ္စရပ် တွေမှာ အခွန်ကောက် ခံတဲ့ နှုန်းထားတွေ ပြဋ္ဌာန်း ထားတယ်'' ''အခြေပစ္စည်း ဆိုတာက ဘာကို ဆိုလိုတာလဲ'' ''အိမ် ခြံ မြေ ၊ တိုက်ခန်းကို ဆိုလိုတာ ဖြစ်တယ် ။ ဒါကြောင့် တိုက်ခန်း ဝယ်ရင် ဥပဒေ အရတော့ အခွန်ပေး ဆောင်ရမှာ ပဲဖြစ်တယ် '' '' အချို့လည်း ဝယ်ခွန် မဆောင်ဘဲ နေကြတာ တွေရှိတယ် မဟုတ်လား '' '' မှန်ပါတယ် ။


            များသော အားဖြင့် တိုက်ခန်း ရောင်းဝယ်တဲ့ အခါမှာ ဝယ်ခွန် မဆောင်ဘဲ နေကြတာ များပါတယ် ။ မြေကွက် ကိစ္စတွေ ကတော့ အမည်ပေါက် ပြောင်းမယ် ဆိုရင် ဝယ်ခွန်ဆောင် ပြီးသား ပြေစာပါမှ ဆောင်ရွက် ပေးတာဖြစ်လို့ မဖြစ်မနေ ဝယ်ခွန် ဆောင်ကြတာ ဖြစ်တယ် ။ တိုက်ခန်း တွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်း လုပ်ထုံး လုပ်နည်း ထုတ်ပြန် ထားတာမတွေ့ ရဘူး ။ ဒီ အချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ် နေကြတာ ဖြစ်တယ် '' '' သက်ဆိုင်ရာ ဝန်ကြီးဌာန  က  မြေကွက်တန်ဖိုး စံနှုန်း သတ်မှတ် ပေးတာရှိတယ် မဟုတ်လား'' ''ရှိတယ် ၊ အဲဒီစံနှုန်း ပေါ် မူတည်ပြီး တန်ဖိုးဖြတ် တာဖြစ်တယ် '' 

 

       '' ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ် ပေးတာ ရှိမှာပေါ့ '' ''ရှိတာပေါ့ ၊ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ် အလိုက် တိုက်ခန်း အထပ်ပေါ်  မူတည်ပြီး တစ်စတုရန်းပေ ပေါ်မှာ တန်ဖိုး စံနှုန်း သတ်မှတ် ပေးထား ပါတယ် '' '' ဝယ်ခွန်ဆောင် မယ်ဆိုရင် အခုသတ်မှတ် ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြရမှာပေါ့ '' '' မှန်ပါတယ် ။ ဝယ်ခွန်ဆောင် မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုး ဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း ( ၃ဝ ) အတွင်း လျှောက်ထား ရပါတယ် ။ 

 

           အဲဒီ ရက်ကျော် ရင်တော့ ဒဏ်ငွေ ပေးဆောင် ရမှာ ဖြစ်တယ် '' '' အရောင်း အဝယ် စာချုပ် တင်ပြ ရတာပေါ့ '' '' မှန်ပါတယ် ၊ အရောင်း အဝယ် စာချုပ်နဲ့ အတူ ဝယ်သူ ကိုယ်တိုင် သွားရောက်ပြီး တန်ဖိုးဖြတ် ပေးဖို့ လျှောက်လွှာ ဖြည့်စွက် တင်သွင်းရမှာ ဖြစ်တယ် ။ အခက်အခဲ မရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီ ပေးသွားမှာ ဖြစ်တယ် '' ''ဝယ်ခွန် ဆောင်ရင် ဘယ်လို အကျိုး ကျေးဇူး ရနိုင်မလဲ '' '' ဒါကတော့ ရှင်းပါတယ် ။  ပထမဆုံး အချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာ ဖြစ်ပါ တယ်'' '' ပြန်ရောင်းရင် ဘယ်လို ဖြစ်နိုင်သလဲ '' '' ပြန်ရောင်း ရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့ အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ် ။ 

 

         ရောင်းရ ငွေပေါ်မှာ ဆောင်ရမှာ မဟုတ်ဘူး'' '' ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက် ရင်တော့ ဝယ်ခွန်ဆောင်တာ က ကောင်းတာ ပေါ့နော် '' ‘’မှန်ပါတယ် ။ အချို့ တိုက်ခန်း တွေမှာ ပေါင်နှံထား တာတွေ ၊ အရောင်းထပ် နေတာတွေ ဖြစ်တတ်တယ် ။ အဲဒီလို အခြေအနေမျိုးမှာ ဆိုရင် ဝယ်ခွန်ပေး ဆောင်ထားသူက ပိုင်ဆိုင်ခွင့် ရမှာမို့ အကောင်းဆုံး ကတော့ ဝယ်ခွန်ပေး ဆောင်ထားတာ အကောင်းဆုံးပဲ သူငယ်ချင်း '' ဟု အကြုံပြု ဆွေးနွေးပေး လိုက်ပါသည် ။


ထီယု (  ဥပဒေ အတိုင်ပင်ခံ )


 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate