လူနေထိုင်ခွင့် မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်

လူနေထိုင်ခွင့် မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်

လူနေထိုင်ခွင့် မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်
“တိုက်ခန်း တစ်ခန်းမှာ ကျွန်တော် ငှားနေတယ် ဆရာ ။ အဲဒီတိုက်ခန်းက ဘီစီစီ လူနေခွင့် မကျသေးဘူးလို့ သိရတယ်။ အဲဒါ ဘယ်လိုဖြစ်နိုင်ပါသလဲ ။ ကျွန်တော်တို့ အိမ်ခန်းက ပြန်ဆင်းပေးရမှာလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။


“လူနေခွင့် မကျသေးတဲ့ အဆောက်အအုံဆိုတာ တိုက်ခန်းကို ငှားနေပြီးမှ သိတာပေါ့”
“ဟုတ်ပါတယ် ဆရာ။ ငွေပြန် အမ်းယူပြီး ဆင်းပေါ့လို့ ပြောကြတယ်။ အဲဒီလို လုပ်ပိုင်ခွင့် ရှိပါသလား”
“ဘယ်နှလစာ ငှားထားလို့လဲ”
“တစ်နှစ်စာချုပ် ဆရာ”
“အခု ဘယ်နှလခန့် ရှိပြီလဲ”
“နှစ်လပြည့်ပြီ ဆိုပါတော့”


“ဥပဒေအရ ဆိုရင်တော့ လူနေထိုင်ခွင့်ရမှ အဆောက်အအုံထဲမှာ ဝင်ရောက်နေထိုင်ခွင့် ရှိမှာ ဖြစ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့် မရသေးဘဲ အဆောက်အအုံထဲ ဝင်နေကြတာလည်း ရှိနေကြတယ်”
“ကန်ထရိုက်က ဆက်မဆောက် နိုင်တော့ဘဲ ထားခဲ့တာလို့ သိရတယ်”
“ငှားနေတဲ့ အခန်းအခြေအနေက ဘယ်လိုရှိသလဲ”
“ရေမီးအစုံ ပြည့်စုံပါတယ် ဆရာ။ဆေးတော့ အတွင်းပိုင်း ပြန်သုတ်ထားတာတော့ ရှိတယ်”
“ဘေးတံခါးတွေ ပြည့်စုံရဲ့လား”
“ဘေးပြတင်းပေါက်တွေကတော့ ဆလိုက်ဒိုး အလူမီနီယံ တံခါးတွေပါ ဆရာ”
“အင်း … ဒါဆိုရင် အဆင်ပြေသေးတယ် ဆိုရမယ် ။ အချို့အိမ်တွေဆိုရင် ဘေးပြတင်းပေါက်တွေမှာ တံခါး တပ်မထားကြဘူး။ လုပ်လက်စ ပုံစံအတိုင်းထားပြီး အငှားချထားသူတွေလည်း ရှိတယ်”


“အငှားနေသူက ပြင်ဆင်ပြီး နေရတဲ့ သဘောလား ဆရာ”
“အချို့ အိမ်ရှင်တွေက စပေါ်ငွေ ယူပြီး နည်းနည်းပါးပါး ပြင်ဆင်ပေးတာမျိုးတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အပျောက်စနစ်နဲ့ တိုက်ခန်း          ဝယ်တာ မဟုတ်တဲ့အတွက် မိမိအပေါ်  တိုက်ရိုက် တာဝန်ရှိတယ်လို့တော့ သတ်မှတ်လို့ မရဘူး”
“ဟုတ်ကဲ့ ဆရာ ။ အစကတော့ တိုက်ခန်းကို ဝယ်ဖို့ပဲ ဆရာ ။ ဇနီးဖြစ်သူမှာက ကိုယ်ဝန်ရှိတော့ ကျွန်တော် သင်္ဘောတက်သွားရင် သူ့       မိဘဆီ ပြန်နေရမှာ ဆိုတာနဲ့ မဝယ်ဖြစ်တာ ဆရာ”
“ဒါလည်း ကံကောင်းခြင်း တစ်ရပ်လို့ ပြောရမှာ”
“ဟုတ်ကဲ့ပါ ဆရာ ။ တကယ်လို့ စည်ပင်သာယာက လာစစ်ပြီး လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေတာကို သိရင် အရေးယူနိုင်သလား             ဆရာ”


“တိုင်တန်းသူ ရှိလာရင်တော့ ဖြစ်နိုင်ပါတယ်”
“ဘာမှတော့ ပြဿနာရှိပုံ မရဘူး ဆရာ။ ကျွန်တော်တို့လိုပဲ အိမ်ငှား နေထိုင်တဲ့သူတွေ အဲဒီတိုက်မှာ သုံးခန်းလား လေးခန်းလား ရှိတယ်”
“ရပ်ကွက်နဲ့ ပတ်ဝန်းကျင် ကောင်းတော့ အဆင်ပြေနေတာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူနေခွင့် လက်မှတ်ရအောင်တော့ မြေရှင်

   အနေနဲ့ လုပ်ထားသင့်တယ်။ ဒါမှ ရေရှည် ကောင်းမှာကိုး”
“ဟုတ်ကဲ့ မြေရှင်ကို မေးကြည့်တော့ အခွန်အခတွေက အများကြီးဆောင်ရမှာ ဖြစ်လို့ ဒီအတိုင်းပဲ ထားလိုက်တယ် ပြောတယ်”
“တိုက်ခန်းဝယ်ထားသူတွေနဲ့  ညှိနှိုင်းပြီး အခွန်ပေးဆောင်ကြရမှာ ဖြစ်တယ်။ အချို့ တိုက်ခန်းပိုင်ရှင် တွေကလည်း လူနေထိုင်ခွင့် ကိစ္စကို  မြေရှင်က တာဝန်ယူ လုပ်ဆောင်ပေးရမှာ ဆိုပြီး မသိသလို နေကြတာလည်း ရှိတယ်”


“ဆရာပြောသလို ကျွန်တော်က အိမ်ငှားဆိုတော့ တိုက်ရိုက် သက်ဆိုင်မှု မရှိဘူး ဆိုပေမယ့် ဥပဒေအရ ဘယ်လို ရှိနိုင်သလဲဆိုတာ              ဗဟုသုတ အဖြစ် သိထားချင်လို့ပါ ဆရာ”
“အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ ( ၇၇ ) မှာ မြို့တော် နယ်နိမိတ်အတွင်း                       အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး  နောက်ရက်ပေါင်း  ၃၀ အတွင်း အဆောက်အအုံ ပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။

 

 ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက် စစ်ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်”
“ဒါဆို အခုကိစ္စက အဆောက်အအုံ ဆောက်လုပ်ပြီးပေမယ့် လူနေထိုင်ခွင့် မလျှောက်ဘဲ ထားတာမျိုး ဖြစ်နေတာပေါ့”
“မှန်ပါတယ် ။ စတင် ဆောက်လုပ်ခွင့် ပါမစ် ရစဉ်က ဘယ်ကာလ အတွင်း ဥပမာ – ၈ လအတွင်း ၊ ၁၂ လအတွင်း စသည်ဖြင့် ပြီးစီး    အောင် ဆောက်လုပ်ပါမယ်လို့ မြို့တော်စည် ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှာ ဝန်ခံလက်မှတ် ထိုးကြရပါတယ်”
“ဒါပေမယ့် သတ်မှတ်ရက်မှာ မပြီးတာတွေရှိတယ် မဟုတ်လား ဆရာ”
“မှန်ပါတယ် ။ သက်ဆိုင်ရာက စီစစ်ပြီး ဒဏ်ငွေရိုက်ရင်တော့ နိုင်ငံတော်ဘဏ္ဍာ အများအပြားရမှာ ဖြစ်တယ်။ အခုလို လူနေခွင့်မ             လျှောက်ဘဲ နေထိုင်ကြတဲ့ တိုက်ခန်းတွေက မနည်းဘူး”


“အခွန်အခက ဘယ်လိုဆောင်ရသလဲ ဆရာ”
အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –
ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။
ပထမတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။ အခု တိုက်ခန်း အဆောက်အအုံက ဘယ်နှထပ်လဲ”
“ရှစ်ထပ်တိုက် ဆရာ”
“ဒါဆိုရင် တစ်စတုရန်းပေမှာ ငွေကျပ် အနည်းဆုံး သုံးသောင်းကျပ်ထဲမှာ ပါနိုင်တာပေါ့”


“ဟုတ်ကဲ့ ဆရာ ၊ အဆောက်အအုံရဲ့ ဧရိယာစတုရန်းပေါ်မှာ နှုန်းထားအတိုင်း အခွန်ဆောင်ရမှာ ဆိုတော့လည်း အခွန်ရှောင်တာ ဖြစ်          မယ်။ အစောကပြောသလို သက်ဆိုင်ရာက လာစစ်တဲ့အခါ လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေတာတွေ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ ( င ) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက် နေထိုင်အသုံးပြုလျှင် နေ့စဉ် ငွေဒဏ်ကျပ် ( ၁ ) သောင်း မှ ( ၅ ) သောင်းအထိ ချမှတ်ရမည် လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဝင်ရောက်နေထိုင်တဲ့ ကာလအပေါ် ဒဏ်ငွေ တပ်ရိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစောကပြောခဲ့တဲ့ အဆောက်အအုံတွက် ပေးဆောင်ရမယ့် အခွန်အခ ၊  ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်တဲ့ ကာလအပေါ် ဒဏ်ငွေတို့ကို တွက်ချက်ပြီး မြေရှင်က နေထိုင်ခွင့် မလျှောက်ဘဲ အငှားချကာ ဝင်ငွေ ရယူနေကြတာ ဖြစ်တယ်”ဟု ရှင်းပြလိုက်ပါသည်။


ထီယု ( ဥပဒေအတိုင်ပင်ခံ )
Credit to: ဈေးကွက်ဂျာနယ် ပြန်လည် ကူးယူ ဖော်ပြပါသည်။

#Crd to owner
 

Credit ( ဥပဒေရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate