ရေနစ်လို့ အားကိုးတစ်ကြီး လှမ်းဆွဲမိတဲ့ ကောက်ရိုးမျှင်လေးဟာ တကယ်တော့ မြွေဖြစ်နေတယ်”

ရေနစ်လို့ အားကိုးတစ်ကြီး လှမ်းဆွဲမိတဲ့ ကောက်ရိုးမျှင်လေးဟာ တကယ်တော့ မြွေဖြစ်နေတယ်”

ရေနစ်လို့ အားကိုးတစ်ကြီး လှမ်းဆွဲမိတဲ့ ကောက်ရိုးမျှင်လေးဟာ တကယ်တော့ မြွေဖြစ်နေတယ်”
အမှုသည်တွေ လာလာတိုင်ပင်ကြရင်း သူတို့ ချေးငွေလျှောက်မိထားကြောင်း မဆပ်နိုင်လို့ ခဏတောင်းပန်တာကို မရကြောင်း ဆဲဆိုခံရကြောင်း
စကားဆက်မိလို့ အတိုး မေးကြည့်မိတာ ။ ၁၅%တိုးတဲ့…..


အော် တစ်နှစ်ကိုလား တန်တာပေါ့ ပြောမိတာ မဟုတ်ဖူး ၁ လထဲ ပေးတာ ၁၅ ရာခိုင်နှုန်းတိုးတဲ့ ၁၅ ကျပ်တိုးပေါ့ ၁ လကို
ကြားကြားမိချင်း ခင်ဗျား ငွေချေးလုပ်ငန်းအတုနဲ့ တိုးပြီဆိုပြီး ပြောလိုက်တာ. မဟုတ်ဖူး အစိုးရလိုင်စင်ရ တကယ့်အစစ်တဲ့ ။  မယုံလို့ လုပ်ငန်းနာမည် မေးပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် website ကနေ စစ်ကြည့်တာ တကယ့်အစစ်ကြီး ။ ဟာ အဲ့လိုဆို မဖြစ်ဖူး ကိုယ်တိုင် အခုပဲလျှောက်ကြည့်မယ် ဆိုပြီး စမ်းလုပ်ကြည့်မိတာ ဒီအဆင့်တွေ ဖြတ်ရတယ်။


          ကိုယ့်ဖုန်းနဲ့ သူတို့ application ကို download ဆွဲ ရတယ် ။ ကိုယ်ပိုင် အကောင့်တစ်ခု ဖွင့်ရတယ် ။ ကိုယ့်ဖုန်းကို code ပို့ပေးတယ် ။ ကိုယ့်ဖေ့ဘုတ် အကောင့်နဲ့ ချိတ်ဆက်ရတယ် ။ ကိုယ်ရေးအချက်အလက် ပြည့်စုံစွာ ရေးရတယ် ။ ရပ်ကွက် နေထိုင်ကြောင်း ထောက်ခံစာနဲ့ နောက်ဆုံး အိမ်ကဆောင်ခဲ့တဲ့ မီတာစာရွက် မူရင်းတွေ ဓာတ်ပုံရိုက် ပို့ရတယ် ။ ကိုယ့်ကို အာမခံပေးမယ့် သူ ၂ ဦးရဲ့ ကိုယ်ရေး အချက်အလက် ပို့ပေးရတယ် ။ နောက်ဆုံး “အဆင့်တိုးချေးငွေ” လျှောက်ထားနိုင်ကြောင်း application က ပြတယ် ။ 

ငွေကျပ် ၁ သိန်းကို အတိုး ၁၅ ရာခိုင်နှုန်းနဲ့ ၁ လတိတိ ချေးယူနိုင်ကြောင်း ပြတယ်။


         ချေးမယ်လုပ်တော့ ကျွန်တော် ဘယ်သူသည် ဘယ်လိပ်စာမှာ နေထိုင်ပြီး ယခုချေးငွေကို သေချာ ပြန်ဆပ်ပါမယ်ဆိုတဲ့ video ရိုက်ပို့ ပေးရတယ် ။ နောက်အောက်က စာချုပ်ကျလာတယ် ။ ဖုန်းကနေပဲ ထိုးမြဲလက်မှတ်နဲ့ အနီးစပ်ဆုံးတူအောင် ထိုးပေးရတယ် ။ ငွေလွှဲပေးရင် ဘယ်ဘဏ်အကောင့်ကို လွှဲရမလဲ ဖြည့်ခိုင်းတယ် လုပ်ငန်းစဉ် အောင်မြင်ကြောင်းနဲ့ ကိုယ့်ကို အာမခံပေးမယ့် သူ၂ ဦးရဲ့  ဖုန်းကို link တစ်ခု massage ပို့ပေးပြီး အဲ့ link ထဲကစာ ဖြည့်စွက်ပေးပြီးတာနဲ့ အတည်ပြုချက် စောင့်နိုင်ကြောင်း ပြတယ်။


      အချက်အလက် အကုန် အမှန်ဖြည့်တာ
ဒါလဲ အတိုးကို ၁၅% နှုန်းပဲ ။ ပေးချေးတာလဲ ၁ လပဲ ။ ဘာမှ တိုးလို့ မရဘူး။ 
သူတို့ သတ်မှတ် ပေးထားပြီးသား ။ တကယ်ပါ…..တော်တော် စိတ်မကောင်းဘူး ။  ပိုက်ဆံ ၁ သိန်းဆိုတာ တကယ် အခက်အခဲဖြစ်တဲ့ အခြေခံပြည်သူတွေသာ ချေးယူမှာပါ ။ အဲ့လိုပြည်သူတွေဆီက အဲ့လောက် ရာခိုင်နှုန်းအတိုးကို နိုင်ငံတော်အစိုးရရဲ့ တရားဝင်လိုင်စင်ရ ငွေချေးလုပ်ငန်းက ရယူနေတယ် ဆိုတော့ တကယ် ကြောက်လန့်မိခဲ့ ရတယ် ။


          သူတို့ ချေးပေးတာ လူ ၂ သိန်းကျော်ပြီလို့ သူတို့ ပေ့မှာ ရေးထားတယ် ။ အားပါးပါး လပိုင်းလေးနဲ့ အတိုးနဲ့တင် မနည်းပါလား ။ စီးပွားရေးလုပ်ငန်း လုပ်နေတာ အမြတ်မယူလို့ ဘာယူရမလဲတော့ မပြောပါနဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းတွေကို နိုင်ငံတော်က တရားဝင်လိုင်စင်နဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တာက ပြည်သူလူထုရဲ့  လူမှု့စီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်အောင် အတိုးနှုန်း သက်သက်သာသာနဲ့ ကာလရှည်လေး အဆင်ပြေကြရအောင်ပါ ။


         ရပ်ကွက်ထဲ နေ့ပြန်တိုးတွေ ၊ ၁၀တိုး ၂၀တိုးတွေ ယူပြီး အဆင်မပြေတဲ့ လူတွေဆီက ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ လူတန်းစား တစ်ရပ်ရဲ့ ယုတ်မာမှု့တွေကို ကြောက်လို့ နိုင်ငံတော်က တစ်ဖက်တစ်လှမ်းက ပြည်သူတွေ အဆင်ပြေကြပါစေ ဆိုတဲ့ စိတ်လေးနဲ့ ငွေချေးလုပ်ငန်းတွေကို တရားဝင် ကူညီခိုင်းတာပါ ။ တရားဝင်လိုင်စင်ရ ဆိုပြီး မနှိပ်စက်ကြပါနဲ့


        အဲ့လို စည်းကမ်းဖောက် အမြတ်ကြီးစားနေကြတဲ့ ငွေရေးကြေးရေးလုပ်ငန်း ဘယ်နှစ်ခုများ နိုင်ငံတော်အစိုးရရဲ့ တည်ဆဲဥပဒေတွေ ၊ အမိန့် ညွှန်ကြားချက်တွေကို မထီမဲ့မြင် လုပ်ပြီးနေကြပြီလဲ ။  တစ်ဆင့်တိုးတိုင်း အတိုးလျော့လာမယ် လို့တော့ မတ်လုံး မပေးထားပါနဲ့။ နောက်တစ်ဆင့် ၁သိန်းခွဲတို့  ၂သိန်းတို့ ဆိုတာလဲ ၁၃-၁၄ ရာခိုင်နှုန်းတွေပါပဲ ။ ဒါတောင် ဝန်ဆောင်ကြေးလိုလို ဘာလိုလို လွှဲမယ့်ငွေထဲက ၁%ကနေ ၅%ထိ နှုတ်မယ့် ငွေမပါသေးဖူး။


        ချေးလို့ ပြန်မဆပ်နိုင်ရင် ၁ရက်ကျော်ရင် ၁၅၀၀၀ ကျပ် နောက်ထပ် ၃ရက်ကျော်ရင် နောက် ၁၅၀၀၀ကျပ် အော် ပြည်သူတွေလဲ….. ငွေလေး ၁သိန်း ၂သိန်းက သာမာန်ပြည်သူလေးတွေသာ ချေးကြမှာပါ ။ တော်ရုံလူ မချေးကြလောက်ဘူး ။ 
သင့်တင့်မျှတတဲ့ အတိုးလေး ယူပြီးပဲ ချေးပေးသင့်တာပါ ။ အဲ့လိုလူမျိုးတွေဆီကတော့ အတိုးကြီး မစားသင့်ပါဘူး ။ 
“ ရေနစ်လို့ အားကိုးတကြီး ဆွဲမိတဲ့ မြက်ပင်လေးတွေဟာ တကယ်တော့ မြွေ ဖြစ်နေတတ်တယ် ။ 
 အခြေခံ ပြည်သူတွေရဲ့ ဘဝများစွာကို ဝိုင်းပြီး ကယ်တင်ဖို့ ကူညီပေးကြပါ အကြွေးနွံ ထောင်ချောက်တွေများ တကယ် ကြောက်ဖို့ ကောင်းပါတယ် ။   သက်ဆိုင်ရာ လူကြီးတွေ သိနိုင်ကြပါစေ ။


#Crd to owner


Credit (  ဥပဒေရေးရာ )

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate