စရန် ငွေပေး တာနဲ့ ပတ်သက် လို့ ကျနော့် ကို သက်သေထား ပြီး ဘယ်လောက် ပေးရမလဲလို့ ခဏခဏ မေးကြတယ် ။ တကယ်တော့ စရန်ငွေ ပေးတယ်ဆိုတာ ပထမဆုံး စာရွက် စာတမ်း မိတ္တူယူပြီး ပေးရတာ မျိုးဆိုတော့ ဝယ်သူရဲ့ ဆင်ခြင်တုံတရား အပေါ်လည်း မူတည် ပါတယ် ။

စရန် ငွေပေး တာနဲ့ ပတ်သက် လို့ ကျနော့် ကို သက်သေထား ပြီး ဘယ်လောက် ပေးရမလဲလို့ ခဏခဏ မေးကြတယ် ။ တကယ်တော့ စရန်ငွေ ပေးတယ်ဆိုတာ ပထမဆုံး စာရွက် စာတမ်း မိတ္တူယူပြီး ပေးရတာ မျိုးဆိုတော့ ဝယ်သူရဲ့ ဆင်ခြင်တုံတရား အပေါ်လည်း မူတည် ပါတယ် ။

          မနေ့က ညနေ မြောက်ဒဂုံ မှာ စရန်ပေး စာချုပ် ချုပ်ဆို ပေးခဲ့တယ် ။ စရန်ငွေ ပေးတာနဲ့ ပတ်သက်လို့ ကျနော့် ကို သက်သေထား ပြီး ဘယ်လောက် ပေးရမလဲလို့ ခဏခဏ မေးကြတယ် ။ တကယ်တော့ စရန်ငွေ ပေးတယ်ဆိုတာ ပထမဆုံး စာရွက်စာတမ်း မိတ္တူယူပြီး ပေးရတာ မျိုးဆိုတော့ ဝယ်သူရဲ့ ဆင်ခြင်တုံ တရားအပေါ်လည်း မူတည် ပါတယ် ။ တန်ဖိုးအလိုက် သိန်း ၅၀ , သိန်း ၁၀၀ , သိန်း ၂၀၀ ပေးလို့ရ ပါတယ် ။ အကောင်း အဆိုးကတော့ တစ်နိုင် တစ်ပိုင် ပေးတာက သူ့ဘက် ကိုယ့်ဘက် အလျော်အစား သိပ်မထိခိုက် နိုင်ဘူးပေါ့ လေ ။ ဒါတင် ဘဲလား ဆိုတော့ မပြည့် စုံသေးဘူးလို့ ပြောရမှာပေါ့ ။

 

          အဲဒီ ရောင်းသူက ရောင်းတဲ့ မြေကွက်ပေါ်မှာ ၊ ရောင်းတဲ့ အိမ်ပေါ်မှာ ၊ ရောင်းတဲ့ တိုက်ပေါ်မှာ ၊ လက်ရှိနေပြီး  စရန်ငွေတွေ အများကြီး တောင်းနေ တာလား ။ ဒါဆို ရင်တော့ စရန် ငွေအများကြီး မချမိဖို့ အရေးကြီးတယ် ။ တကယ်လို့ အရောင်း အဝယ်ပွဲပျက်ရင် စရန်ငွေရဲ့  နှစ်ဆပြန် တောင်းမှာလေ ။ အဲဒီ အခါကျရင် အဲဒီ ရောင်းသူက ပြန်ပေးနိုင်တဲ့ ငွေကြေး သူ့မှာရှိရဲ့လား ။ ပြန်ပေး နိုင်မယ် မထင် ရင်တော့ စရန်ငွေ အများကြီး မချသင့်ဘူးပေါ့ ။ ဘာကြောင့်လည်း အဲဒီရောင်း သူက ရောင်းတဲ့ တိုက်ပေါ်မှာ နေတုန်းပဲလေ ။ ပွဲပျက် ခဲ့ရင်တောင် စရန်ငွေ အရင်းတွေရော နှစ်ဆတွေရော တစ်ပြားမှ မပေးနိုင်ဘူး ။ 


          သုံးပစ်လိုက် လို့ကုန်ပြီ ။ တိုင်ချင်တာ တိုင်လိုက်ရှင်း ပေးရန်အသင့်ပဲလို့ ရန်စကား ပြောလာရင် ဝယ်သူအနေနဲ့ “ သေပြီဆရာ ” ဖြစ်ပြီပေါ့ ။ ကိုယ့်ငွေ ကိုယ်ရဖို့ အရေး ရောင်းသူကို တရားစွဲယူ ရဦးမယ် ။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်မယ် ။ “ မစည်ကား အပ်တဲ့ အရပ်ထဲမှာ ပါတဲ့ တရားရုံးကို မသွားချင်ဘဲနဲ့ သွားရဦးမယ် ။ ဝယ်သူ တွေက ဒီလို ရောင်းသူ မျိုးတွေကို အကြောက်ဆုံးပဲ ။ ဒါ့အပြင် လူနေထိုင်ပြီး ရောင်း တဲ့တိုက်တို့ အိမ်တို့ကိုဝယ်ရင် စရန်ငွေ ပေးတဲ့နေ့မှာ အထူးသတိ ထားရတယ် ။ အဲဒီလို ရောင်းသူတို့ အခြေတကျနေ ထိုင်လာခဲ့တဲ့ တိုက်တို့ အိမ်တို့နဲ့ သက်ဆိုင်တဲ့ ဂရန်နဲ့ စာချုပ် စာတမ်းတွေဟာ သူတို့ လက်ထဲမှာ မရှိဘဲ အပေါင်ခံသူရဲ့ လက်ထဲမှာရောက် နေတတ်တယ် ။ ဒီလို အိမ်မျိုး ၊ တိုက်မျိုးကို ကြိုက်ပြီ ဆိုရင်တော့ ဝယ်သူနဲ့ ပါလာတဲ့ ရှေ့နေခေါင်းကိုက် ပြီသာမှတ် ပေတော့ ။ဝယ်သူကလည်း ရှေ့နေခေါ်  လာပြီဆို ကတည်းက ခိုင်ခိုင်မာမာနဲ့ အရှုပ်အရှင်း ကင်းကင်းနဲ့ မြေနဲ့ တိုက်ကို ပိုင်ဆိုင် ချင်လို့လေ ။ ဒီလိုအကြောင်းကြောင်းတွေ ကြောင့် စရန်ငွေကို ရောင်းသူ တောင်းသလောက် ပေးသင့် မပေးသင့် ဝယ်သူ က ရှေ့နေကို မေးကြတာပဲ ။ 

#Crd to owner
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate