တိုက်ခန်း တစ်ခန်း အရောင်း အဝယ် လုပ်တိုင်း မြေရှင် လက်မှတ် ရမှာလားဆိုတာ အရေးကြီး မေးခွန်း အနေနဲ့ ဝယ်သူတွေ မေးလာကြတဲ့ မေးခွန်း တစ်ခုပါ.......

တိုက်ခန်း တစ်ခန်း အရောင်း အဝယ် လုပ်တိုင်း မြေရှင် လက်မှတ် ရမှာလားဆိုတာ အရေးကြီး မေးခွန်း အနေနဲ့ ဝယ်သူတွေ မေးလာကြတဲ့ မေးခွန်း တစ်ခုပါ.......

             ဘာလို့ မြေရှင် လက်မှတ်ဆိုတာ အရေးပါ လာတာလဲ တိုက်ခန်း တစ်ခန်း အရောင်း အဝယ် လုပ်တိုင်း မြေရှင် လက်မှတ် ရမှာလားဆိုတာ အရေးကြီး မေးခွန်းအနေနဲ့ ဝယ်သူတွေ မေးလာကြတဲ့ မေးခွန်း တစ်ခုပါ....…တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုး ကန်ထရိုက်တိုက်ခန်း တစ်ခု ပြပေးရတုံးက လာကြည့်တဲ့ ဧည့်သည်က တိုက်ခန်း အမည်ပေါက် ရမှာလားလို့ မေးတာ ကြုံဖူးပါတယ် ။ အမည်ပေါက် ဖောက်ချင် ဖောက်လို့ ရပါတယ် ။ အခွန်တော့ ဆောင်ရပါမယ်လို့  ပြန်ပြော လိုက်တော့ ငြိမ်သွား ပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက် ရမှာလား........?  တိုက်ခန်း နာမည် ပေါက်တယ် ဆိုတာ ဘာလဲ.......? ဘယ်သူ့ ဆီမှာ နာမည် ပေါက်တာလဲ?
ဝါရင့် အိမ် ခြံ မြေ ရှေ့နေ တစ်ယောက် ကလည်း ရိုးရိုး ကန်ထရိုက်တိုက်ခန်းက နာမည်ပေါက် ဖောက်စရာ မလို..၊ အခွန်ဆောင် စရာမလိုလို့ ပြောနေတာ ကြားခဲ့ ရဖူးပါတယ်..။ တစ်ခြား ရှေ့နေတစ်ယောက် ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..  ။ ရိုးရိုး ကန်ထရိုက် တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက် ရတယ်ဆိုတာ ဥပဒေ ကျွမ်းကျင် သူတွေတောင် မသိတာ ဘာကြောင့်လဲ.......?


              အစိုးရရဲ့ တရားဝင် သတ်မှတ်ချက် အရဆိုရင် တိုက်ခန်းတွေ ကိုလည်း ရာဖြတ်ဖြတ်.. ၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင် နာမည်ပေါက် ဖောက်ခိုင်း ပါတယ်.. ။  အောက်မှာ ပြထားတဲ့ ပုံ( ၁ ) အရ အလုံ ၊ တာမွေ ၊  ကြည့်မြင်တိုင် ၊ တောင်ဥက္ကလာ ၊သင်္ဃန်းကျွန်း ၊ လှိုင် ၊ ရန်ကင်း ၊ အင်းစိန် မြို့နယ်တွေ မှာရှိတဲ့ အတွင်းလမ်းက မြေညီ တိုက်ခန်း တစ်ခန်းကို ၁ စတုရန်းပေ ၄၅ ,၀၀၀ ကျပ် သတ်မှတ် ထားပါတယ်..။ ၁၂ခွဲ x ၅၀ ပေရှိတဲ့ မြေညီထပ် တစ်ခန်း ဆိုပါစို့.. ။ စုစုပေါင်း ၆၂၅ စတုရန်းပေ ရှိပါတယ်.. ။ ၆၂၅ x ၄၅,၀၀၀ = ၂၈,၁၂၅,၀၀၀ သိန်းရှိ ပါတယ်.. ။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁ သိန်း ကျော်ပါတယ်.. ။ ၂၈၁.၂၅ သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉%ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင် ရပါမယ်.. ။ ( အခွန် ၁၅% က ငွေဖြူရှိရင် ချေ ( Claim ) လို့ရပါတယ်..။ ၄% ဖြစ်တဲ့ တံဆိပ်ခေါင်း ခွန်ကတော့ မဆောင် မနေရပါ.. ။ ချေလို့မရပါ.. ။)


             မြေညီတိုက်ခန်း တစ်ခန်းဝယ်ပြီး နာမည်ပေါက် ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင် ရမယ်လို့ ဖြစ်လာပါတယ်.. ။
ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက် နဲ့ စီးပွားရေးတွက် တွက်တတ် ချက်တတ်တဲ့ အဝယ်တို့ လက်ဝါး ရိုက်ပါပြီ.. ။ အခွန်ဘာလို့ ဆောင်နေမလဲ ??? မြေရှင်ကို လက်မှတ် ထိုးခိုင်းလိုက်.. ၊ ပိုက်ဆံ နည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရော မဟုတ်လား.. ။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူ ဝယ်သူ အသံတူတာတွေ ဖြစ်ကြ ပါလိမ့်မယ်.. ။


              တိုက်ခန်း အရေအတွက်က များတာရယ်.. ၊ အမည်ပေါက် ဖောက်မယ့် လုပ်ငန်း အဆင့်တွေ များတာရယ်.. ၊ ရုံးမသွား ချင်ကြတာရယ်.. ၊ ငွေမကုန် ချင်တာရယ်.. ၊ အခွန်ဆောင်လည်း ဘာအကျိူး ရလဒ်မှ ထူးခြားထွက်ပေါ် မလာတာ ရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ  ခေါင်သူကြီး နေရာထားပြီး နှစ်ယောက်ရောင်း.. ၊ သုံးယောက်ရောင်း ဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ် ပါထား သူကအနိုင် စသဖြင့် သူ့အရပ်နဲ့ သူ့ဇာတ် လုပ်ကြရင်း မြေရှင် လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်.. ။ တိုက်ခန်း ဥပဒေက အခုထိ အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်..။ ( အစိုးရရဲ့ စည်းမျဉ်း ဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့ မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက် တစ်ချက်ပါ.. ။)


                အိုးအိမ်ဌာနက ပိုင်တဲ့ တိုက်ခန်း တွေမှာတော့ အမည်ပေါက် စာအုပ်ထုတ် ပေးထားပါတယ်.. ။ အမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ ရပါတယ်.. ။ တစ်ချို့လည်း အမည်ပေါက် မပြောင်းပဲ စာချုပ် အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်.. ။ အိုးအိမ်တိုက် တွေမှာတော့ မြေရှင် လက်မှတ်ထိုး ပေးဖို့ မလိုပါဘူး.. ။ ဌာနမှာ အမည်ပေါက် စစ်ဆေးလို့ရပါတယ်.. ။ ကန်ထရိုက် တိုက်ခန်းနဲ့ အိုးအိမ် တိုက်ခန်းလို့ ( ၂ ) မျိူးရှိရာမှာ ကန်ထရိုက် တိုက်ခန်း ဝယ်မယ်ဆိုရင် မြေရှင် လက်မှတ်ဆိုတာ လိုပါတယ်.. ။ အကြောင်း အမျိူးမျိူးကြောင့် မြေရှင်လက်မှတ် မထိုးချင်ရင် ဖြစ်ဖြစ်.. ၊ မြေရှင်က လက်မှတ် ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက် ဖောက်လို့ရပါတယ်.. ။ အစိုးရဆီမှာ တရားဝင် အမည်ပေါက် ပြီးသား တိုက်ခန်းဆိုရင် မြေရှင် လက်မှတ် မလိုပါဘူး.. ။


                 ( ကန်ထရိုက် တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းထား တယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ ပါတယ်.. ။ တကယ့် တစ်ခါမှ တစ်ခါပါပဲ.. ။ မိသားစု အမွေအရှုပ်အရှင်း ရှိလို့လို့ သိရပါတယ်.. ။) ငွေကုန် ကြေးကျ ပိုများတာ.. ၊ အလုပ်ပိုတာ ရှိလာနိုင်တာမို့ မြေရှင် လက်မှတ်ပဲ တောင်းမလား.. ၊ အမည်ပေါက်ပဲ ဖောက်မလား ဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက် ဖြစ်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။


Credit : Myanmar Builders Guide
ပြန်လည် ကူးယူ ဖော်ပြပါသည် ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate