ဒီကနေ့ လယ်မြေ ပဲဝယ်ဝယ် ၊ လယ်ယာ မြေပဲ ဝယ်ဝယ် အဆင့် ( ၁၀ ) ဆင့်လို အပ်ကြောင်း ဖော်ပြ ပေးပါမယ် ။

ဒီကနေ့ လယ်မြေ ပဲဝယ်ဝယ် ၊ လယ်ယာ မြေပဲ ဝယ်ဝယ် အဆင့် ( ၁၀ ) ဆင့်လို အပ်ကြောင်း ဖော်ပြ ပေးပါမယ် ။

           ဒီကနေ့ လယ်မြေပဲ ဝယ်ဝယ် ၊ လယ်ယာ မြေပဲ ဝယ်ဝယ် အဆင့် ( ၁၀ ) ဆင့်လို အပ်ကြောင်း ဖော်ပြပေး ပါမယ် ။ 
ဆရာ –  ဥယျာဉ် ခြံမြေ တစ်ကွက်ဝယ်တာ အဆင့် ( ၁၀ ) ဆင့်တောင် လိုသလား ? ကျွန်တော့် ဘကြီးတွေ ဝယ်ကြ ရောင်းကြ တာတော့ အရပ်စာချုပ် တစ်စောင် ပါပဲ ဆရာရယ် ။ ကျွန်တော် ကတော့ ယုံချင် လည်းယုံ ၊ မယုံလည်း ပုံပြင် မှတ်ကြပါ ၊ ကျွန်တော် ကတော့ ( ၁၀ ) ဆင့်ကို စနစ်တကျ သင်မှာပါ ၊ ခင်ဗျား တို့က “ ဟုတ်ပါပြီဗျာ ” လို့ ( ၁၀ ) ခါပြောဖို့သာ ပြင်ထားပါ ။


အဆင့် ( ၁ ) – ပုံစံ ( ၇ ) မြေစာရင်း ရုံးမှာ အရင်စစ်


            ဥပမာ –  ဦးဖြူ ဆိုတဲ့သူ ပိုင်တဲ့ ဥယျာဉ် ခြံမြေ တစ်ကွက်ကို ရောင်းချင်တယ် ၊ ပုံစံ ( ၇ ) လည်းပြတယ် ၊ မိတ္တူလည်း ပေးလိုက်သေးတယ် ၊ လယ်ယာ မြေ ၅ ဒသမ ၅ ဧကတဲ့ ၊ ရှင်းလိုက်တာ ဆိုပြီး ဝယ်ခဲ့တယ် ။  စရန်ပေးပြီး သုံးရက် လောက်ကြာမှ မြေ စာရင်းရုံးမှာ မေးစမ်း ကြည့်တော့ – ဦးဖြူ အမည် ပေါက်တော့ မှန်ပါတယ် ၊ ဦးဖြူ ဆုံးသွား တာကြောင့် သားကြီး ကိုနီက သူပိုင်တယ် ဆိုပြီး လိုက်ရောင်းနေတာ ၊ သားအငယ် နဲ့ သမီးတို.က မြေစာရင်းရုံးမှာ ကန့်ကွက်ထား ကြတယ် တဲ့ဗျာ ။ ပြီးတော့ အကျယ်အဝန်း ကလည်း ၅ ဒသမ ၅ ဧကမဟုတ်ဘူး ၊ ၅ ဒသမ ဝ ဧကတဲ့ ဒီမြေကွက်က နည်းနည်း ရှုပ်နေပါတယ် ဗျာလို့ သိလိုက် ရတယ် ။ ကဲ –  စရန် ကလည်း တန်ဖိုးရဲ့ လေးပုံ တစ်ပုံလောက် ချလိုက် ပြီးပြီးတဲ့ ၊ ဘယ်လို လုပ်ကြ မလဲဗျာ ။ ကျွန်တော် ပြောသလို “ ပုံစံ ( ၇ ) မြေစာရင်း ရုံးမှာ အရင်စစ် ” ဆိုတာ လေးကို မလုပ်ခဲ့ရင် ပြဿနာ ဖြစ်လာမှ ရှင်းရတာ ခက်ပါတယ် ။ ခင်ဗျား တို့ထက် နည်းနည်း စောတဲ့ သင်တန်းသားတစ်ယောက်လည်း တစ်ပုံစံတည်း မှားခဲ့ ဖူးပြီး ၊ သိန်း ၄၅၀ကို “ တရားမ ” ကြောင်းက ပြန်တောင်း နေရတာ ရှိခဲ့ပါတယ် ၊ နာမည်တော့ မပြောတော့ ပါဘူး ။ မြေ စာရင်းရုံးက OK ( သို့ ) Clear ( သို့ ) ဝယ်လို့ ရပါတယ် ဆိုတဲ့ အဖြေကို ပုံစံစာရွက် နဲ့ ပြန်ဖြေမှာ လေဗျာ ။ ဒီလောက် စနစ်ကောင်း တွေရှိနေတဲ့ အချိန်မှာ ဘာကြောင့် “ အမှား ” ကို ရအောင် ယူကြမှာတုန်း “ ပုံစံ ( ၇ ) မြေစာရင်း ရုံးမှာ အရင်စစ် ” ပေါ့ဗျာ။


အဆင့် ( ၂ ) – အော်ပုံစံ ( ၇ )မြင်မှ စရန်ချ


            စရန်ချ မည့်နေ့ လည်း ရောက်ရော ၊  ပုံစံ ( ၇ ) ( လယ်ယာ မြေ လုပ်ပိုင် ခွင့်ပြု လက်မှတ် ) က ဓာတ်ပုံ မိတ္တူ ( Photo Stat ) ပဲပြပြီး စရန် လက်ခံရင် ငွေမချေ ပါနဲ့ ။ မူရင်း ပုံစံ ( ၇ ) ၊ ( အော်ပုံစံ ) ကို မမြင် ရဘူးဆိုရင် အဲဒီ မူရင်းပုံစံ ( ၇ ) ကို ပေါင်းထား တာလည်းဖြစ်နိုင်သလို ၊ ရောင်းထား တာလည်း ဖြစ်နိုင် ပါတယ်ဗျာ  ( အခု – ပိုင်ရှင်တွေ ဆိုတာက ၊ ရွာမှာ နေကြတာ မဟုတ်ဘူးနော် ၊ အရောင်း အဝယ် လုပ်ခါနီးမှ “ ပရာဒို ” ကြီးနဲ့ မြေကွက် ရှိရာ အရပ်ကို ရောက်လာတာ ၊ မြို့ကြီးပေါ်မှာ နေကြတာ များပါ တယ်ဗျာ ။


အဆင့် ( ၃ ) – ရပ် / ကျေးရွာ ဥက္ကဋ္ဌကို အသိပေး ပါတော့


           အဲဒီလို အစစ အဆင်ပြေလို့ ဥယျာဉ် ခြံမြေအတွက် စရန်ချ ပြီးပြီဆိုရင် ရပ် / ကျေးရွာ ဥက္ကဋ္ဌကို အသိပေးပါတော့ (အဝင် အထွက်  လုပ်ပါတော့ ) ။ ရပ် / ကျေးရွာ ဥက္ကဋ္ဌဆီ ကနေ သတင်းတွေ အများကြီး ရနိုင်ပါတယ် ။ “ဆရာ ရပ် / ကျေးရွာ ဥက္ကဌကို စရန်ပေးပြီးမှ အသိပေး တာထက် စောစောက မေးပြီး ဝယ်ကြပြု ကြရင် မကောင်း ပါလား ဆရာရယ် ” လို့ သင်တန်းသား တစ်ဦးက ပြောလာပါတယ် ။ ခင်ဗျား ပြောတာ ဟုတ်သင့် သလောက်တော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ “ ခင်ဗျား မိန်းကလေး တစ်ယောက်ကို တကယ်ကြိုက်ပြီဆိုရင် သူ့ မိဘ ညီအစ်ကို မောင်နှမတွေ အားလုံးကို အသိပေးပြီးမှ ချစ်ခွင့်ပန် မှာလား ။ ရည်းစား စကားပြော ၊ ကြိုက်ကြပြေလည် ကြပြီးမှ မိဘနဲ့ အသိုင်းအဝိုင်း တွေကို အသိပေးသင့် တယ်လေ ။ မဟုတ်လို့တော့ “ လွဲပြန်ပြီ တစ်ခါ ” ပဲပေါ့ ။
ကျွန်တော်က လက်တွေ့မို့ သင်နေတာပါ ။  တကယ်လို့များ သက်ဆိုင်ရာ လူကြီးကို အသိပေး ပြီးမှ မြေဝယ်တယ် ဆိုရင် အဲဒီလူကြီးရဲ့သမက်က “ မြေပွဲစား ” ၊ သားက “ မြေဝယ် ရောင်း ”၊  ညီဝမ်း ကွဲတို့က ပွဲစားတို့ရဲ့ သတင်းပေး ၊  အိုဗျာ အစုံအစုံ ဖြစ်နိုင် စရာရှိလို့  “ဒီတစ်ဆင့် ကိုတော့ စွန်စား ရပါတယ် ၊ မဟုတ်ရင် ခင်ဗျားကို “ အခြား မြေကွက် ” က ပိုကောင်း တယ်လို့ အဖျက်တွေ ပေါ်လာမှာပါ ။ ( ကိုယ် တွေ့ပါ ခင်ဗျာ ) ရပ် / ကျေးရွာ ဥက္ကဋ္ဌ ဆိုတာက ရှေ့ဆက် ကြရမယ့် အဆင့်ဆင့် တွေမှာ ပတ်သက် ရဦးမှာမို့ ချန်ထား လို့မရပါဘူးခင်ဗျာ ။ အဆင့် ( ၃ ) ရောက်ရင် အသိသာ ပေးလိုက် ပါတော့ ။ ခင်ဗျားတို့ လယ်ယာ မြေကို “ အခြားနည်း သုံးခွင့် ” လျှောက် ကြမယ်ဆိုရင် ရပ်ကျေးရွာ ဥက္ကဋ္ဌက စပြီး ထောက်ခံမှ ရမယ် ဆိုတာ ကိုလည်း သတိရှိကြပါ ။


အဆင့် ( ၄ ) – မြေ စာရင်း ပုံစံ ( ၁၀၅ )


            စရန်က ပေးပြီးပြီလို့ ငွေပြေ ပေးဖို့လည်း လိုပါတယ် ။ ငွေပြေ မပေးခင် မှာ မူလ “ လယ်ယာ မြေ ”  ပိုင်ရှင် “ ရောင်းသူ ” က မြေ စာရင်း ပုံစံ ( ၁၀၅ ) ကို မြို့နယ် မြေစာရင်း ဦးစီးဌာန ကနေ အဆင်သင့် တောင်းထားပြီး ဖြစ်နေ ရပါမယ် ။ ပုံစံ ( ၁၀၅ ) ဆိုတိုင်း မပြီး ပါဘူးနော် ။ အဲဒီ ( ၁၀၅ ) ပုံစံရဲ့ ရေးကူး ပေးသည့် အကြောင်း အရာဆိုတဲ့ အကွက်မှာ “ အရောင်း အဝယ် ပြုလုပ်ရန် အတွက်သာ ”ဆိုတဲ့ မှတ်ချက် ပါရပါမယ် ။ ဒါမှသာ မြို့နယ် မြေစာရင်းရုံးမှာ အရောင်း အဝယ် စာချုပ် ရေးသား ချုပ်ဆိုလို့ ရမှာပါ ၊ အဲဒါ လျှို့ဝှက်ချက်ပါပဲ ၊ အခြားသော ကိစ္စ ၊ အခြားသော အကြောင်းအရာ တွေနဲ့ ထုတ်ယူ ထားတဲ့ မြေစာရင်း ပုံစံ ( ၁၀၅ ) ကို အရောင်း အဝယ် ချုပ်ဆိုတဲ့ နေရာမှာ သုံးလို့ မရပါဘူး ခင်ဗျာ ။ သေချာ မသိရင် ( ၂ ) ခါ ( ၃ ) ခါပြန်ပြီး အလုပ်ရှုပ် ကြရပါတယ် ၊ ကျွန်တော် ဒီကနေ့ သင်ထားတဲ့ မှတ်စုကို ကိုင်ပြီး တစ်ချက်ချင်းသာ ရွှေ့သွား ကြပါ ။ အားလုံးဟာ လွယ်ပါတယ် ၊ ပျော်စရာ ကြီးပါ ။ တကယ်တော့ မြေစာရင်းပုံစံ ( ၁၀၅ ) အကြောင်း ပြောပြရင်း သူ့ရဲ့ အစ်ကိုတော် မြေစာရင်း ပုံစံ ( ၁၀၆ ) ဆိုတာလည်း ရှိသေး တယ် ။ ပုံစံ ( ၁၀၆ ) ဆိုတာက “ လယ်ယာ မြေ ” ရဲ့ မြေရာဇဝင် ဖြစ်ပါတယ် ။ ကျွန်တော် သိသလောက် တော့ ပုံစံ ( ၁၀၆ ) ကို အသုံးပြု ကြတာ နည်းပါတယ် ။ (ဒါပေမဲ့ သိထားရုံတော့ ပြောရမှာပါ ။) ပုံစံ ( ၁၀၆ )  ကို “ မြေရာဇဝင် ( သို့မဟုတ် ) ဦးပိုင် တစ်ခု၏ ရာဇဝင်” လို့ ခေါ်ပါတယ် ။


အဆင့် ( ၅ ) – အထူး ကိုယ်စားလှယ် လွှဲစာ


             ငွေကျေ / ငွေပြေ ပေးချေတဲ့ နေ့မှာ ဒုတိယ အရေးတကြီး ရရှိဖို့ ကတော့ မူလအမည် ပေါက်သူက လွှဲအပ်ပေးမယ့် SP ပါပဲ ။ အထူး ကိုယ်စားလှယ် လွှဲစာလို့ ခေါ်ပါတယ် ။ ဒါပေမဲ့ SP လို့ ပိုပြီး သိကြပါတယ် ။ သင်တန်းသား တစ်ယောက်က ဖြည့်ပြီး မေးလာပြန်ပါတယ် ။ SP က ဘာလုပ်ဖို့ တုန်းဆရာရဲ့ တဲ့ ။ ဘာလုပ်ဖို့ တုန်းလို့တော့ မပြောပါနဲ့ဗျာ ။  နယ်ဘက်မှာ “ လယ်ယာ မြေ ” ရောင်းချတဲ့ သူတွေရဲ့ အများစုက ရောင်းရငွေ ၊ ငွေပြေ ငွေကျေ ရရင် မြို့ပေါ် တက်သွားကြ ၊ တိုက်ခန်း ငှားနေ ကားဝယ် စီးကြတာ များပါတယ် ဗျာ ။
မြို့နယ် မြေစာရင်းရုံး မှာ တကယ် စာချုပ်ချုပ် ကြတယ်ဆိုတဲ့ နေ့မှာ လယ်ပိုင်ရှင်ကို ဘယ်လိုက် ရှာရမှန်းမသိလို့ အခက်ကြုံ ကြတဲ့သူတွေ အများကြီး ပါဗျာ ၊ အဲဒီ အချိန်ကျတော့ လက်မှတ် လာထိုး ပေးရမယ့် မူရင်း အမည်ပေါက် မြေပိုင်ရှင်က ဟိုကိစ္စ ၊  ဒီကိစ္စ အမျိုးမျိုး အကြောင်း ပြကြပါလေ ရောဗျာ ။ ပစ္စည်းလွှဲ ပြောင်းရေး အက်ဥပဒေ ပုဒ်မ  – ၅၅ မှာတော့ မူလ မြေပိုင်ရှင်မှာ တာဝန် ရှိတယ်လို့ ဖော်ပြ ထားပါတယ် ၊ ဒါပေမဲ့ လက်တွေ့မှာ ဟိုရှောင်  ၊ ဒီရှောင် လုပ်တတ် ကြတယ် ။ ငွေ ၄သိန်း  ၊ ၅သိန်း ထပ်တောင်း တတ်ကြတယ်။
ဒါကြောင့် ငွေပြေ မချေခင်မှာ ရောင်းချတဲ့ မူလ မြေပိုင်ရှင်က လက်မှတ် ရေးထိုး ပေးထားတဲ့ SP ကိုလည်း သက်ဆိုင်ရာ မြို့နယ် မြေ စာရင်းရုံးမှာ မှတ်ပုံတင် ပြီးသား ဖြစ်နေရ ပါမယ် ။


အဆင့် ( ၆ ) – ပုံစံ ( ၇ ) နဲ့ဆက်စပ် သည့် မူရင်း စာရွက်စာတမ်း များ


              ငွေပြေ ငွေကျေ ပေးချေတဲ့နေမှာ ဝယ်သူ ရယူရမယ့် အရေးကြီး တစ်ခုကတော့ ပုံစံ ( ၇ ) မူရင်းနှင့် အခြား အဆက်အစပ် ရှိတဲ့မူရင်း စာရွက်တွေ ဖြစ်ပါတယ် ။ တချို့ “ လယ်ယာမြေ ” တွေက ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရှေ့တစ်ဆင့်မှာ ပိုင်ဆိုင်သူ ဖြစ်လာရတဲ့ အကြောင်း ရင်းတွေက မတူကြပါဘူး ။ အချို့တွေမှာက တရားရုံး အနိုင်ဒီဂရီ ၊ တချို့တွေမှာက သူများထံက ဝယ်ယူထားခဲ့တဲ့ ဆက်စပ်စာချုပ် ၊ အချို့မြေ တွေမှာတော့ ကျမ်းကျိန်လွှာကြောင့် ပိုင်ရှင် အမည်ပေါက် ဖြစ်လာကြတာက စလို့ပေါ့ဗျာ ။ ဆက်စပ်မှု တွေမှာ အမျိုးမျိုး ရှိတတ်ပါတယ် ၊ တစ်မျိုးမျိုး ရှိခဲ့ရင် အဲဒီ ဆက်စပ်မှုတွေ ရဲ့ မူရင်းစာရွက်စာတမ်း တွေကိုလည်း ငွေပြေချေတဲ့ နေ့မှာ တစ်ခါတည်း တစ်ပါတည်း တောင်းယူရမှာ ဖြစ်ပါတယ် ။
( ငွေပြေ ချေတဲ့နေ့မှာ တောင်းမထားခဲ့ရင် နောင် ဘယ်တော့မှ တောင်းလို့ ရတော့မှာ မဟုတ်ပါဘူး )


အဆင့် ( ၇ ) – “ လယ်ယာမြေ ” ကွက်ကိုလည်း လက်ရောက် ရယူပါ


            တချို့ လယ်ယာမြေ ဝယ်ယူ သူတွေက ငွေပြေချေတဲ့ အချိန်မှာ ကျန်တာတွေ အကုန်စနစ်ကျပြီး မြေကွက်ကို စနစ်တကျ လက်ရောက် ရယူဖို့ မေ့နေတတ် ကြပါတယ် ၊ ( ၁၀ ) ရက်ကြာမှ သွားကြည့် တတ်ကြတယ် ။ တကယ်လို့ ကျူးကျော်တဲ တစ်လုံး အခိုင်အမာ ရှိနေပြီတဲ့ဗျာ ၊ ဘယ်လိုလုပ် ကြမလဲ ။ ရိုက်ပုတ်ပြီး နှင်ထုတ် မှာလား ၊ ရိုက်မှုက သက်သက် ဖြစ်မှာပါ ။  မီးရှို့မှာလား ၊ ဆွဲဖျက်မှာလား ( ကိုယ့်မှာ လုပ်ပိုင်ခွင့် မရှိပါဘူးဗျာ ) ဒီတော့ ငွေပြေ ချေတဲ့နေ့မှာ မူလပိုင်ရှင်က “ ဒါကတော့ နောင်ကြီး တို့ကို လွှဲပေးရမယ့်မြေ ပါဗျာ ” ဆိုပြီး မြေကွက်ရဲ့ ဟိုဘက်အစွန်း ၊ ဒီဘက် အစွန်း ၊ ကိုယ်တတ် သလောက် ၊ မှတ်သလောက် ၊ လက်လှမ်းမီသလောက်၊ စစ်ဆေးမေးမြန်းပြီး ပေးတဲ့သူက ပေးလို့၊ လက်ခံတဲ့သူကလည်း လက်ခံလို့ လုပ်ကြရပါတယ် ( လက်ရောက် ရယူတယ်လို့ ခေါ်ပါတယ် ) တကယ်လို့ ဒီလို လက်ရောက် ရယူရမှာကို အားနာလို့ ၊ အကြောင်းကြောင်း ကြောင့် မလုပ်မိခဲ့ ကြရင် နောက်နောင်မှ သိရတဲ့ ကိစ္စတွေကို ဖြေရှင်းရတာ မလွယ်ပါဘူးဗျာ ။ ဒီတော့ ငွေပြေ ငွေကျေ ချေတဲ့နေ့မှာ အဆင့် ( ၄ ) ဖြစ်တဲ့ ၁၀၅ ၊  အဆင့်( ၅ )ဖြစ်တဲ့ SP၊ အဆင့် ( ၆ ) ဖြစ်တဲ့ ပုံစံမူရင်း ၊ အဆင့် ( ၇ ) ဖြစ်တဲ့ လယ်ယာ ကွက်တို့ ( ၄ ) မျိုးကို လက်ရောက် ရယူဖို့ မမေ့ကြပါနဲ့ ၊ နောင်မှဆိုတဲ့စကားကို မသုံးကြ ပါနဲ့ဗျာ ။


အဆင့် ( ၈ ) – တန်ဖိုး လျော့ ချုပ်တဲ့ စာချုပ်က တစ်စောင်


          ပြောတော့ သာ “ လယ်ယာ မြေ ” ဝယ်တာ ။ တစ်ဧက တန်ဖိုးက သိန်းရာ ကျော်တယ် ၊ ဆယ်ဧကကို သိန်းထောင် ကျော်တယ် ၊ တန်ဖိုးရဲ့  ၅% က တံဆိပ် ခေါင်းခွန် ကပ်မှသာ မြို့နယ် မြေစာရင်းမှာ စာချုပ်ချုပ် ရမှာမို့ နည်းနည်းတော့ သက်သာ ချင်ကြ တာပေါ့ ။
ဒီတော့ တကယ်ဝယ်တဲ့ တန်ဖိုးထက် နည်းတဲ့ တန်ဖိုးနဲ့ “ လျော့ချုပ် တဲ့စာချုပ် ” တစ်စောင် လုပ်ကြ ရပါတယ် ။ ဆရာ စာချုပ်ကို အရောင်း / အဝယ် တန်ဖိုးလျော့ ချုပ်ကြရင် အပြစ်ရှိတယ် မဟုတ်လား ဆရာ ။ ရှိတာ ပေါ့ဗျာ ။ အပြစ်ပေး မယ်သာ ဆိုရင် စာချုပ် စာတမ်း အတုပြုလုပ်မှု (  ပြစ်မှု - ၁၉၃ )  ရယ် ၊ မြေဝယ် ယူရာမှာ မမှန်မကန် ပြုလုပ်တဲ့ အတွက် “ မရွှေ့ ၊ လွှဲပြောင်း ကန့်သတ် - ၁၃ ” အရရယ် ၊ စွဲချက်တွေ အများကြီးရှိ နိုင်ပါတယ် ။ ဒါပေမဲ့လည်း လိမ်မှန်း သိလျက်နဲ့ ခွင့်လွှတ် ထားတာ “ တန်ဖိုး လျော့စာချုပ် ” တစ်ခုပဲ ရှိတယ်လို့ ပြောလို့ ရပါတယ် ၊ ဒါကလည်း ကာလတန်ဖိုး စိစစ်ရေး အဖွဲ့  /  ရာဖြတ်ရှိ နေလို့ ဒီအဖွဲ့ကို ကျော်ပြီး လိမ်လို့ မရမှန်း သိလို့နေမှာပါ ။ တန်ဖိုးလျော့ ချုပ်ပြီး ရာဖြတ်တင်လို့ ပြဿနာ ဖြစ်တယ်ဆိုတာ ကျွန်တော်တော့ တစ်ခါမှ မကြားဖူး ပါဘူး ။ ဒါပေမဲ့ ရာဖြတ်က ဆုံးဖြတ်ခဲ့တဲ့ တန်ဖိုးနဲ့သာ တံဆိပ်ခေါင်းခွန် / အမြတ်တော်ခွန် တို့ဆောင် ထားကြရင် ပြီးတာပါပဲ ။ ဒါတွေ ထားပါဦး တော့ ။ အဲဒီ လျော့ချုပ်တဲ့ စာချုပ် ကလည်း မလုပ်လို့ မရပါဘူး ခင်ဗျာ ၊ သက်ဆိုင်ရာ ရာဖြတ်က စံနှုန်းတွေနဲ့ ပြန်ပြင် ပေးမှာပါ ။


အဆင့် ( ၉ ) – တံဆိပ် ခေါင်းခွန် နှင့် မှတ်ပုံတင်ကြေး


           မြို့နယ် မြေစာရင်း ဦးစီးဌာန မှာ စာချုပ်ကြီး ချုပ်ဆိုဖို့ ၊ အခွန်တော် တံဆိပ်ခေါင်းတွေ ဝယ်ရပါ့မယ် ၊ “ ရာဖြတ် ”က ကန့်သတ်ပေးလိုက်တဲ့ တန်ဖိုး နှင့်သာ ဝယ်ယူဖို့ မြို့နယ် မြေစာရင်းက စီစဉ် ပေးမှာပါ ။  အဲဒီ ရာဖြတ်က ဖြတ်ပေးတဲ့ မြေတန်ဖိုး ရဲ့ ဝ.၂ %  နဲ့တွက်ပြီး “ စာချုပ် စာတမ်း မှတ်ပုံ တင်ကြေး ” ရယ်လို့လည်း ပေးဆောင် ရပါသေးတယ် ၊ ဒီတန်ဖိုး ကိုတော့ တံဆိပ်ခေါင်း ( သို့မဟုတ် ) ဖြတ်ပိုင်း စာရွက်နဲ့ ပေးသွင်း ကြရ ပါတယ် ။ အဲဒီလို အခွန်တော် တံဆိပ်ခေါင်း တွေနဲ့ မှတ်ပုံတင် ကြေးတွေ ပေးဆောင်ပြီးမှ မြို့နယ်မြေစာရင်း ဦးစီး ဌာနမှာ “ လယ်ယာ မြေ ” အရောင်း အဝယ် စာချုပ် ချုပ်ဆိုလို့ ရတော့မှာပါ ။ “ SP ” သာ ယူမထားခဲ့ရင် လက်မှတ်ရေးထိုးဖို့ အမည်ပေါက် မြေပိုင်ရှင် လိုအပ် သွားနိုင် ပါတယ် ။


အဆင့် ( ၁၀ ) – အမည် ပြောင်း လို့ ရပါပြီ


ရှေ့မှာ ဆရာပြောတဲ့ အဆင့်(၉)ဆင့်ပြီးသွားမှသာ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ဝယ်သူရဲ့နာမည်ပေါက် လျှောက်လို့ ရပါတယ်။
ပထမဆုံး “လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရန်အတွက်” ပုံစံ(၁၀၅)ကို ဝယ်သူနာမည်နဲ့ ထုတ်ယူရပါတယ်။ ပုံစံ(၁၀၅)ရပြီးမှ ပုံစံ(၇)မှာ နာမည်သစ်၊ ပိုင်ရှင်သစ်နဲ့ ပြန်ပြီး လျှောက်ထား ထုတ်ယူရပါတယ်၊ ရှေ့က အဆင့်ဆင့်ပြည့်စုံခဲ့ရင် အမည်ပြောင်းတဲ့ကိစ္စက မြို့နယ်မြေစာရင်းရုံးမှာတင် ပြီးပါတယ်၊
ဒါပေမဲ့ ဆရာပြောခဲ့သလို ဒီကိစ္စမှာ ရပ်/ကျေးဥက္ကဋ္ဌ လက်မှတ်ကတော့ လိုလာပြန်ပါပြီ။
(ဆရာကြီး ဦးကြည်စိုး IC (အိမ်ဘုရင်) 
ကူးယူဖော်ပြပါသည််။

#Crd to owner
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate