Advertise here!

ကုမ္ပဏီတွေမှာ အများဆုံးဖြစ့်လေ့ရှိတဲ့ အမှု ပုံစံက ဝန်ထမ်းက ကုမ္ပဏီပိုင်ငွေကို အလွဲသုံးစားပြုလုပ်သည့်အတွက် အမှုဖွင့်ခြင်း နှင့် ကုမ္ပဏီ နှင့် ဝယ်ယူသူများ၊ အရောင်းကိုယ်စလှယ်များတိုနှင့်ဖြစ်လေ့ရှိသော ငွေရလိုသည့်အမှု တွေဖြစ်ကြတယ်။

19-Aug-22 အခြား
ကုမ္ပဏီတွေမှာ အများဆုံးဖြစ့်လေ့ရှိတဲ့ အမှု ပုံစံက ဝန်ထမ်းက ကုမ္ပဏီပိုင်ငွေကို အလွဲသုံးစားပြုလုပ်သည့်အတွက် အမှုဖွင့်ခြင်း နှင့် ကုမ္ပဏီ နှင့် ဝယ်ယူသူများ၊ အရောင်းကိုယ်စလှယ်များတိုနှင့်ဖြစ်လေ့ရှိသော ငွေရလိုသည့်အမှု တွေဖြစ်ကြတယ်။

ကုမ္ပဏီတွေမှာ အများဆုံးဖြစ့်လေ့ရှိတဲ့ အမှု ပုံစံက ဝန်ထမ်းက ကုမ္ပဏီပိုင်ငွေကို အလွဲသုံးစားပြုလုပ်သည့်အတွက် အမှုဖွင့်ခြင်း နှင့် ကုမ္ပဏီ နှင့် ဝယ်ယူသူများ၊ အရောင်းကိုယ်စလှယ်များတိုနှင့်ဖြစ်လေ့ရှိသော ငွေရလိုသည့်အမှု တွေဖြစ်ကြတယ်။
ရှေ့နေအနေဖြင့် ကုမ္ပဏီ အမှုကို လိုက်ပါဆောင်ရွက်တော့မယ်ဆိုလျှင် ကုမ္ပဏီ ဘက်မှ ဘယ်လိုစာရွက်စာတမ်းများ အချက်အလက်များတောင်းယူ ကြည့်ရှုကြရမလဲ ဆိုရင်
Need to perfect documents original.
1. Company Registration Card (ကုမ္ပဏီ လိုင်စင်)
2. Contract (စာချုပ်စာတမ်း)
3. BOD (တရားလို ခန့်အပ်သည့် ဒါရိုက်တာအစည်းဝေးမှတ်တမ်း)
4. CV (ဝန်ထမ်းအမှုဆိုလျင် တောင်းယူရန်)
5. PV (payment Voucher) ငွေပေးဘောင်ချာ
6. RV (received Voucher) ငွေလက်ခံဘောင်ချာ
7. Invoice (အရောင်းကုန်ပို့လွှာ)
8. CCO (customer confirmation order) ဝယ်သူသူမှ ဝယ်ယူရန် အတည်ပြုစာ
9. SO (sale order) အရောင်းအမှာစာ
10. DO (delivery Order) ကုန်ပို့အမှာစာ
11. SR ( Sale return report) မရောင်းရ၍ပြန်ဝင်သည့်စာ
12. Final Statement (စာရင်းစစ်၏ စာရင်းချုပ်) သက်သေခံ ဥပဒေ ပုဒ်မ ၃၄ အရ သက်သေခံဝင်သည်။
13. Audit Observation Form (စာရင်းစစ်အဖွဲ၏ အစီရင်ခံစာ) သက်သေခံ ဥပဒေ ပုဒ်မ ၃၄ အရ သက်သေခံဝင်သည်။
14. Customer Confirm (ဝန်ထမ်းအမှု ဝယ်သူအတည်ပြုချက် လိုအပ်ပါသည်)
15. Service Report ( service အဖွဲ၏ အစီရင်ခံစာ)
အထက်ပါ စာရွက်စာတမ်းတွေကို တောင်းယူကြည့်ရှုပြီးမှာ အမှုကို မည်သို့တည်ဆောက်ရမလဲ ဆိုတာ ဆက်လက်စဉ်းစားပါ။ 
ကုမ္ပဏီသည် Non Legal Person ဖြစ်သည့်အတွက် ကုမ္ပဏီမှ တရားစွဲဆိုလျင် BOD ဖြင့် တရားလို ခန့်အပ်ပြီးမှသာ တရားစွဲဆိုနိူင်ကြောင်း 
(ဦးဇော်သိန်းနိူင်နှင့် ဒေါမြမြဝေ ၂၀၁၆ ခုနှစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ထုံးများ စာ- ၈၇) တွင် မြန်မာနိူင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲ ဇယား စည်းမျဉ်းအပိုဒ် ၇၁ ပါ ပြဌာန်းချက်အရ ကုမ္ပဏီ တစ်ခုခု၏ အထွေထွေအရပ်ရပ် အုပ်ချုပ်မှု စီမံခန့်ခွဲမှု အာဏာသည် ဒါရိုက်တာ အဖွဲဝင်တွင်ရှိသည့် စည်းမျဉ်းအပိုဒ် ၉၁ အရ ဒါရိုက်တာ အဖွဲကသာ ကုမ္ပဏီ ကိုယ်စားပြုရန် တစ်ဦးဦးအား လွဲအပ်ဆောင်ရွက်ခွင့်ရှိကြောင်း ပြဌာန်းထားသည်။ 
ထိုကြောင့် ကုမ္ပဏီ အမှုတွေ မှာ အမိန့်၃ နည်း၁ အရ ကိုယ်စလှယ်စာဖြင့် မစွဲဆိုသင့်ကြောင်း သတိထားရပေးမည်။
#crd#
Lawyer's Handbook
 

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate