Advertise here!

အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုရာ အကြမ်းဖက်မူတွေ နာကျင်စေ‌မူတွေ ဖြစ်တဲ့ အခါမှာတရားစွဲဆိုလေ့ရှိတဲ့ ဥပဒေ ပုဒ်မများ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်

19-Aug-22 အခြား
အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုရာ အကြမ်းဖက်မူတွေ နာကျင်စေ‌မူတွေ ဖြစ်တဲ့  အခါမှာတရားစွဲဆိုလေ့ရှိတဲ့ ဥပဒေ ပုဒ်မများ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်

အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုရာ အကြမ်းဖက်မူတွေ နာကျင်စေ‌မူတွေ ဖြစ်တဲ့  အခါမှာတရားစွဲဆိုလေ့ရှိတဲ့ ဥပဒေ ပုဒ်မများ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်
(၁) ရာဇသတ်ကြီးပုဒ်မ-၃၂၃
(အလိုအလျောက် နာကျင်စေမူ )
            မိမိ အလိုအလျောက် နာကျင်စေမူအတွက် တရားစွဲဆိုလေ့ရှိတဲ့ ပုဒ်မဖြစ်ပါတယ်။အရပ်အခေါ်ကတော့ သာမန်နာကျင်စေမူလို့ ခေါ်ကြပါတယ်။
ဒီပုဒ်မရဲ့ ဆိုလိုရင်းကတော့ လူတစ်ယောက်နေ အခြားတစ်ယောက်ကို ကိုယ်အင်္ဂါ နာကျင်စေအောင်၊ အနာရောဂါစွဲကပ်အောင်၊ ချည်နဲ့အောင် ပြုလုပ်ရင်း ဒီပုဒ်မနဲ့ အကြုံး၀င်ပါတယ်။
လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊
ဝါးလုံးဖြင့် ထိုးခြင်းများကို ဤ ပုဒ်မနဲ့ အရေးယူကြပါတယ်။ အန္တရာယ်များတဲ့ ဒဏ်ရာမျိုး မဟုတ်ပဲ
သာမန်နာကျင်စေမူတွေကို ဤပုဒ်မ အရ အရေးယူလေ့ရှိပါတယ်။
ဤပုဒ်မဟာ 
-ရဲအရေးမပိုင်၍ တရားရုံးမှာ တိုင်တန်းရမည့် ပုဒ်မဖြစ်ပါတယ်
-တရားရုံးကို တိုင်ဖို့ မသိဖူး နားမလည်းဖူးဆိုလျှင်
နီးစပ်ရာရဲစခန်းရဲ့ အကူအညီကို ရယူနိုင်ပါတယ်
ရဲ‌တွေမှာ ကူညီရမယ့် တာ၀န်ရှိပါတယ်။
-ပြစ်ဒဏ်မှာ ၁နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
(၂) ရာဇသတ်ကြီးပုဒ်မ-၃၂၄
(လက်နက်ဖြင့် သာမန်နာကျင်စေမူ)
                    ဒီပုဒ်မကို အထက်က ပုဒ်မကဲ့လို့ သာမန်နာကျင်စေမူလို့ ခေါ်လိုရပါတယ်။
ဒါပေမဲ့  ကျူးလွန်သူ(တရားခံ)၏ လုပ်ဆောင်ပုံတွေ
ဖြစ်ပျက်ပုံတွေ၊ နာကျင်မူ ဖြစ်စေတာတွေ ကတော့ ကွဲပြားပါတယ်။
                   ဒီပုဒ်မဟာ သူတစ်ပါးကို ဘေးဖြစ်စေသော  လက်နက်တို့၊ မီးတို၊ အဆိပ်တို့၊ စားလောင်စေသော အရာဝတ္ထု(ဥပမာ-အက်ဆစ်)ကဲ့သို့သော် အန္တရာယ်ဖြစ်စေတဲ့ အရာဝတ္ထုတွေ ၊ တိရိစ္ဆာန်တွေနဲ့ ဘေးဖြစ်အောင် ပြုလုပ်မူတွေ(ဥပမာ-ခွေးကိုက်အောင် ပြုလုပ်ခြင်း)တွေကို  ဒီပုဒ်မနဲ့ အရေးယူပါတယ်။ 
ဤပုဒ်မဟာ
-ရဲအရေးပိုင်၍ နီးစပ်ရာ ရဲစခန်းမှာ တိုင်ကြားနိုင်ပါတယ်။
-ပြစ်မူထင်ရှားရင်း ထောင်ဒဏ် ၃နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်။
(၃) ရာဇသတ်ကြီးပုဒ်မ-၃၂၅
(တုံးသောလက်နက်ဖြင့် အပြင်းအထန်း
နာကျင်စေမူ)
                       လူတစ်ယောက်အနေနဲ့  အခြားလူတစ်ယောက်ကို အပြင်းအထန်း နာကျင်စေအောင် ပြုလုပ်ရင်း  အပြစ်ပေးတဲ့ ပုဒ်မဖြစ်ပါတယ်။
မျက်စိမမြင်‌‌တောအောင်၊ နားမကြားတောအောင်
ကိုယ်လက်အင်္ဂါ ချို့တဲအောင် ပြုလုပ်ရင်း
ဒီပုဒ်မနဲ့ အရေးယူနိုင်ပါတယ်။
-ရဲအရေးပိုင်၍ နီးစပ်ရာ ရဲစခန်းမှာ  
တိုင်ကြားနိုင်ပါတယ်
-ပြစ်ဒဏ်ကတော့ ၇နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်ပါ ချမှတ်ပါတယ်။
             ဤပုဒ်မနှင့် စပ်လျဉ်းပြီး စီရင်ထုံတစ်ခုမှာတော့  အခုလိုဖော်ပြပါတယ်။
"ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ  ပြစ်မူထင်ရှားပါက ထောင်ဒဏ်(၇)နှစ် အထိနှင့် ငွေဒဏ်ပါချမှတ်နိုင်သည်။ ထောင်ဒဏ်မပါပဲ ငွေဒဏ်သက်သက်
ချမှတ်ခြင်း မပြုနိုင်ချေ။
မိန်းမသားတစ်ဦးအပေါ် အနိုင်အထက်ပြု၍ ပြင်းထန်းသော  ဒဏ်ရာရရှိသောအမူတွင် ဒဏ်ငွေအနည်းငယ်သာ ထပ်ရိုက်ခြင်းမှာလည်း မျှတမူရှိသည်ဟု ဆိုနိုင်မည် မဟုတ်ချေ။ နောင်တွင် ထိုသို့
ကျူးလွန်းမူများကိုလည်း ဟန်းတာနိုင်မည် မဟုတ်ချေ။"    ဟု
မအုံးတင်နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(၁၉၇၆ မတစ စာ-၁၄၃)
မှာတွေရပါတယ်။
(၄) ရာဇသတ်ကြီးပုဒ်မ-၃၃၄
(ဒေါသထွက်အောင် ပြုလုက်မူကြောင့် အပြင်းအထန် နာကျင်စေမူ)
  ‌                  ဒေါသထွက်အောင် ပြုသူမှတစ်ပါး အခြားသူအား နာကျင်စေရန် မကြံရွယ်ဘဲ့နှင့်  ရုတ်တရက် ဒေါသထွက်အောင် ပြုလုက်မူကြောင့် မိမိအလျောက် နာကျင်စေ‌တဲ့အခါ ဤပုဒ်မနဲ့
အရေးယူပါတယ်။
                     ရန်ဖြစ်စကားများရင်း ဒေါသထွက်တဲ့ အခါ  နာကျင်စေအောင် ပြုလုပ်တဲ့အခါမှာဤပုဒ်မဖြင့် အရေးယူတာလို့ ဆိုလိုပါတယ်။
-ရဲအရေးမပိုင်၍ တရားရုံးမှာ တိုင်တန်းရပါမယ်။
-ကျေးအေးခွင့်ရှိတဲ့ပုဒ်မဖြစ်ပါတယ်
-ပြစ်ဒဏ်အနေနဲ့ကတော့ ၁လထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်ငါးသောင်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။
အထက်ပါပုဒ်မများ အားလုံးဟာ
အမျိုးသမီးတွေ ကျူးလွန်းခံရတဲ့အခါ တရားစွဲဆိုလေ့ရှိတဲ့ ပုဒ်မတွေဖြစ်ပြီး
ယောက်ျား၊ မိန်းမ မရွေး ဤဥပဒေများ၏ အကာအကွယ်ကို ခံစားနိုင်ပါတယ်။
ကိုးကား
-ရာဇသတ်ကြီးဥပဒေ
-ရာဇသတ်ကြီးစီရင်းထုံးများ
-ပြည်သူအတွက် ရာဇသတ်ကြီးအနှစ်ချုပ်နှင့်
-ဆရာကောင်းမြတ်သူ၏ ရေးသားဖော်ပြချက်များကို ကိုးကားပါသည်။
 

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate