ကျွန်မတို့မိဘတွေက ဟိန္ဒူဘာသာ၀င်တွေပါ ။ မိဘတွေသေဆုံးသွားချိန်မှာ သားသမီး ၅ ယောက်အနက် အကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ပဲကျန်ပါတယ် ။
ကျွန်မတို့မိဘတွေက ဟိန္ဒူဘာသာ၀င်တွေပါ ။
မိဘတွေသေဆုံးသွားချိန်မှာ သားသမီး ၅ ယောက်အနက် အကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ပဲကျန်ပါတယ် ။
ကျန်တဲ့ မောင်နှမတွေလည်း ဆုံးသွားပါပြီ။ သားသမီး တွေတော့ ကျန်ပါတယ် ။ အကိုဖြစ်သူက မိဘအမွေကို သမီးမိန်းကလေးတွေနဲ့မဆိုင်ဘူး၊မပေးနိုင်ဘူးလို့ ပြော နေပါတယ် ။ မိဘတွေက သေတမ်းစာ မရေးခဲ့ဘူးဆိုရင် မိဘတွေထားခဲ့တဲ့ အမွေတွေကို ကျန်ရစ်တဲ့ သားသမီး ၅ယောက် ညီတူမျှတူ ခွဲဝေရမှာလား ။ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ် ။
========================
မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေနဲ့က ကွဲပြားတယ်ဆိုတာ တစ် အချက်အနေနဲ့သိရပါ မယ်။ နောက် ၂ အချက်က မြန်မာနိုင်ငံတရားဥပဒေများအက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အမွေဆက်ခံရေး၊ ထိမ်မြားလက်ထပ်ရေး၊ မျိုးနွယ်ရေး၊ ဘာသာရေးတွေ အား လုံးကို ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရပဲ အဆုံးအဖြတ်ပြုရမှာဖြစ်ပါတယ်။ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေကို ကြည့် လိုက်ရင် ပူးတွဲပိုင်ဆိုင်တဲ့ မိသားစုပုံစံကို အခြေခံထားပါတယ်။ အဲ့တော့ အမွေရှင်ရဲ့သား၊ သူ့သားရဲ့သား၊ မြေး ဖြစ်တာပေါ့။ သားရဲ့ သားရဲ့သား၊ မြစ် အဲလိုမျိုးပုံစံနဲ့ မိသားစုတွေက သွေးတူတဲ့ ပုံစံမျိုးဖြစ်ကြပြီးတော့ အမွေ ရှင်ရဲ့ အမွေကို သွေးတူသူတွေက ဆက်ခံတာဖြစ်တယ်။ အဲဒါက ဒုတိယအချက်ပေါ့။
အဲ့တော့ မေးခွန်းအရ ကွယ်လွန်တဲ့သားသမီးတွေက မိဘတွေနောက်မှာ ကွယ်လွန်ရင်တော့ သေတဲ့သူတွေရဲ့ သားသမီးမြေး၊ မြစ်တွေက အမွေဆက်ခံခွင့်ရမယ်။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန်ရင်တော့ ကိုယ်စားပြု ဆက်ခံနိုင်ခွင့် မရှိတဲ့အတွက်ကြောင့် အမွေမရနိုင်ပါဘူး။ နောက်တစ်ခါ ဟိန္ဒူတွေရဲ့ ဓလေ့ထုံးတမ်းက ခုနက ပြောတဲ့ သားရဲ့သားရဲ့သား ဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဖြစ်တဲ့ အစ်ကို ရှိနေတဲ့အတွက်ကြောင့် မို့လို့ သမီးမိန်းကလေးဖြစ်တဲ့ ညီမဖြစ်တဲ့သူက အမွေရခွင့် မရှိပါဘူးလို့ပဲဖြေကြားချင်ပါတယ်။
Crd
(Dvb law lab )ကူးယူဖော်ပြပါသည်။
Related Posts

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...