ချေးငွေကို ဟန်ဆောင် စာချုုပ် ပြုလုပ်၍ ဖန်တီး ထားသည့် စရန်ပေး စာချုပ်ဖြင့် အရောင်း အဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ ရ / မရ ကိစ္စ ။

ချေးငွေကို ဟန်ဆောင် စာချုုပ် ပြုလုပ်၍ ဖန်တီး ထားသည့် စရန်ပေး စာချုပ်ဖြင့် အရောင်း အဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ ရ / မရ ကိစ္စ ။

           ချေး ငွေကို ဟန်ဆောင် စာချုုပ် ပြုလုပ်၍ ဖန်တီး ထားသည့် စရန်ပေး စာချုပ်ဖြင့် အရောင်း အဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ / မရ ကိစ္စ ။  အရပ်ထဲတွင် ငွေတိုး ချေးစား သူများသည် အိမ် ခြံ မြေ အရောင်းအဝယ် ဟန်ဆောင် စာချုပ်များပြုလုပ်၍ ချေးငွေ နှင့် အတိုးကို စရန်ပေး စာချုပ်အဖြစ် ဖန်တီးပြုလုပ် တတ်ကျသည် ။လိုင်စင်မဲ့ ငွေတိုး ချေးစား သူသည် ငွေချေး ယူသူမှ ချေးယူ ထားသည့် ငွေအား ပြန်မဆပ် နိုင်သည့် အခါ ချေးငွေ နှင့် အတိုးငွေများကို စုပေါင်း၍ ချေးငွေ စုစုပေါင်းအား ငွေချေး ယူသူပိုင်ဆိုင်သည့် အိမ် ခြံ မြေကို ဝယ်ယူသည့် အရောင်း အဝယ် စာရန် ပေးစာချုပ် ချုပ်ဆိုသည် ။


            အဆိုပါ စာချုုပ်တွင် အချိန်ကာလ တစ်ခု သတ်မှတ်၍ အဆိုပါ ကာလ အတွင်း ငွေချေးယူမှ ပြန်လည် ဝယ်ယူ လိုလျှင် ဝယ်ယူနိုင်ကြောင်း နှင့် ဝယ်ယူ နိုင်ခြင်း မရှိပါက သတ်မှတ် ထားသည့် ရောင်းဖိုး ငွေအတိုင်း ကျန်ငွေ ပေးချေသည် ကိုလက်ခံ၍ အရောင်းအဝယ် ဆက်လက်  ပြုလုပ်ရန် ဟန်ဆောင် စာချုပ်ချုပ် ဆိုကျသည် ။ ချေး ယူထားသည့် ချေးငွေအပေါ် အတိုး အဆင့်ဆင့်ဖြင့် တိုးရင်း ပေါင်းထား သည့်ငွေကို စရန်ငွေ အဖြစ်ပေး ချေထားကြောင်း စာချုပ်ချုပ် ဆိုထားပြီး အဆိုပါ စရန်ငွေကို စာချုပ်ချုပ် ဆိုသည့်နေ့တွင် အမှန်တကယ် လက်ငင်း ပေးချေခြင်း မဟုတ်သည့် အပြင် သတ်မှတ် အချိန်ကာလ အတွင်း ပြန်လည် ဝယ်ယူနိုင် ကြောင်း ဖော်ပြချက် လည်းပါဝင် နေသည့်အတွက် ချုပ်ဆို ထားသော အရောင်း အဝယ် စရန်ပေး စာချုပ်သည် အမှတ်စင်စစ် ရောင်းချရန် ရည်ရွယ် ချုပ်ဆို ထားသည့် စာချုပ်မဟုတ်ဘဲ ချေးငွေအတွက် ဟန်ဆောင် ချုပ်ဆိုထားသည့် စာချုပ် ဖြစ်ကြောင်း ပေါ်လွင် နေပါသည် ။


           ဟန်ဆောင် စာချုပ်သည် ဥပဒေအရ အတည်ပြု ခွင့်မရှိသဖြင့် ပဋိညာဉ် မမြောက်ပေ ။ စရန်ငွေအား အမှန်တကယ် ပေးအပ်ခြင်းမရှိဘဲ ယခင် အလီလီ ရယူခဲ့သည့် ငွေများကို ထည့်တွက် ခဲ့သည် ဆိုသော်လည်း ထိုသို့ အလီလီပေး ခဲ့သည့် အထောက် အထားမရှိသဖြင့် ချေးငွေရင်းနှင့် အတိုးပေါ် အတိုးဆင့်၍ တွက်ချက် ကောက်ခံ ထားသည့် ကြွေးမြီးသာ ဖြစ်ကြောင်း ကောက်ယူ သုံးသတ်သည် ။
အမှုမှာ ချေးငွေကို အိမ် ခြံ မြေ အရောင်းအဝယ် စရန်ပေးငွေ အဖြစ် ဖန်တီးထားသည့် ဟန်ဆောင် စာချုပ်အပေါ် အခြေခံ စွဲဆိုထားသည့်အမှု ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အမှုကို ပလပ်လိုက်သည် ဟု သုံးသတ် ထားသည် ။
( ၂၀၀၂ခုနှစ် ၊  မြန်မာ နိုင်ငံ တရားစီရင်ထုံး ၊ ဒေါ် အေးအေး နှင့် ဒေါ်နန်းလီ ( ခ ) ဒေါ်လီလီလှိုင် ) 
ထို့ကြောင့် ချေးငွေကို ဟန်ဆောင် စာချုုပ် ပြုလုပ်၍ ဖန်တီး ထားသည့် စရန်ပေး စာချုပ်ဖြင့် အရောင်း အဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ မရနိုင်ပါ ။

#Crd to owner

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate