ကျွန်တော့်ဇနီးက နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို ရိပ်မိပေမယ့် လက်ဆုတ်လက်ကိုင်ပြလို့ မရတာ ကြာပါပြီ ။ ကလေးမွေးပြီးနောက်ပိုင်းမှာ အဲဒီကလေးက ဖောက်ပြန်တယ်လို့ သံသယရှိသူနဲ့ တဖြည်း ဖြည်းတူနေပါတယ် ။ နှစ်ယောက်စလုံးကို အမှုဖွင့်လို့ရနိုင်ပါသလား ။

ကျွန်တော့်ဇနီးက နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို ရိပ်မိပေမယ့် လက်ဆုတ်လက်ကိုင်ပြလို့ မရတာ ကြာပါပြီ ။ ကလေးမွေးပြီးနောက်ပိုင်းမှာ အဲဒီကလေးက ဖောက်ပြန်တယ်လို့ သံသယရှိသူနဲ့ တဖြည်း ဖြည်းတူနေပါတယ် ။ နှစ်ယောက်စလုံးကို အမှုဖွင့်လို့ရနိုင်ပါသလား ။
=========================
တကယ်လို့ သံသယရှိတဲ့အတိုင်း ဇနီးဖြစ်တဲ့သူက ဖောက်ပြန်ခဲ့တယ်ဆိုရင် ၊ အဲဒီအချိန်ကတည်းက အရေးယူခဲ့ မယ်ဆိုရင် မယားခိုးမှုမြောက်မယ်။ တစ်လင်တစ်မယားဥပဒေနဲ့ ငြိစွန်းမှုရှိမယ်။ ဒီကလေးက တတိယလူနဲ့ တူ တယ်ဆိုတော့ ကျူးလွန်ထားတာတော့ မြင်သာတယ်။ သူ့ကို ဒီအင်အေ (DNA) စစ်လိုက်ရင် မပေါ်နိုင်ဘူး လား။ ဒါက Expert Opinion ဖြစ်တယ်။ သက်သေခံဥပဒေအရလည်း ဆေးစာသက်သေခံဝင်တယ်။ ဒါကို အခြေပြုပြီးတော့ မိမိဘက်က အခိုင်အမာ သက်သေပြနိုင်မယ်ဆိုရင် တရားစွဲလို့ရပါတယ်။ ဒါက ကြီးလေးတဲ့ ရက်စက်မှုဖြစ်မယ် ။ ဒါဆိုရင် ဖောက်ပြန်တဲ့သူက ဘာမှမရဘူး ။ အားလုံးစွန့်လွတ်ရမယ်။ နောက် ရာဇဝတ် ကြောင်းအရ ၊ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရဆိုရင် ပြစ်ဒဏ်ကျမယ်။ ဘယ်ဟာနဲ့ပဲဖြစ်ဖြစ် အရေးယူလို့ရပါတယ်လို့ အကြံပြုချင်ပါတယ်။
#DVBlawlab #DVBtvnews #တစ်လင်တစ်မယား #DNAg
#Crd to owner
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...