ဖုန်းထဲကအသံသက်သေခံဝင် ------------------------------------ လူတိုင်းသိချင် ၊မေးချင်သော……… ဖုန်းထဲမှာပြောကြားတဲ့ အသံဖိုင်ဟာ ၂၀၁၅ခုနှစ် သက်သေခံဥပဒေပြင်ဆင်သည့် ဥပဒေအရ "စာတမ်းအမှတ်အသား" အဖြစ် သက်သေခံတင်သွင်းလို့ရပါတယ်။

03-Aug-22 အခြား
ဖုန်းထဲကအသံသက်သေခံဝင် ------------------------------------ လူတိုင်းသိချင် ၊မေးချင်သော……… ဖုန်းထဲမှာပြောကြားတဲ့ အသံဖိုင်ဟာ ၂၀၁၅ခုနှစ် သက်သေခံဥပဒေပြင်ဆင်သည့် ဥပဒေအရ "စာတမ်းအမှတ်အသား" အဖြစ် သက်သေခံတင်သွင်းလို့ရပါတယ်။

ဖုန်းထဲကအသံသက်သေခံဝင်
------------------------------------
လူတိုင်းသိချင် ၊မေးချင်သော………
ဖုန်းထဲမှာပြောကြားတဲ့ အသံဖိုင်ဟာ ၂၀၁၅ခုနှစ် သက်သေခံဥပဒေပြင်ဆင်သည့် ဥပဒေအရ "စာတမ်းအမှတ်အသား" အဖြစ် သက်သေခံတင်သွင်းလို့ရပါတယ်။
ပြင်ဆင်ချက်ပုဒ်မ ၂( ခ)အရ စာတမ်းအမှတ်အသား ဆိုတဲ့စကားရပ် ဥပမာများ……(၄)မှာ-အသံကိုထည့်သွင်းထားချက်များကို ယင်းမှ 
ပြန်လည်ထုတ်ဖော်ယူနိုင်သော ဓာတ်ပြား တိတ်ခွေ အသံလမ်းကြောင်း သို့မဟုတ် အခြားကိရိယာတစ်ခုခုလို့ အစားထိုးထားတယ်။
ဒီတော့ တယ်လီဖုန်းထဲကနေ ပြန်ကူးယူထားတဲ့ CDခွေ တိတ်ခွေ မန်မိုရီကဒ်တွေဟာ  စာတမ်းအမှတ်အသားလို့ သတ်မှတ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖုန်းထဲက အသံကို တိတ်ခွေ မန်မိုရီကဒ် 
CDနဲ့ကူးလိုက်ရင် ဒါဟာစာတမ်းအမှတ်အသားအဖြစ် ရရှိပါပြီ။
#စာတမ်းအမှတ်အသားမိတ္တူ
ပြင်ဆင်ချက်ပုဒ်မ ၂ (ဂ)(၁) အဆိုပါစာတမ်းအမှတ်အသားနှင့်စပ်လျဉ်းပြီး အသံပါအချက်အလက်များတို့မှ ပုံဖော်ကူးယူချက်သည် စာတမ်းအမှတ်အသားမိတ္တူဖြစ်တယ်လို့ ပြင်ဆင်ဖော်ပြခဲ့ပါတယ်။
ကျွန်တော်တို့တွေဟာ အပေါ်ကCDကဖြစ်စေ မန်မိုရီကဒ်ကဖြစ်စေ အသံပြောကြားချက်များကို စာဖြင့်ရေးကူးလိုက်တာနှင့် ထိုစာဟာ စာတမ်းအမှတ်အသားမိတ္တူရရှိပါပြီ။
စာတမ်းအမှတ်အသားနှင့်မိတ္တူဆက်စပ်ပုံ
ပြင်ဆင်ချက်ပုဒ်မ( ၅ )အရ စာတမ်းအမှတ်အသားမိတ္တူတစ်ခုဟာ စာတမ်းအမှတ်အသားဖြစ်ကြောင်း တိကျခိုင်မာစွာသေချာပြနိုင်လျင် အဆိုပါမိတ္တူသည် မူရင်းသက်သေခံချက်ဖြစ်သည်ဟု ဖြည့်စွက်ပြင်ဆင်ထားပါတယ်။
ဒါကြောင့် ကျွန်တော်တို့သည် စာတမ်းအမှတ်အသားဖြစ်စေ CDတိတ်ခွေ မင်မိုရီကဒ်ကအသံကိုဖွင့်ပြပြီး မိတ္တူကူးထားတဲ့ စာရွက်ပေါ်က စကားလုံးတွေနဲ့ တရားရုံးရှေ့တိုက်ဆိုင်ပြလိုက်လျှင် ပုဒ်မ(၅)ပါ တိကျခိုင်မာမူကို ပြသနိုင်တာဖြစ်လို့ အဆိုပါမိတ္တူသည် "မူရင်း"သက်သေခံချက်ဖြစ် သွားပါပြီ။
သက်သေခံဥပဒေပုဒ်မ၆၄
စာတမ်းအမှတ်အသားများကို မူရင်းသက်သေခံချက်ဖြင့် တင်ပြရမည်။
ဒါကြောင့် ကျွန်တော်တို့ ဖုန်းထဲကအသံ ကူးထားတဲ့ CD တိတ်ခွေ မင်မိုရီကဒ်တွေက ပြင်ဆင်ချက်၂(ခ)အရ စာတမ်းအမှတ်အသားများ ဖြစ်လာကာ ၎င်းမှ စာရွက်ပေါ် ကူးယူချက်တွေသည် စာတမ်းအမှတ်အသားမိတ္တူများအဖြစ် ပုဒ်မ၂(ဂ)အရ သတ်မှတ်နိုင်သည်။
တရားရုံးရှေ့ စာတမ်းအမှတ်အသားဖြစ်တဲ့အသံကို မိတ္တူနှင့်တိုက် တိကျခိုင်မှာကြောင်းသက်သေ ပြလိုက်တာနှင့် ပြင်ဆင်ချက်(၅)အရ မိတ္တူသည် မူရင်းသက်သေခံအဖြစ် မှတ်ယူရမှာ ဖြစ်ပါသည်။
ထိုအခါ သက်သေခံ ၆၄အရ အဆိုပါစာတမ်းမိတ္တူများသည် မူရင်းသက်သေခံဖြစ်လို့ တရားရုံးမှာသက်သေခံတင်သွင်းနိုင်ပြီ ဖြစ်ပါသည်။အခြားရုပ်သံများသည်လည်း အလားတူ တင်သွင်းနိုင်ပေမည်။
ဆရာဦးသိန်းထိုက်အောင်
 

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate