ဥပဒေ စကားဝိုင်း တွေမှာ လင်မယား အရှုပ်အထုတ် တွေပြီးရင် ဒုတိယ အမေး အများဆုံးက… ( ငွေရလိုမှု ) ပေါ့…

ဥပဒေ စကားဝိုင်း တွေမှာ လင်မယား အရှုပ်အထုတ် တွေပြီးရင် ဒုတိယ အမေး အများဆုံးက… (  ငွေရလိုမှု  ) ပေါ့…

         ဥပဒေ စကားဝိုင်း တွေမှာ လင်မယား အရှုပ်အထုတ် တွေပြီးရင် ဒုတိယ အမေး အများဆုံးက…( ငွေရလိုမှု ) ပေါ့…ပိုက်ဆံကို အတိုးနဲ့ ချေးတယ် / ယူသူက ပထမအတိုး မှန်မှန် ပေးနေတော့ ဟုတ်နေတာပဲ … ၃  /  ၄ လလောက် နေတော့ အတိုးပုံမှန် မပေးတော့ဘူး ( ဟိုအကြောင်းပြ ဒီအကြောင်း ပြလုပ်လာပီ  )…တစ်နှစ်တောင် မခံ အတိုးမပေး အရင်းမလာတွေ ဖြစ်တော့မှ ရှေ့နေနဲ့  နို့တစ်ပို့  / ရပ်ကျေးရုံး တွေမှာ ငွေယုံကြည် အပ်နှံကြောင်း စာချူပ်ချူ ပ်…ဘယ်နေ့ ဘယ်ရက် ပေးပါမယ် /  ဘယ်လိုနည်းနဲ့ ပေးပါ့မယ် စသဖြင့် ယူတဲ့သူက လက်မှတ်ထိုး ။  ခုခေတ် ပိုဆိုး လာတာက (  စုမဲတွေ  )…စုမဲ လိမ်မှု့ တွေလဲ ထိုနည်း လည်းကောင်း ( စုမဲ ဒိုင် ) မပေးနိုင်တော့ဘူး ဆိုရင် အပေါ်က အတိုင်း ယုံကြည် အပ်နှံစာချူ ပ်ချူပ်မယ် ဆိုတာချည်းပဲ သတ်မှတ်ရက် ကျော်လို့ မရတော့မှ ရာဇသတ် ပုဒ်မ ၄၀၆ ယုံကြည်အပ် နှံစာချူပ် ဖောက်ဖျက်မှု့နဲ့  အမှု့ဖွင့်တော့ တာပဲ ၊ ၄၀၆ က အရင်က အာမခံ မပေးဘူး ( နောက်ပိုင်း ပြင်ဆင်တဲ့ ဥပဒေနဲ့ ) မှ အာမခံ ပေးတာ …

 

          သူ့ပြစ်ဒဏ်က ၃ နှစ် ထိမပိုတဲ့ ထောင်ဒဏ် ( သို့ ) ဒဏ်ငွေ ( သို့ ) ပြစ်ဒဏ် ၂ ရပ်ပေါင်း …ဒီနေရာမှာ အဓိက သိစေချင်တာက …ယုံကြည်အပ် နှံခြင်း ဆိုတဲ့စကားရပ် …ဒီပုဒ်မနဲ့ တရားစွဲမယ်ဆိုရင်…လူတစ်ယောက်ဟာ အခြား လူတစ်ယောက်ကို ပစ္စည်း /ငွေ
အပ်နှံရတဲ့ အကြောင်းချင်း ရာဟာ ထင်ရှား ပေါ်လွင် ရပါမယ် ဆိုလိုတာက…နစ်နာသူဟာ ဒီငွေကို စွပ်စွဲခံရသူထံ ဘာအကြောင်း ကြောင့်အပ်နှံထား ရပါလဲ ( ဒါ အရေးအကြီးဆုံး အချက်ပါ  ) …အပ်နှံထားရတဲ့ အကြောင်းရင်းကို ဆီလျော်အောင် မပြနိုင်ရင် အမှု့ရှုံးပါမယ် အများအားဖြင့် ဖြစ်နေတာက …ငွေအပ်နှံ ထားပါတယ် ဆိုတဲ့ နစ်နာသူက တိုက်နဲ့ ကားနဲ့သူက ယုံကြည်လို့ ငွေ အပ်နှံထားပါတယ် ဆိုတဲ့ စွပ်စွဲခံရသူက ဓနိမိုး ထရံကာ (  ဧည့်သည် လာလို့မှ ခင်းပေးစရာ ဖျာမရှိ  ) အပေါ် ဟင်းလင်း / အောက် ဟောင်းလောင်း နေအိမ်မျိူးမှာနေတာ …တိုက်နဲ့ ကားနဲ့ နေသူက မနက်စာ ညစာပေါင်းစား ရသူထံ ယုံယုံ ကြည်ကြည်နဲ့ ငွေတွေ အပ်ထားပါတယ် ဆိုတော့ကာဘဏ် သွားအပ်မှာပေါ့  / ဘာလို့ ဒီလို လူတန်းစားတွေ ဆီအပ်မှာလဲဗျ (  နော့်  )…

 

            ရဲက အမှု့ဖွင့်ပေး စစ်ဆေး မေးမြန်း အမှု့တည်ဆောက် တရားရုံးလဲ တင်ရော (  စွပ်စွဲခံရသူ ) ဘက်က ချက်ကျ လက်ကျမေးတဲ့ ရှေ့နေနဲ့ တွေ့မှ …ငွေတိုးချေးတာ / စုမဲလိမ်တာ စတာတွေပေါ် …စွဲချက်တင်တဲ့ အဆင့်မရောက် အမှု့ရှုံး ငွေကုန် လူပမ်း  / နောက်ဆုံး တရားမ ကြောင်းနဲ့ ငွေရလိုမှု့  စွဲရတဲ့အဆင့် ရောက်တော့တာပဲ …နောက်ထပ် သိစေချင်တာက ရာဇသတ်ပုဒ်မ ၄၂၀ (  လိမ်လည်မှု့  )…အပေါ်က ပြောသလိုပဲ စုမဲလိမ်ခံ ရသူတွေ  / တရားမဝင် ငွေတိုးပေးစား သူတွေ အများစုဖွင့် ကြတဲ့ပုဒ်မ  /  မေတ္တာနဲ့ ငွေချေးပါတယ် / ပြန်ပေးမယ် ဆိုတဲ့ရက် ပြန်မပေးလို့ ရာဇသတ်ပုဒ်မ ၄၂၀ (  လိမ်လည်မှု့  ) နဲ့ ရဲစခန်းမှာ အမှု့ဖွင့်တာပေါ့ စဉ်းစားရမှာက ရာဇသတ်ပုဒ်မ ၄၂၀ ကျူးလွန်ပါတယ် လို့ သက်သေပြရမှာက တရားလို ရဲ့တာဝန် … ၄၂၀ ရဲ့စကားရပ် အဓိပ္ပါယ်က မရိုးမဖြောင့် သောနည်းနဲ့ ပစ္စည်း / ငွေ စတာတွေကို လက်ခံရယူပြီး ပြန်မပေးတာ ( လိမ်တာ )…လိမ်ဖို့ ရည်ရွယ်ချက်နဲ့ လက်ခံပြီး ပြန်မပေးတာ …ဒါကြောင့် …ပုဒ်မ ၄၂၀ နဲ့ စွဲမယ်ဆိုရင် နစ်နာသူထံ ကနေ စွပ်စွဲခံရသူဟာ မရိုးဖြောင့်တဲ့ နည်းနဲ့ ငွေ (  သို့  ) ပစ္စည်းအား ရယူခဲ့ တယ်ဆိုတာ သက်သေပြနိုင် ရပါမယ် …မပြနိုင်ရင် အမှု့ရှုံးပြီ ။  စာချူ ပ်မှာ မေတ္တာနဲ့ ချေးငှားတာပါ ပြောပြော  /  ရင်းနှီးလို့ / ဆွေမျိူး ဖြစ်နေလို့ အတိုးမပါ ချေးငှားတာပါလို့ဆိုဆို …တရားခွင် ရောက်မှ စွဲချက် အဆင့် မရောက်ဘဲ အမှု့ရှုံး…

 

               နောက်ဆုံး ငွေရလိုမှု့ ( တရားမ လမ်းကြောင်း )နဲ့ နှစ်ပေါင်း များစွာသော ရုံးချိန်းတွေနဲ့ (  ခံပေဦးတော့ ) ဒုက္ခတွေ…ပြည်သူအများစု ဒီပုဒ်မ ၂ ခုရဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကို ရှင်းရှင်း လင်လင်း မသိကြပါဘူး ၄၀၆ နဲ့စွဲရမလား ၄၂၀ နဲ့ ။ အမှု့ဖွင့်ရမလား စသဖြင့်ပါ …ရှင်းပြပေး လိုပါတယ် …A ဟာ အလှူ သွားစရာရှိလို့ B ထံက လက်ဝတ် ရတနာတွေ ငှားရမ်းသွားမယ်  / အလှူ ပြီးတဲ့ထိ ပြန်လာ မပေးဘူး…B ယုံကြည်အောင် A က ပြောဆိုလို့ B က ယုံကြည်စွာနဲ့ လက်ဝတ်ရတနာတွေ အပ်နှံလိုက်တာ ဖြစ်လို့ ရာဇသတ်ပုဒ်မ ၄၀၆ ( မြောက် ပါတယ် )…ဒီလိုမှ မဟုတ်…မရှိတာကို အရှိဖြစ် အောင်ပြော…တကယ်အလှူ မရှိဘဲနဲ့ အလှူ ရှိလို့ပါလို့ ပြောပြီး A က Bထံက လက်ဝတ် ရတနာတွေ လက်ခံယူ  /  ပြန်မပေးတာ ဟာပုဒ်မ ၄၂၀ (  လိမ်လည်မှု့  ) ပါ …မရှိတဲ့အလှူ ကိုအကြောင်းပြ ကတည်းက A ဟာမရိုး ဖြောင့်တဲ့ သဘောနဲ့ လက်ခံရ ယူကြောင်း ပေါ်လွင် ထင်ရှားတဲ့ အတွက် ပုဒ်မ ၄၂၀ ( မြောက်ပါတယ် )…

 

               တူမယောင် ယောင်နဲ့ ကွာခြားသလို ပြစ်ဒဏ်ချင်း ကလဲ ပျားရည် နဲ့ ငရုတ်ကောင်း ပါပဲ …၄၀၆ က ၃ နှစ်ထက်မပိုသောထောင်ဒဏ် ဖြစ်စေ ဒဏ်ငွေဖြစ်စေ ပြစ်ဒဏ်နှစ်ရပ် ပေါင်းဖြစ်စေ ( ဆိုတော့ကာ ) ဒဏ်ငွေနဲ့ ပြီးလို့ ရပါတယ်တဲ့ …နစ်နာသူကလဲ ယုံကြည် လိုက်တဲ့အတွက် တရားခံဟာ ပြစ်ဒဏ် ပေါ့ပါတယ် …မိမိဆုံးရှုံး လိုက်တာက သိန်း ၁၅၀ ( ရုံးတော်က ချမှတ်တဲ့ ပြစ်ဒဏ်ကဒဏ်ငွေ တစ်သိန်း ) ဖြစ်ရပ်တွေမှ တပုံတပင် …( အဲ့ ) လာပီ ၄၂၀ ရာဇသတ်ပုဒ်မ ၄၂၀ က ( ၇ ) နှစ်ထိ ထောင် ဒဏ်အပြင် ငွေဒဏ်ပါ ပူးတွဲချ နိုင်ပါတယ် …ထောင် မဖြစ်မနေ ချရမယ့် ပုဒ်မ အမျိူးအစားပါ …( ဒါကြောင့်  )…အကြောင်း အမျိူးမျိူးကြောင့် မိမိတို့ငွေ ပြန်မရဘူးဆို တိုင်း ပုဒ်မ ၄၀၆ / ၄၂၀ တွေနဲ့ ( လုပ်ပိုင် ခွင့်မရှိတဲ့ ) ရပ်ကျေးရုံးတွေ အားကိုးပြီး အရပ် ကတိစာချူပ် တွေချုပ် / မရတော့မှရဲစခန်းမှာ အမှု့ဖွင့် ( မလုပ် ကြပါနဲ့ )…ဆုံးရှုံးမယ့် မိမိ ငွေတန်ဖိုး   / တဖက်သား လက်ရှိ အခြေအနေ စတာတွေနဲ့ အတူ ပြဿနာ စဆုံးကို တတ်သိ နားလည်သူ တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်ကြဖို့ (  တဖက်က ပေးနိုင်ရက်နဲ့  ) ညစ်ပတ်ပြီး မပေးတာမျိူး မှသာ ၎င်း ပုဒ်မတွေနဲ့ အမှု့ဖွင့် တရားစွဲ လုပ်ကြဖို့ မမှားသင့်တာ မမှားရလေအောင် ရေးသား တင်ပြ လိုက်ပါတယ် ။


                               ( လေးစားလျက် )
ရေးသားသူ ဆရာခင်ဝင်း
ကူးယူ တင်ပြပါသည် ။
#Crd to owner
 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate