ပုဒ်မ၄၁၇ဆိုတာနဲ့ကာမလိမ်လည်ရယူမှု တစ်နည်းအားဖြင့်စားပီးနားမလည်ဝါးပီးထွေးထုတ်မှု့ဆိုတာ..
13-Aug-21

မီဒီယာခေတ်ဖြစ်တဲ့ ခုလိုခေတ်မှာ public တော်တော်များများသိနေပြီးသားဖြစ်မှာပါ..
၄၁၇ ဆိုတာနဲ့ စိတ်ဝင်တစားကြည့်ကြ ဖတ်ကြ ဝေဖန်ကြ ( ဒါ ) ထုံးစံလိုဖြစ်နေပါပီ..
( အဲ့ ) မသိကြတာက ဘယ်လိုအခြေအနေမျိူးမှာ ဒီပုဒ်မနဲ့ တရားစွဲလို့ရလဲ ဆိုတာပါ..
( တကယ်တော့ )...
စားပီး နားမလည် / ဝါးပီးထွေးထုတ်တိုင်း ဒီ
ပုဒ်မနဲ့အရေးယူလို့မရပါဘူး..
ရာဇသတ်ပုဒ်မ ၄၁၇ ဆိုတာ ပစ္စည်း သို့မဟုတ် လူအား ယုံကြည်အောင်လှည့်ဖျားပြောဆိုပီး လိမ်လည်ရယူမှု့ဖြစ်ကာ ပြစ်မှု့ထင်ရှားပါက ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ( သို့ )ဒဏ်ငွေ ( သို့ ) ပြစ်ဒဏ်နှစ်ရပ်ပေါင်းကျခံနိုင်တဲ့ ပုဒ်မဖြစ်ပီး နစ်နာသူကိုယ်တိုင်သက်သေအထောက်အထား ခိုင်လုံစွာနဲ့ တိုင်ရတာပါ..
သူကြိုက် ကိုယ်ကြိုက် ဆိတ်ကွယ်ရာမှာ အတူနေပြီး ကောင်လေးက မယူတော့ဘူးဆိုတိုင်း ၄၁၇ မမြောက်ပါ..
( ဘာသက်သေလိုလဲ )..
အဓိကက မိန်းကလေးဟာ သူမအားလက်ထပ်ယူပါမယ်လို့ ကောင်လေးဘက်ကယုံကြည်အောင်လှည့်ဖြားပြောဆိုတဲ့အတွက် ( ကာမ ) ပေးမိကြောင်း သက်သေလိုပါတယ်
( အဲ့ဒီ ) သက်သေကို နစ်နာသူမပြနိုင်ရင် အမှု့ရှုံးပါမယ်..
( ဆိုတော့ကာ )..
ယူပါ့မယ် လို့ပြောကြောင်း ဘာနဲ့သက်သေပြမလဲ ??
အသဲဖမ်းထားပီး အသံဖိုင်နဲ့ပြမလား / message တွေပြမလား တစ်ခုခုတော့ပြနိုင်ရပါမယ်..
အဲ့ဒီ Electronic သက်သေတွေကရော ဘယ်လောက်ထိ ခိုင်မာမှု့ရှိမလဲ ( မသေချာ မရေရာ ) ပါပဲ ..
သက်သေခိုင်မာစွာ မပြနိုင်လို့ အမှု့ရှုံးတဲ့အပြင် ( ကျမ အပျိူမစစ်တော့ပါဘူးရှင် )
လို့ လူပုံအလယ်ချပြလိုက်သလိုဖြစ်ပီး မိသားစုပါ သူတပါးတံတွေးခွက် ဒေါင်လိုက်မြောရတဲ့ အဖြစ်တွေတပုံတပင်..
( ဒါဆို ) ..
နစ်နာသူမိန်းကလေးဘက်က ဒီတိုင်းငြိမ်ခံနေရတော့မှာလား / ဥပဒေရဲ့ ကုစားမှု့ကို မရနိုင်တော့ဘူးလား စသဖြင့် မေးစရာရှိလာပါပီ..
( ဖြေရရင်တော့ )..
အောက်ပါအခြေအနေမျိူးတွေမှာ စားပီးနားမလည် ဝါးပီးထွေးထုတ်ခဲ့ရင် ကျူးလွန်သူလူယုတ်မာကို ၄၁၇ နဲ့အရေးယူနိုင်ပါတယ်..
...စေ့စပ်ထားပြီး အနေအထား..
...နှစ်ဖက်မိဘနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သေချာပေါက်ယူကြမယ့် ချစ်သူတွေလို့သတ်မှတ်တဲ့အနေအထား..
..မိန်းကလေးရဲ့သူငယ်ချင်းတွေက ယူကြမယ့်စုံတွဲလို့ သတ်မှတ်ကြတဲ့အနေအထား..
စတဲ့ စတဲ့အနေအထားမျိူးတွေမှာ ဝါးပီးထွေးထုတ်ခဲ့ရင် နစ်နာသူ မိန်းကလေးက ရာဇသတ်ပုဒ်မ ၄၁၇ နဲ့တရားစွဲနိုင်ပါတယ်..
သူကြိုက် ကိုယ်ကြိုက် ဟိုတယ်မှာ / ကောက်ရိုးပုံမှာ / တောတန်းလေးထဲမှာ sex
ကြပြီး ကောင်လေးက ( နာဘိုး ) လို့ပြောယုံမျှနဲ့ ၄၁၇ နဲ့စွဲဖို့ဆိုတာ မိန်းကလေးအတွက် အမှု့မနိုင် / အပျိူမစစ်ကြေငြာသလိုနှစ်ကျပ်ကွက် မိတတ်ပါတယ်..
( ဒါကြောင့် အကြံပြုလိုတာက )..
မြန်မာနိုင်ငံရှိ အမျိူးကောင်းသမီးလေးများ
ကောင်လေးတွေ talking တွေထဲမျောမသွားပါနဲ့..
ဘယ်သောအခါမှ ပြန်မရနိုင်တဲ့ အပျိူစင်ဘဝ အား လွယ်ကူစွာအဆုံးရှုံးမခံပါနဲ့..
အထိအတွေ့ပေါ် မသာယာကြပါနဲ့..
ဆိတ်ကွယ်ရာအရပ်မှာ ရည်းစားနဲ့မတွေ့ကြနဲ့..
( ကျား ) ဆိုတာ ဥပုဒ် မစောင့်ပါ...
လို့ ခေတ်သမီးပျိူများ မမှားသင့်တာ မမှားရစေလိုတဲ့ စေတနာဖြင့် ရေးသားတင်ပြလိုက်ပါတယ်..
( လေးစားလျက် )
Crd ဆရာ ခင်ဝင်း
(အောက်တွင် တရားရုံးသို့ဦးတိုက်လျှောက်လွှာ နမူနာပုံစံအားပူးတွဲဖော်ပြပေးလိုက်ပါတယ်။)