အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း


'' အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့တယ် ဆရာ ၊ အဲဒါ ဘာဖြစ်လာနိုင်ပါသလဲ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက် တိုင်ပင် ဆွေးနွေးလာပါသည် ။


'' အကြောင်းကြားစာ အရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ ဆိုထားပါလား ''
'' ဟုတ်တယ် ဆရာ ''
'' ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာ မစိစစ်ခဲ့ဘူးနဲ့ တူတယ် ''
'' တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ်တယ် ''


'' ကဲ - ဖြစ်စဉ်လေး ပြောပြပါဦး ''
'' ကျွန်တော်ဝယ်စဉ်က ခြံစည်းရိုးက တစ်ခြမ်းပဲ ကာရံထားတယ် ။ ဒါပေမယ့် အိမ်သေးသေး တစ်လုံးရှိတယ် ။ မီး ရှိတယ် ။ ရေကတော့     လက်တုန်ကင် လုပ်ပေးထားတယ် ။ ဒါနဲ့ အဆင်ပြေတယ် ဆိုပြီး ဝယ်ဖြစ်သွားတာပဲ ''
'' ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ ရှိသလား ''
'' ညာဘက်ခြမ်းမှာတော့ အိမ် ရှိတယ် ။ လူတွေလည်း နေကြတယ် ။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ် အနေနဲ့ ရှိတယ် ။ အခု           တော့ အိမ်တွေနဲ့  စည်ကားနေပါပြီ ''
'' အခုမှ လာပြီး သူ့မြေကွက်ပါ ။ ဖယ်ပေးပါ ဆိုပြီး နို့တစ်ပေးတာ မဟုတ်လား ။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာ

    တစ်ခုပဲ ''


'' အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီး သူ့မြေပါဆိုလို့ ဥပဒေက ခွင့်ပြုပါသလား ''
'' လောလောဆယ် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ကျွန်တော် မေးတာလေး ဖြေပေးပါ ''ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို                အေးဆေးစွာ ပြောလိုက်ပါသည် ။
'' ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော်ရှုပ်သွားတယ် ''
'' မှန်ပါတယ် ။ ကျွန်တော် ခံစား မိပါတယ် ။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထား ရှိပါသလဲ။ 

   မြေဂရန် စာချုပ် ရှိသလား ''
'' ဂရန်တော့ မလျှောက်ရသေးဘူးဗျာ။ သူတို့က ဒီ မြေချပါမစ် ပြတယ် ။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခု      ပေးတယ် ''ဟု ဆိုပြီး စာရေးသူအား အရပ်စာချုပ် နှစ်ခုကို ပြသပါသည် ။


'' ဒီ အရပ်စာချုပ်တွေ ကတော့ အထောက်အထား တစ်ခုအဖြစ် တင်ပြနိုင်တာပေါ့လေ ။ အဓိက အချက်က အဲဒီမြေကွက်ရဲ့ ပါမစ်            စာချုပ် ပါတယ် မဟုတ်လား ။ သူငယ်ချင်းပြတဲ့ အခု ဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံလည်း မပါလာပါလား ''
'' ဟုတ်တယ် ။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက် မဟုတ်တော့ သူပေးတာပဲ ယူထားလိုက်တာ ''
'' အင်း - လွယ်လွယ်ကူကူ လုပ်တော့လည်း အမှား ပါတတ်တယ် သူငယ်ချင်း ။ ကိုယ့်အမြင်တော့ ဒီပါမစ်စာချုပ်က အတုဖြစ်မယ် 

    ထင်တယ် ။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား ''
'' အခု သွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ် ။ ဒါကြောင့် အတော် ထိတ်လန့်သွားတာ သူငယ်ချင်း ''
'' မိမိထံ ရောင်းသွားတဲ့ သူကို ဆက်သွယ်လို့ ရသေးလား ''
'' ၉ နှစ် ၁ဝ နှစ်လောက် ရှိပြီဆိုတော့ လိပ်စာလည်း မသိတော့ဘူး ။ ရောင်းစဉ်က အခု အိမ်လိပ်စာနဲ့ ရောင်းသွားတာ ဆိုတော့ 

   ဘယ်ဆက်သွယ်ရမှန်း မသိတော့ဘူး ''


'' ဟုတ်ပြီလေ ၊ ဥပဒေအရ ကျွန်တော်တို့ စဉ်းစား ကြည့်တာပေါ့ ။ ပြီးတာတွေတော့ ပြီးခဲ့ပြီ ။ အိမ်လည်း ဆောက်နေခဲ့ပြီ ။ 

    ဒီတော့ လက်ဝယ် ရှိနေပြီ ဆိုတဲ့အတွက် နည်းနည်းတော့ အခွင့်အရေး ရှိပါသေးတယ် ''
'' အချို့က ပြောတော့ ကျွန်တော်တို့က မူလပိုင်ရှင် ရှိမှန်းမသိလို့ ဝယ်မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူး ဆိုတာ ဟုတ်ပါသလား ''
'' အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့ အတွက် မိမိပိုင်အိမ်လို့ ပြောပိုင်ခွင့် ရှိပေမယ့် မြေက ပိုင်ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်း         မဟုတ်လို့ ပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ဘူး ''
'' တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား ''
'' ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ် ၊ မြန်မာနိုင်ငံ               တရားစီရင်ထုံး စာမျက်နှာ - ၁ဝ၅ အမှုမှာ ပိုင်ရှင်လက်ရှိ ဝင်ရောက် နေထိုင်ခြင်း မရှိသေးမီ အခြားသူ ဝင်ရောက်၍ အိမ်ဆောက်           နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်း ဖြစ်သည် ။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆိုနိုင်ကြောင်း ဆုံးဖြတ်ထား

    ပါတယ် ။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆိုပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ် ''


'' အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုး ရနိုင်ပါသလား ''
'' ဒါကတော့ တရားရုံးရဲ့  ဆုံးဖြတ်ချက်ပေါ်မှာ မူတည်မှာ ဖြစ်ပါတယ် ။ အမှုဖြစ်စဉ်က မတူညီတဲ့အတွက် တစ်ထစ်ချတော့ မပြောနိုင်         ဘူး သူငယ်ချင်း ၊ ဒါပေမယ့် သူငယ်ချင်းကို ရောင်းလိုက်တဲ့သူ အပေါ်မှာတော့ လျော်ကြေး တောင်းပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ် ''
'' သူက လိပ်စာ ရှာမတွေ့ ဖြစ်နေတော့ အဆင်မပြေဘူး ''
'' ဒါကတော့ ကြိုးစား ရှာရမယ် ။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ်ချင်း ''
'' မဖြစ်တော့ဘူး ဆိုရင်တော့ ပွဲစားလုပ်ပေးတဲ့ သူက တစ်ဆင့် ရှာရမှာပဲ ''
'' သူငယ်ချင်းရဲ့  အရောင်းအဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာ တစ်စုံတစ်ခု ရှိလျှင် ပြေလည်သည် အထိ ဆောင်ရွက်ပေး 

   ပါမည် ။ ပြေလည်ခြင်း မရှိပါက ဝယ်သူကို နစ်နာမှု မရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့ အတွက် တရားစွဲဆို တောင်းပိုင်ခွင့် 

    ရှိပါတယ် ''


'' အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘော မဟုတ်ဘူးလား ''
'' အရောင်းအဝယ် ထပ်တယ် ဆိုတာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေနဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချလိုက်မယ် ။ ဝယ်သူက ဝင်မနေဘဲ    ကာလ အကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ် ''
'' ပိုင်ရှင် တစ်ဦးတည်းက နှစ်ခါရောင်းတဲ့ သဘောပေါ့ ''
'' ဟုတ်ပါတယ် ။ ဒီလိုကိစ္စမျိုးမှာလည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင် နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်     က ဆုံးဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ ( ၄ ) ၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ - ၁၁၈ အမှုမှာ ဆုံးဖြတ်        ထားပါတယ် ။ ဒါကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့် ရှိပါတယ် ''
'' ယုံလွယ်ရင် အမှားဖြစ်တတ်တယ် ဆိုတာ သဘောပေါက်သွားပြီ ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန် မမှန် သေချာ      လေ့လာရမှာ ''
'' မှန်ပါတယ် ။ အိမ် ခြံ မြေ ဆိုတာက အမျိုးမျိုးရှိတယ် ။ ဥယျာဉ်ခြံ မြေ ၊ ပါမစ်မြေဂရန်မြေလယ်ယာမြေ စသဖြင့် ရှုပ်ထွေးတယ် ။    ဒီအပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ် ။ ဒါကြောင့် ဘယ်သူမဆို အိမ် မြေ ဝယ်မယ်ဆိုရင် နားလည်    တတ်ကျွမ်းသူတွေ နဲ့ သေချာ လေ့လာ စုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း '' ဟု ဆွေးနွေးလိုက်ပါသည် ။


Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

Credit (  ဥပဒေရေးရာ )

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate