ကိတ္တိမသားသမီးနှင့်အပတိဌသားသမီး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်တို့သည် သားသမီးမွေးစားနိုင်ပေသည်။သို့ရာတွင်အောက်ပါပုဂ္ဂိုလ်တို့သည် သားသမီးမွေးစားခြင်းမပြုနိုင်ပါ။

ကိတ္တိမသားသမီးနှင့်အပတိဌသားသမီး
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်တို့သည် သားသမီးမွေးစားနိုင်ပေသည်။သို့ရာတွင်အောက်ပါပုဂ္ဂိုလ်တို့သည် သားသမီးမွေးစားခြင်းမပြုနိုင်ပါ။
၁။ အသက် ၁၈ နှစ်မပြည့် သေးသူများနှင့် ရူးသွပ်သူများသည် သားသမီး မမွေးစားနိုင်ပေ။
၂။ ရဟန်းတော်များသည် သားသမီး မမွေးစားနိုင်ပေ။
၃။ ဆွေမျိုးမတော်စပ်သူနှစ်ဦး သို့မဟုတ် လင်မယားမဟုတ် သူနှစ်ဦးပေါင်းစပ်၍ သားသမီး မမွေးစားနိုင်ပေ။
၄။ လင်နှင့်မယားသည် သားသမီးရင်းများရှိစေကာမူ သားသမီးမွေးစားခွင့်ရှိသည်။ လင်သည်လည်းကောင်း၊ မယားသည်လည်းကောင်း နှစ်ဦးသဘောတူညီချက် မရရှိဘဲ မိမိဆန္ဒတစ်ခုတည်းဖြင့် သားသမီး မမွေးစားနိုင်ပေ။
၅။မွေးစားမိဘများသည် သားသမီးမွေးစားခြင်း ကို၄င်း တို့ဆန္ဒအလျောက် မပယ်ဖျက်နိုင်ပေ၊မိရင်းဖရင်းက အရွယ်မရောက်သော ကလေးကိုပြန်ခေါ်ခွင့်ရှိသည်။
၆။မွေးစားသားသမီဲးသဘောတူညီချက်မရဘဲ မွေးစား ခြင်း ကိုမပယ်ဖျက်နိုင်၊ မွေးစား သားရဟန်ဘောင် သို့ ဝင် သွားလျင် မွေးစားခြင်းပျက်ပြယ်သည်။ (ရဟန်ဘဝလူထွက်ပြီးထပ်မံမွေးစားနိုင်သည်)
၇။မွေးစားမိဘသည် မွေးစားထားသောကလေးကို သူတပါးအား မွေးစားရန် တဆင့်ပြန်ပေးနိုင် သည် မွေးစားမိဘသည် ဗုဒ္ဓဘာသာကိုစွန့်လွတ်လျင် မွေး စားခြင်း အလိုအလျောက်ပျက်ပြယ်သည်။
၈။၁.၄.၁၉၄၁ မှစ၍ မှတ်ပုံတင်ခြင်းမရှိပါက
အမွေ ဆက် ခံခွင့်မရှိသော မွေးစားသားသမီး မနုကျယ်ဓမ္မသတ်အရ အပတိဌသားသမီးများဖြစ်ကြောင်း ဖော်ပြထားပေသည်။
ကိတ္တိမသားသမီးမွေးစားရာတွင် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ ကိတ္တိမမွေးစားစာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပြုလုပ်ချုပ်ဆိုရပါသည်။ သို့မှသာ မွေးစားခြင်း တရားဝင်ပြီး မွေးစားမိဘ၏ သားရင်းသမီးရင်းတို့နှင့် တန်းတူ အခွင့်အရေးရရှိမည်ဖြစ်သည်။
ကိတ္တိမမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ မွေးစားစာချုပ်ချုပ်ဆိုမထားပါက အပတိဌ သားသမီးသာဖြစ်ပြီးမည်
အပတိဌသားသမီးဆိုသည်မှာ ဓမ္မသတ်ကျမ်းများအရ ကောက်ယူ၍ မွေးသောသားသမီးဟု ဖော်ပြထားပေသည်။ အပတိဌ သားသမီးများမှာ ကိတ္တိမသားသမီးများကဲ့သို့ မိဘအမွေကိုဆက်ခံရန် ရည်စူး၍ မွေးစားသောသားသမီးမဟုတ်ဘဲ အမှတ်မထင်ကောက်ယူမွေးစားခြင်းဖြစ်သည်။
သို့သော် အပတိဌသားသမီးများ၌လည်း အမွေခံစားခွင့်ရှိပေသည်။ မွေးစားမိဘများနှင့်အတူနေထိုင်မှသာ အမွေခံစားခွင့်ရှိပြီး ခွဲခြားနေထိုင်လျှင်မူ အမွေဆက်ခံခွင့် ဆုံးရှုံးမည်ဖြစ်သည်။
အပတိဌသားသမီးများအနေဖြင့် မွေးစားမိဘ၌ သားသမီး၊ မြေး၊ မြစ်နှင့် ကိတ္တိမမွေးစား သားသမီးများ မရှိသောအခါမှသာ အမွေခံစားခွင့်ရှိပေသည်။ မွေးစားမိဘနှစ်ပါးစလုံး ကွယ်လွန်မှသာ ရပိုင်ခွင့်ရှိပြီး ရရှိမည့် အမွေဝေစုမှာလည်း တစ်ဝက်သာဖြစ်သည်။ ကျန်တစ်ဝက်ကို မွေးစားမိဘ၏ ဆွေမျိုးများက ရခွင့်ရှိပေသည်။
ထို့ကြောင့် ကိတ္တိမမွေးစားသားသမီးများသည် မွေးစားမိဘများထံမှ ခံစားခွင့်အပြည့်ရှိပါသည်။
ကူးယူဖော်ပြပါသည်။
Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...