ဒီနေ့ ဧည့်သည် တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက် မေးတယ် ၊ ဝယ်လို့ ရမရပေါ့ ။ ရွာမြေလို့ ပြောတာပဲ ( ၁ ) ဧက လောက်ကျယ် တယ် ၊ အကြံပေး ပါအုံးတဲ့ ။ ဒါနဲ့ ကျနော်လည်း ခင်များဝယ်မဲ့ မြေအတွက် ရှိတဲ့ စာရွက်လေး ပို့ပေး ပါပေါ့ ။

ဒီနေ့ ဧည့်သည် တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက် မေးတယ် ၊ ဝယ်လို့ ရမရပေါ့ ။ ရွာမြေလို့ ပြောတာပဲ ( ၁ ) ဧက လောက်ကျယ် တယ် ၊ အကြံပေး ပါအုံးတဲ့ ။ ဒါနဲ့ ကျနော်လည်း ခင်များဝယ်မဲ့ မြေအတွက် ရှိတဲ့ စာရွက်လေး ပို့ပေး ပါပေါ့ ။

        ဒီနေ့ ဧည့်သည် တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက် မေးတယ် ၊ ဝယ်လို့ ရမရပေါ့ ။ ရွာမြေလို့ ပြောတာပဲ (၁) ဧက လောက် ကျယ်တယ် ၊ အကြံပေး ပါအုံးတဲ့ ။ ဒါနဲ့ ကျနော်လည်း ခင်များ ဝယ်မဲ့ မြေအတွက် ရှိတဲ့ စာရွက်လေး ပို့ပေးပါပေါ့  ။သူကလည်း viber ကနေ မြေပုံလေး တစ်ပုံ ပို့ပေးတယ် ။ ကျနော်က ကြည့်ပီး ခင်များဟာ လယ်မြေ အမျိုးအစားပဲ သစ်ပင်စိုက်ဖို့ ဝယ်တာလားလို့ မေးတော့ မဟုတ်ဘူး နေဖို့ပဲ ၊ ဘေး ပတ်ဝန်းကျင်မှာ အိမ်တွေ ၊ ဝိုင်းကွက် တွေနဲ့ပဲတဲ့ ။ ဆရာက ဒီနေရာကို ရောက်ဘူး လားတဲ့။ကျနော် ကလည်း မရောက်ဖူး ပါဘူး ။ မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့ အရောင်ကို ကြည့်ပီး ပြောတာပါလို့ ပြောလိုက်  တော့ ။

 

         အဲလိုကြည့်လို့ ရလားတဲ့ ။ ရပါတယ် ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ ဆွဲတယ်ဗျာ ၊ ဘိုးဘွားပိုင် မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ ဆွဲတယ်ဗျာ ၊ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ ၊ ဒီလိုပဲ ရွာမြေ ဆိုရင် လိမ္မော် ရောင်နဲ့ မြေပုံဆွဲပီး ၊ သာသနာ့မြေ ဆိုရင် အစိမ်းရောင် နဲ့ ဆွဲကြတယ်လို့ ။ အက္ခရာ သင်္ကေတတွေကို ကြည့်ပီးလည်း ဘာမြေ အမျိုးအစား ဖြစ်နိူင်တယ် ၊ မြေပြန့်လား ၊ ကုန်းကျလား ၊ မြောင်းဘေး လား ၊ ဆည် ရေသောက်လား ၊ မြစ်ရေဝင်လား ၊ သုသာန်နဲ့ နီးလား.....စသည်ဖြင့် ခွဲခြားလို့ ရတယ်လို့ အများလည်း သိအောင် ၊ ကျနော်လည်း စုပီးသား ဖြစ်သွားအောင် သိထားသလောက်လေး ပြောရရင်..မြေ အမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများ ကတော့....


၁။ မိုးကောင်း လယ်မြေ ၊ သာမန် လယ်မြေ ဆိုရင် R / P /M  တို့နဲ့ ပြသတက်ပီး ၊
ပထမ တန်းစား ဆိုရင် R1
ဒုတိယ တန်းစား ဆိုရင် R2
တစ် ဧက အထွက်နှုန်း တင်း ၃၀ အောက် ဆိုရင် တတိယ တန်းစား R3
တစ် ဧက အထွက်နှူန်း တင်း ၂၀ အောက် ဆိုရင် စတုတ္ထ တန်းစား R4 နဲ့ ပြ ကြပါတယ် ။
၂။ အစိုးရ ဆည် ရေသောက် လယ် မြေဆိုရင် RG
၃။ ပုဂ္ဂလိက ဆည် ရေသောက် လယ်မြေ ဆိုရင် RP
၄။ ကန် ရေသောက် မူရင်း လယ်ဆိုရင် TM
၅။ မူရင်း လယ် မြေဆိုရင် M / MY
၆။ ချောင်း ရေဝင် မြေဆိုရင် C
၇။ ယာမြေ ဆိုရင် Y
၈။ ရာဘာ ကြက်ပေါင်စေး စိုက် မြေဆိုရင် RR
၉။ တောင်ယာ မြေဆိုရင် TY / YY
၁၀။ ကိုင်း မြေ ဆိုရင် K / KA / KY
၁၁။ ကိုင်း မြေ ရင့်ဆိုရင် KY
၁၂။ ဥယျာဉ် ခြံမြေဆိုရင် G / U
၁၃။ ဓနိ မြေဆိုရင် D
၁၄။ အပိုင် ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
၁၆။ အငှား ဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ် ။

 

မိမိ ဝယ်မဲ့ မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတလေး ကိုကြည့်ပီး မိမိဘာသာ အကြမ်းဖျင်း ခွဲခြား နိူင်ပါတယ် ။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate