အိမ် ခြံ မြေ အရောင်း ၊ အဝယ် ပြုလုပ်ကြမိ လုပ်ငန်းရှင် မိတ်ဆွေများ အရောင်းမှား ၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ် စာတမ်းများ မဖြစ်စေရန် နှင့် အရောင်းမှန် ၊ အဝယ်မှန်ပြီး ခိုင်မာ အားကောင်းသော စာချုပ် စာတမ်း ဖြစ်စေရန် ၊ ငွေမလွန်ခင် ကြိုတင် သိရှိ ပြင်ဆင်ထား ရမည့် အရေးကြီး အချက် အလက်များ---

အိမ် ခြံ မြေ အရောင်း ၊ အဝယ် ပြုလုပ်ကြမိ လုပ်ငန်းရှင် မိတ်ဆွေများ အရောင်းမှား ၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ် စာတမ်းများ မဖြစ်စေရန် နှင့် အရောင်းမှန် ၊ အဝယ်မှန်ပြီး ခိုင်မာ အားကောင်းသော စာချုပ် စာတမ်း ဖြစ်စေရန် ၊ ငွေမလွန်ခင် ကြိုတင် သိရှိ ပြင်ဆင်ထား ရမည့် အရေးကြီး အချက် အလက်များ---

        အိမ် ခြံ မြေ အရောင်း ၊ အဝယ် ပြုလုပ်ကြမိ လုပ်ငန်းရှင် မိတ်ဆွေများ အရောင်းမှား ၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ်စာတမ်း များ မဖြစ်စေရန် နှင့် အရောင်းမှန် ၊ အဝယ်မှန်ပြီး ခိုင်မာ အားကောင်းသော စာချုပ်စာတမ်း ဖြစ်စေရန် ၊ ငွေမလွန်ခင် ကြိုတင်သိရှိ ပြင်ဆင်ထား ရမည့် အရေးကြီး အချက်အလက်များ---

 

၁ ။ မိမိ ဝယ်ယူမှီ အိမ် ခြံ မြေ၏ မြေရာဇဝင်ကို စည်ပင်ရုံးတွင် မြေရာဇဝင် နှင့် မြေ အမျိုးအစားကို မေးမြန် နိုင်ပါသည် ။

- ( မြို့မြေ ၊ ဂရမ်မြေ ဟုတ် ၊ မဟုတ် )

- ( ရောင်းသူ အမည်ပေါက် ဟုတ် ၊ မဟုတ် )

- ( ကိုယ်စားလှယ် လွှဲထားခြင်း ရှိ ၊ မရှိ )

-  ဝရမ်း ကပ်ထားခြင်း ရှိ ၊ မရှိ

-   ကန့်ကွက် လွှာတင် ထားခြင်း ရှိ ၊ မရှိစသည့် အရူပ်အရှင်း ရှိမရှိ နှင့် လက်ရှိ ရောင်းမည့်သူ ရောင်းပိုင်ခွင့် ရှိ ၊ မရှိ ကိုကနဦး အနေဖြင့် ငွေမလွန်ခင် အရင် စစ်ဆေးကြပါ ။

 

၂ ။ မြေ ရာဇဝင်၏ အရူပ်အရှင်း နှင့် ပိုင်ရေး ဆိုင်ခွင့်အရ မည်သို့ ရောင်းဝယ်လျင် ဥပဒေအရ အကျုံးဝင်မည် မလွဲသာ ၊ မရှောင်သာ တစ်ဖက်ဖက်မှ ဖောက်ပြန် ခဲ့သည် ရှိသော် နစ်နာသူမှ နစ်နာသည့် အခကြေးငွေ ကို ပြန်လည် ရရှိရန် နှင့် အမူအခင်း ဖြစ်လာပါက

သက်သေခံ စာရွက်စာတမ်း တစ်ခုအနေဖြင့် ရုံးတော်သို့ တင်ပြခွင့် ၊ တင်သွင်းခွင့် ရရှိစေရန် အသက်ရှိသည့် ပျက်ပြယ်မူ မရှိသည့် ခိုင်မာ အားကောင်း သည့် စာချုပ် စာတမ်း တစ်ခု ဖြစ်စေရန် - ရေးသားနိုင် သူများမှာ ဥပဒေအကျိုးဆောင် ရှေ့နေ များသာ စွမ်းနိုင်သည့် ကိစ္စ ဖြစ်သည်ကို နားလည် ထားရပါမည် ။ ( “အတွေ့အကြုံ ရှိသော” မိမိ ချုပ်ဆို ပေးသည့် စာချုပ်ပါ စကားရပ် များကို အဘယ်ကြောင့် ထိုသို့ ရေးသား ချုပ်ဆို ပေးရသည်ကို ၊ အသေးစိတ် ရှင်းလင်း‌ ပြောပြ‌ ပေးနိုင်သော သူ )

 

၃ ။ မိမိ အရောင်းအဝယ် ပြုလုပ်မိ မြေ အမျိုးအစား ပေါ်မူတည်၍ ရပ်ကျေး အုပ်လက်မှတ် ပါရန်လို နှင့် ပါရန် မလိုကိုကနဦ သိထားသင့်ပေသည် ။ ( အမည် မပေါက်သေး သည့် မြို့မြေ ဖြစ်ပါက ရပ်ကျေးအုပ်များ နှင့် ချုပ်ပါ ) ဂရမ် အမည်ပေါက် ထားသည့် မြေဖြစ်ပါကမလိုအပ်ပါ ။ တစ်ခု သိထား ရမည်မှာမြေ နှင့် ပတ်သက်လာ လျှင် မြေစာရင်း ဦးစီးဌာန သည်သာ 100% အဓိက ခရာဖြစ်သည်ကိုသဘောပေါက် ထားကြရပါမည် ။ မည်သည့် မြေ အမျိုးအစား ပင်ဖြစ်‌ နေစေကာမူ မြေစာရင်း ဦးစီးဌာန မှ ကန့်ကွက် ထားပါက ရောင်းဝယ်ခွင့် မရှိပါ ။ ( တည်ဆဲ ဥပဒေများအရ အရေးယူခြင်း ခံရမည် )ထို့အတွက် ကြောင့်ရပ် ကျေးရုံးရှိ ရပ်ကျေးအုပ် ချုပ်ရေးမှူများ၏ လက်မှတ် ထိုးခြင်း ၊ လက်မှတ် မထိုးခြင်း မှာမြေယာ အရောင်း ၊ အဝယ် ပိုင်ဆိုင်မူ အတွက် 100% အထောင့်အပံ့ မဖြစ်နိုင်ပါ ။

 

          သို့သော် ရပ်ကျေးအုပ် ‌အနေဖြင့်" မောင်ဖြူ"- မှ - "မောင်မဲ" သို့ကျွန်ုပ်၏ ရှေ့မှောက်တွင် အောက်ပါ အသိသက်သေများ ရှေ့၌ အမှန်တကယ် ငွေပေး၊ငွေယူ၍ အရောင်းအဝယ် ပြုလုပ်သွားသည်မှာ မှန်ကန်ကြောင်းသာ ---- သက်သေထွက်ဆိုပေးနိုင်ရန် - သက်သေတစ်ဦးအနေဖြင့်တော့ အားကိုးနိုင်သည် ။ ***အရေးကြီးသည် မှာအမှန်တကယ် ရောင်းဝယ် ၍ ရ ၊ မရ ကို မြို့နယ်မြေစာရင်းရုံးတွင် အတည်ပြုပြီး ခိုင်မာ အားကောင်းသည့် ၊ အသက်ရှိနေသည့် စာချုပ် ၊  စာတမ်း တစ်စောင် ဖြစ်ဖို့ရန် မှာ ပို၍ အရေးကြီး လှပါသည် ။ ခိုင်မအား ကောင်းသည့် စာချုပ်စာတမ်း မဖြစ်ဘဲ ၊ ပျက်ပြယ်ပြီးတာ စာချုပ်စာတမ်း ဖြစ်နေပါက ရပ်ကျေးအုပ် သည်လည်း ကယ်နိုင်မည် မဟုတ်ပါ ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate