မြေပုံ ရာဇဝင် အကြောင်း လေ့လာ သိရှိထားရန်

17-Jun-22 အခြား
မြေပုံ ရာဇဝင် အကြောင်း လေ့လာ သိရှိထားရန်

            မြေပုံ ရာဇဝင် အကြောင်း လေ့လာသိရှိ ထားရန် မြေပုံ မြေရာဇဝင် ဆိုသည်မှာ မရွှေဖြစ်တဲ့ မြေကို အရောင်း အဝယ် လုပ်ပြီဆိုတာနဲ  မြေပုံ မြေရာဇဝင် ဆိုတာ ပါလာပါပြီ ။ မြေတစ်ကွက်ကို ဝယ်မယ်ဆိုရင် “ မြေပုံ မြေရာဇဝင် ” ကို အရင် စစ်ဆေး ရမယ်လို. ဥပဒေတွေမှာ ပါပါတယ် ။ “ မြေပုံ စာရွက်ရယ် ”  ၊  “ မြေရာဇဝင် စာရွက်ရယ် ” နှစ်ရွက် ပေါင်းပြီး မြေပုံ မြေရာဇဝင်လို  ခေါ်ကြ တာပါ ။ မြေပုံ မြေရာဇဝင်ကို အသုံးပြု ကြတာ ပုံစံအမျိုးအမျိုး ရှိပါတယ် ၊ လူသိ အများဆုံးကတော့ အိမ် ခြံ မြေ အရောင်း အဝယ်စာချုပ်ချုပ်တဲ့ အခါပေါ့ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ( ၂၁ ) တွင်မရွှေ မပြောင်းနိုင်သော ပစ္စည်း ရောင်း ဝယ် ၊ ပေးကမ်း ၊ စွန်.လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆိုလျှင် “ မြေပုံ မြေရာဇဝင် ” မပါရှိခဲ့လျှင် လက်ခံ ချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ် ။မြေပုံ မြေရာဇဝင် ဆိုသည်မှာ နှစ်စဉ် အမြဲပြောင်းလဲ အတည်ပြု ရေးဆွဲနေ ရပါသော “ မြို့ပြ မြေစာရင်း ” မှ ကောက်နုတ် ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှု ရှိ / မရှိ ဆိုတာကို အိုးအိမ် ဦးစီးဌာန ( သို့ ) မြို့တော် စည်ပင်တို့တွင်သာ တိုက်ဆိုင် စစ်ဆေး နိုင်ပါသည် ။မြို့နယ်မြေစာရင်းက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ ။ ပုံစံ ၁၀၆ ကမှ မြေရာဇဝင် ၊ အဲဒီ ( ၂ ) ရွက်ပေါင်းကို မြေပုံ မြေရာဇဝင်လို့ ခေါ်ပါတယ် ။ မြို့တော် စည်ပင်က ထုတ်ပေးတဲ့ မြေပုံကလေး ပါတာကို မြေပုံ ။ မြေရာဇဝင်ပါတဲ့ စာရွက်ကို မြေရာဇဝင်လို့ ခေါ်ပြီး ( ၂ ) ရွက်ပေါင်းလိုက်တော့ မြေပုံ မြေရာဇဝင် ဖြစ်သွားပါတယ် ။

 

            အောက်ပါ ကိစ္စရပ် များအတွက် သက်သေခံ မြေပုံ - မြေရာဇဝင် ( Certified Map ) လျှောက်ထား နိုင်ပါသည် ။

- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်

- အဆောက်အအုံ အကြီးစား ပြင်ဆင်ခွင့် လျှောက်ထားရန်

- ခြံစည်းရိုး ကာရံခွင့် လျှောက်ထားရန်

- အဝီစိတွင်း တူးခွင့် လျှောက်ထားရန်

- ဘဏ်ငွေ ချေးခွင့် လျှောက်ထားရန်

- မြေကွက် ခွဲစိတ်ခွင့် လျှောက်ထားရန်

- ကျူးလွန်ခြင်း ပြမြေပုံ လျှောက်ထားရန်

- အရောင်း အဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်

- ပစ္စည်းခွဲ ဝေခြင်း မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်

- စွန့်လွှတ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်

- မေတ္တာဖြင့် အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မြေကွက်လဲ လှယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်

- အမှားပြင် မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်

- မှတ်တမ်းအဖြစ် ထားရှိရန်

ဒီလို အကန့်အသတ် တွေရှိတယ်

 

          ရွာမြေ ၊ ဉယျာဉ် ခြံမြေ ၊ စိုက်ပျိုးမြေမှ အပ ကျန်မြေ အမျိုးအစာများကို မြေပုံ မြေရာဇဝင် ရေးကူး ပေးသည် ။ မြေတိုင်းတားပေးသည် ။ လိုင်စင် မြေနှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံ မြေပုံ ထုတ်ပေးသည် ။ အဆောက်အဉီး ဆောက်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊  ခြံစည်းရိုး ကာရန် ၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် ၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက် ပူးတွဲပိုင်ဆိုင် သူများကသာ လျှောက်ထား နိုင်သည် ။ ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံ မြေရာဇဝင်ကို မြေတိုင်း မြေပုံ ရရှိပြီးသူကသာ လျှောက်ထား ခွင့်ရှိသည် ။

 

           မြေကွက် ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ ၊ ဘိုးဘွာ ပိုင်မြေ ( အိမ်ယာမြေ ) ၊  ဂရန်ရှိ မြေပိုင်မြေ နှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည် ။ သက်တမ်း ကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန်အတွက်သာ မြေပုံ မြေရာဇဝင် လျှောက်ထား ခွင့်ရှိသည် ။ ဆောင်ရွက် ရပုံခြင်း မတူပါအမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင် မှအပကျန် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါ အတိုင်း ဆောင်ရွက်ပေး ပါသည် - လျှောက်ထား လိုသူသည် ဌာနမှ သတ်မှတ် ပုံစံနှင့်အတူ နိုင်ငံသား စိစစ်ရေးကတ်ပြား ၊မြေပိုင်မြေ ဖြစ်ပါက မှတ်ပုံတင် စာချုပ် ၊ ဂရန်မြေ ဖြစ်ပါက မြေငှားဂရန် စာချုပ်နှင့် နောက်ဆုံး ထမ်းဆောင် ထားသော မြေခွန်ပြေစာ ၊ အမည်ပေါက် သူက လျှောက်ထားခြင်း မဟုတ်လျှင် ပိုင်ဆိုင်မှု အထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီ မူရင်းများ တင်ပြလျှောက် ထားရပါသည် ။

 

            ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။ တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထား မှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လိုအပ်ပါက သတင်းစာတွင် ( ၁၄ ) ရက် ကြော်ငြာ ခြင်းများဆောင်ရွက် ပါသည် ။ ကန့်ကွက်သူ မရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည် ။

အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက် ပေးပါသည် လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထား များအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေး ဉီးစီးဌာနမှ သေစာရင်း ၊ အမွေရှင်နှင့် ကျန်အမွေ ဆိုင်များ ကွယ်လွန်ပြီး ဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာ ဖော်ပြ ရေးသားထားသည့် လျှောက်ထား သူကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ၊ တစ်မြို့နယ် တည်းတွင် နေထိုင်သူ ( ၂ ) ဉီးက လျှောက်ထား သူအား သိရှိကြောင်း နှင့် မှန်ကန်ကြောင်း ထောက်ခံသည့် တရားရုံး ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ( ၂ ) စောင်၏ မူရင်းများပါ တင်ပြ လျှောက်ထား ရပါမည် ။

 

           ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။ တင်ပြထားသောအထောက်အထားနှင့် မြေစာရင်းပါ အထောက်အထားများ ကိုက်ညီမှု ရှိပါက ကွင်းဆင်း စစ်ဆေးခြင်း ၊  လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြ၍ သတင်းစာတွင် သီးခြား ကြော်ငြာများ ဆောင်ရွက်ပါသည် ။ သတင်းစာ ကြော်ငြာပြီး ( ၁၄ ) ရက်ပြည့်သည်အထိ ကန့်ကွက်မှု တစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ် ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည် ။ မြေပုံ မြေရာဇဝင် သက်တမ်းကို နှစ်အတွင်းဟု သတ်မှတ်လေ့ ရှိသည် ။ သို.သော် လက်ရှိ မြေကွက်ကို ခွဲစိတ်တာ ၊ အခြားနည်း အသုံးပြုတာ တွေပြုလုပ်ပါက မြေပုံ မြေရာဇဝင်ရဲ့ သက်တမ်း ပြတ်ပြယ်ပါသည် ။ အသစ်ပြန် လျှောက်ရပါသည် ။

 

Credit : Kyi Soe ( I.C )

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate