ကျနော်တို့မောင်နှမတွေအနေနဲ့ မိဘဖြစ်သူရဲ့အမွေကိုလုံးဝမရခဲ့ပါဘူး။

ကျနော်တို့မောင်နှမတွေအနေနဲ့
မိဘဖြစ်သူရဲ့အမွေကိုလုံးဝမရခဲ့ပါဘူး။
ကိုယ့်မိဘကိုယ်တိုင်က သူစိမ်းတစ်ယောက်ကိုအမွေပစ္စည်းအားလုံးပေးကမ်းလိုက်လို့ပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး အခုတော့မိဘတွေလည်း မရှိကြတော့တဲ့အချိန်မှာ အဲ့ဒီအမွေကို ကျနော်တို့ မောင်နှမ(၃)ယောက်ကဘယ်လိုပြန်ပြီး ပိုင်ဆိုင်ဖို့
ကြိုးစားရမလဲဆိုတာ ပြောပြပေးပါ။
အဲ့ဒီပေးကမ်းခြင်းစာချုပ်က ဘယ်လောက်ကြာပြီလဲ
(၂)နှစ်ကျော်လောက်ကြာပါပြီ။
အဖေကိုယ်တိုင် စာချုပ်စာတမ်းရုံးမှာမှတ်ပုံတင်ပြီး ပေးလိုက်တာပါ။
ဒီနှစ်ထဲကျမှ အဖေဆုံးတော့ အမွေများကျန်ခဲ့မလား ရှာကြည့်တော့မှ အဖေပေးလိုက်တဲ့ အဲ့ဒီအိမ်နဲ့ခြံဝန်းပဲ ရှိတာဆိုတော့
ဘယ်လိုလုပ်ရမလဲ သိချင်တာပါ။
အချိန်တော့မှီပါသေးတယ်
အဲ့ဒီပေးကမ်းခြင်းစာချုပ်က (၃)နှစ်မကျော်သေးတဲ့အတွက် ပယ်ဖျက်ခွင့်ရှိပါသေးတယ်။
မြန်မာ့ဓလေ့ထုံးတမ်းအရလည်း ဓမ္မသတ်များအရ မိဘဖြစ်သူက အမွေပစ္စည်းအားလုံးကို သားသမီးတစ်ဦးဦးအား ပေးကမ်းခြင်းသည် ပျက်ပြယ်၍အတည်မဖြစ်ဟုဆိုလျှင် သူစိမ်းအား အမွေအားလုံး ကိုပေးကမ်းခြင်းသည်လည်း အလားတူ
ပျက်ပြယ်ရမည်ဖြစ်ကြောင်း ထုံးဖွဲ့ထားတာရှိပါတယ်။
(ဒေါ်လွန်းပါ(၅)နှင့်ဒေါ်သိန်းရင်၁၉၉၁(တရားမအထူးအယူခံမှု)
ဦးနာဂနှင့်အခြားသူများနှင့်မောင်လှ(၁၉၀၇-၀၉) အထက်မြန်မာပြည်စီရင်ထုံးများ အတွဲ၂
စီရင်ထုံးအတိုင်း ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက်မူလရုံးတွင်ဖြစ်စေ အယူခံမှုတွင်ဖြစ်စေ အပေးစာချုပ်ကို ပယ်ဖျက်ပေးစေလိုမှု ကနဦးတရားစွဲရန် လိုအပ်တယ်လို့ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် သူစိမ်းကိုဖြစ်စေ သားချင်းကိုဖြစ်စေ အမွေပုံအားလုံးပေးခြင်းဟာ ပျက်ပြယ်သည့်အတွက် မိဘများရဲ့အမွေပစ္စည်းများကို ထိုက်တန်စွာရမှာဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...