အပျို/လူပျို/လွတ်လပ်သူကိုတစ်လင်တစ်မယား

အပျို/လူပျို/လွတ်လပ်သူကိုတစ်လင်တစ်မယား

အပျို/လူပျို/လွတ်လပ်သူကိုတစ်လင်တစ်မယား

စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၁၄ပေါင်းစပ်စွဲဆို၍ရ/မရ?

ထိုသို့ စွဲဆိုခြင်းသင် သင့်လျော်မှန်ကန်မှုရှိ/မရှိ?

*******************************

ning oo(မူရင်း)

ရာဇသတ်ကြီးပုဒ်မ ၄၀အရဆိုလျှင် အထူးဥပဒေ

တစ်ရပ်၌ အားပေးကူညီမှု သီးခြားမပါ၀င်သည့်

ကိစ္စတွင် အထူးဥပဒေပါ ပုဒ်မတစ်ရပ်ရပ်ကို

ရာဇသတ်ကြီးပုဒ်မ ၁၁၄ဖြင့် ပေါင်းစပ်စွဲဆိုနိုင်ကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။

ဤသို့ဆိုလျှင် အိမ်ထောင်ရှိသူနဲ့ ပေါင်းဖက်မိ

သော အပျို လူပျို/လွတ်လပ်သူကို အားပေးကူညီသူဟုယူဆကာ တစ်လင်တစ်ယားစနစ်ကျင့်သုံးခြင်းဆိုရာဥပဒေပုဒ်မ ၁၃/ရာသတ်ကြီး ၁၁၄ဖြင့် ပေါင်းစပ်စွဲဆိုနိုင်မည်လို့ ဆိုနိုင်လား စဉ်းစားစရာဖြစ်လာပါသည်။

ထို ပြသနာနှင့်ပါတ်သတ်၍ အောက်ပါအချက်

(၄)ချက်ကိုတွေ့မြင်မိပါသည်။

နံပါတ်(၁)

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ

ဥပဒေတွင် အပျိုလူပျို/လွတ်လပ်သူကို တရားစွဲဆိုအရေးယူနိုင်

သော ပုဒ်မတစ်ရပ်မျှမပါပါ။

ထို့အတူပင် အိမ်ထောင်ရှိသူနှင့်ပေါင်းဖက်

မိသော အပျို/လူပျို/လွတ်လပ်သူကို အားပေးကူညီမှုဖြင့်စွဲဆို

နိုင်သည့် ပုဒ်မတစ်ရပ်ရပ်လည်ဲး တစ်လင်တစ်မယား

ဥပဒေတွင်မပါ၀င်ပါ။

ထိုသို့ဆိုလျှင် အပျို/လူပျို/လွတ်လပ်သူကိုတစ်လင်တစ်

မယားဥပဒေနှင့် ရာဇသတ်ကြီး၁၁၄ပေါင်းစပ်

စွဲဆိုလိုခြင်းသည် မူရင်းတစ်လင်တစ်မယားဥပဒေ ၏ရည်ရွယ်ချက်စံနှုန်းထက် ကျော်လွန်ဆွဲယူသုံး

သပ်ခြင်းဖြစ်သည်မှာထင်ရှားပါသည်။

တစ်နည်းအားဖြင့် မူရင်းဥပဒေထက် ဝေး

ကွာသည့် ဆောင်ရွက်ချက်ဖြစ်သည်မှာလဲထင်

ရှားသည်။

သို့ဖြစ်၍ ထိုသို့အထူးဥပဒေနှင့်ရာဇသတ်

ကြီး၁၁၄ပေါင်းစပ်ခြင်းသည် မဖြစ်မနေလိုက်နာ

ရမည့်လုပ်ထုံးမဟုတ်သည်မှာထင်ရှားနေသည်။

သို့ဖြစ်၍ အပျိုလူပျို လွတ်လပ်သူအား တစ်လင်တစိမယား၁၃နှင့်၁၁၄ပေါင်းစပ်စွဲဆိုနိုင်ခြင်းရှိမရှိမှာ

အခြားအချက်များပေါ်တွင် ထပ်မံစဉ်းစားသုံး

သပ်ရန်လိုအပ်လာပါသည်။

ထိုအချက်များကိုအောက်အပါတိုင်း

ဆကိလက်တင်ပြသွားမည်ဖြစ်ပါသည်။

နံပါတ်(၂)

အပျိုလူပျို လွတ်လပ်သူကိုတစ်လင်တစ်မယား၁၃နှင့်

ရာဇသတ်ကြီး ၁၁၄ပေါင်းစပ်ရန်အခြားအချက်များထပ်မံကြည့်ရှုရန်လိုအပ်ကြောင်းတင်ပြခဲ့ပြီးဖြစ်သည့်

အားလျော် အခြားအချက်များကို ထပ်မံတင်ပြသွား

မည်ဖြစ်ပါသည်။

ဥပဒေတစ်ရပ်ကိုချဉ်းကပ်ရာတွင် ဥပဒေစံ

နှုန်းများ ရည်ရွယ်ချက်သမိုင်းများကို လည်ထည့်

သွင်းစဉ်းစားရပါသည်။

တစ်လင်တစ်မယားဥပဒေမပေါ်မီက

ရာဇသတ်ကြီး၄၉၇တွင် မယားခိုးမှု ကျူးလွန်

သော ယောက်ကျားကိုသာ တရားစွဲဆိုရန်နှင့်

ခိုးယူခံရသည့်မယားကို အားပေးကူညီသူအနေဖြင့်

အရေးယူဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပြဌာန်း

ထားသည်ကိုတွေနိုင်မည်ဖြစ်သည်။

ထို့အတူပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ

တွင် ပြည့်တန်ဆာမအား အားပေးကူညီခြင်း

စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ၅(၂)တွင်ပြဌာန်းထား

ပြီး ယင်းပုဒ်မပါ အားပေးကူညီသူ ဆိုသည့်စကားရပ်တွင် ပြည့်တန်ဆာနှင့်ပျော်ပါးသည့် လိင်ဆက်ဆံဖော်

ကို အားပေးကူညီသူအဖြစ် သတ်မှတ်ထားခြင်းမရှိ

သည်ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ပြည့်

တန်ဆာဥပဒေနှင့် စကားရပ်များအနက်အဓိပ္ပါယ်

ဖွင့်ဆိုရေးဥပဒေတို့အရ ပြည့်တန်ဆာနှင့်ပျော်ပါး

သူကို အားပေးကူညီသူအနေဖြင့်အရေးယူဆောင်

ရွက်၍မရသည်မှာထင်ရှားပေသည်။

သို့ဖြစ်၍ ရှိခဲ့ပြီးသောမြန်မာနိုင်ငံဥပဒေ

စံသတ်မှတ်ချက်များအရ နှစ်ဦးသဘောတူလိင်

မှုဆက်နွယ်သည့် ပြစ်မှုများတွင် ဥပဒေကပြစ်မှု

ကျူးလွန်သူ ဟုပြဌာန်းသတ်မှတ်ထားသူများမှအပ

ထိုသူနှင့် ပေါင်းဖက်ပါ၀င်သူကို အားပေးကူညီသူ

အနေဖြင့် မရှုမြင်သည်မှာထင်ရှားနေပေသည်။

သို့ဖြစ်၍ မူရင်းဥပဒေတွင်တိုက်ရိုက်မပါဘဲ ဝေးကွာစွာ ဆွဲယူပေါင်းစပ်ရသည့်ကိစ္စတွင် တည်ရှိခဲ့

ပြီးသောဥပဒေစံများ နှင့်မကိုက်ညီပါက ထိုသို့ဆွဲယူ

ပေါင်းစပ်ခြင်းမှာ လက်မခံထိုက်ကြောင်းထင်ရှား

နေပါသည်။

နံပါတ်(၃)

အထက်ပါအချက်နှစ်ချက်အရ တင်ပြ

သည်ကိုလက်မခံနိုင်ဘဲ အပျို/လူပျို/လွတ်လပ်သူကိုလည်း

အားပေးကူညီသူအဖြစ်သတ်မှတ်ကာ ၁၁၄ဖြင့်

စွဲကိုစွဲသင့်ကြောင်းယူဆမည်ဆိုပါက

ရာဇသတိကြီး ပုဒ်မ၃၆၃ တွင် ခိုးယူခံရသူကို

အားပေးကူညီသူအဖြစ်သတ်မှတ်ကာ ၁၁၄ဖြင့်

စွဲဆိုပါမည်လား။

၁၆နှစ်အောက်ကောင်မလေးက အလိုတူအလိုပါ

ဖြင့်သဖြင့်လိင်ဆက်ဆံသည့်ကိစ္စတွင် ဆက်ဆံ

ခံရသည် ကောင်မလေးကိုပါ ၁၁၄ဖြင့်စွဲပါမည်

လား ဟုပြန်လည်မေးမြန်းထောက်ပြရမည်ဖြစ်ပါသည်။

ထိုကိစ္စနှစ်ရပ်တွင် ထိုသူတို့မှာနစ်နာသူများဖြစ်၍

အရေးမယူခြင်းဖြစ်သည်ဟု ထောက်ပြနိုင်ပါသည်။

သို့ရာတွင်ပြစ်မှုတွင်နစ်နာသူစစ်စစ်မှာနိုင်ငံတော်

သာလျှင်ဖြစ်သည်။

နစ်နာသူဖြစ်၍ ပြစ်ဒဏ်ကင်းလွတ်ထိုက်ကြောင်း

စံသတ်မှတ်ချကိမရှိ။

ဥပမာပြရလျှင်

ကိုယ့်ကိုယ်ကိုသတ်သေခြင်းနှင့် ကိုယ့်အိမ်ကိုမီး

ရှို့ခြင်းတို့ပြုလျင် ကျူးလွန်သူက နစ်နာသူဖြစ်

နေပါသည်ဟူ၍ ဥပဒေက ရှုမြင်ခြင်းမရှိသည်မှာ

ထင်ရှားပေသည်။

နိဂုံး

သို့ဖြစ်ပါ၍ အပျို/လူပျို/လွတ်လပ်သူအား တစ်လင်တစ်မယား၁၃နင့်ရာဇသတ်ကြီးပေါင်းစပ်ခြင်းသည်။

မူရင်းဥပဒေ ၏ရည်ရွယ်ချက် ကိုကျော်လွန်၍

ဝေးကွာစွာဆွဲယူခြင်းဖြစ်ဖြစ်သောကြောင့် ထိုသို့

ဆောင်ရွက်ရန်သင့်မသင့်ဒွိဟအခြေအနေတွင်

ထိုသို့ပေါင်းစပ်ခြင်းသည် ရှိရင်းစွဲဥပဒေစံနှုန်းများ

နှင့်ပါကိုက်ညီမှုမရှိသဖြင့် ထို့သို့ပေါင်းစပ်ခြင်း

သည်မဖြစ်ထိုက် ကြောင်း ။လက်မခံထိုက်ကြောင်း

လေးစားစွာတင်ပြအပ်ပါသည်။

ning oo

25.10.2020

ကူးယူဖော်ပြပါသည်

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate