မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်

မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်

မြေပုံရာဇဝင် အကြောင်း လေ့လာသိရှိထားရန်

???

မြေပုံမြေရာဇဝင်ဆိုသည်မှာ

       မရွှေ့ဖြစ်တဲ့မြေကို အရောင်းအဝယ် လုပ်ပြီဆိုတာနဲ့ မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ ။

       မြေတစ်ကွက်ကို ဝယ်မယ်ဆိုရင် “ မြေပုံမြေရာဇဝင် ” ကို အရင်စစ်ဆေးရမယ်လို့ ဥပဒေတွေမှာ ပါပါတယ် ။

      “ မြေပုံစာရွက်ရယ် ” ၊ “ မြေရာဇဝင် စာရွက်ရယ် ” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို့ ခေါ်ကြတာပါ ။

       မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာ ပုံစံအမျိုးအမျိုး ရှိပါတယ် ၊ လူသိအများဆုံးကတော့ အိမ် ခြံ မြေ အရောင်းအဝယ် စာချုပ်            ချုပ်တဲ့ အခါပေါ့ ။

 

        စာချုပ်စာတမ်း မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ( ၂၁ ) တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ် 

        စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆိုလျှင် “ မြေပုံမြေရာဇဝင် ”  မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ် ။

        မြေပုံမြေရာဇဝင် ဆိုသည်မှာ နှစ်စဉ်အမြဲ ပြောင်းလဲအတည်ပြု ရေးဆွဲနေရပါသော “ မြို့ပြမြေစာရင်း ” မှ ကောက်နုတ်ချက်                 မိတ္တူသာ ဖြစ်ပါ၍ မှန်ကန်မှု ရှိ / မရှိ ဆိုတာကို အိုးအိမ်ဦးစီးဌာန ( သို့ ) မြို့တော်စည်ပင် တို့တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်                   ပါသည်။

        မြို့နယ် မြေစာရင်းက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ ။ ပုံစံ ၁၀၆ ကမှ မြေရာဇဝင် ၊ အဲဒီ ( ၂ ) ရွက်ပေါင်းကို မြေပုံမြေရာဇဝင်လို့ ခေါ်          ပါတယ် ။ မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကလေး ပါတာကို မြေပုံ ။ မြေရာဇဝင်ပါတဲ့ စာရွက်ကို မြေရာဇဝင်လို့ ခေါ် ပြီး            ( ၂ ) ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ် ။

 

    အောက်ပါ ကိစ္စရပ်များ အတွက် သက်သေခံ မြေပုံ-မြေရာဇဝင် ( Certified Map ) လျှောက်ထားနိုင်ပါသည် ။

 -  အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်

 -  အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်

 -  ခြံစည်းရိုး ကာရံခွင့် လျှောက်ထားရန်

 -  အဝီစိတွင်း တူးခွင့် လျှောက်ထားရန်

 -  ဘဏ်ငွေချေးခွင့် လျှောက်ထားရန်

 -  မြေကွက် ခွဲစိတ်ခွင့် လျှောက်ထားရန်

 -  ကျူးလွန်ခြင်းပြ မြေပုံ လျှောက်ထားရန်

 -  အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်

 -  ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  မေတ္တာဖြင့် အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  မြေကွက်လဲလှယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  အမှားပြင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

 -  မှတ်တမ်း အဖြစ် ထားရှိရန်

    ဒီလို အကန့်အသတ်တွေ ရှိတယ်

 

      ရွာမြေဉယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည် ။ မြေတိုင်းတား ပေးသည်။

     လိုင်စင်မြေ နှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန်နှင့် အဝီစိတွင်း တူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည် ။

       အဆောက်အဉီး ဆောက်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန် ၊ အဝီစိတွင်း တူးရန် ၊ ဘဏ်ငွေချေးရန် အတွက် မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည် ။

 

        စွန့်လွှတ်စာချုပ် ချုပ်ဆိုရန် ၊ မြေပုံ နှင့် မြေရာဇဝင်ကို မြေကွက် ပူးတွဲ ပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည် ။

ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံ ရရှိပြီးသူကသာ လျှောက်ထားခွင့် ရှိသည် ။

မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ ၊ ဘိုးဘွာပိုင်မြေ ( အိမ်ယာမြေ ) ၊ ဂရန်ရှိ မြေပိုင်မြေ နှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည် ။

        သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန် အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့် ရှိသည် ။ ဆောင်ရွက်ရပုံခြင်း မတူပါ။

 

          အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -

 

     လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ် ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား ၊ မြေပိုင်မြေ ဖြစ်ပါက မှတ်ပုံတင်စာချုပ် ၊              ဂရန်မြေ ဖြစ်ပါက မြေငှားဂရန် စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ ၊ အမည်ပေါက်သူက လျှောက်ထားခြင်း        မဟုတ်လျှင် ပိုင်ဆိုင်မှု အထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီ မူရင်းများ တင်ပြ          လျှောက်ထားရပါသည်။

 

     ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။

     တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထား မှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လိုအပ်ပါက သတင်းစာ        တွင် ( ၁၄ ) ရက် ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည် ။ ကန့်ကွက်သူ မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့်            မြေရာဇဝင် ထုတ်ပေ:ပါသည်။

 

    အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်

 

    လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထားများ အပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ         ကွယ်လွန်ကြောင်း ကျန်းမာရေး ဉီးစီးဌာနမှ သေစာရင်း ၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ပြီး ဖြစ်၍ လျှောက်ထားသူသာ       အမွေဆက်ခံခွင့် ရှိကြောင်း ပြည့်စုံစွာ ဖော်ပြရေးသားထားသည့် လျှောက်ထားသူ ကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်       လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ၊ တစ်မြို့နယ်တည်းတွင် နေထိုင်သူ ( ၂ ) ဉီးက လျှောက်ထားသူအား သိရှိကြောင်းနှင့် မှန်ကန်             ကြောင်း ထောက်ခံသည့် တရားရုံး ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာ ပြုလွှာ ( ၂ ) စောင်၏ မူရင်းများပါ တင်ပြလျှောက်ထား

    ရပါမည်။

 

    ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။

    တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါ အထောက်အထားများ ကိုက်ညီမှု ရှိပါက ကွင်းဆင်း စစ်ဆေးခြင်း ၊                     လျှောက်ထားသည့် မြေကွက်နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည် ။

    သတင်းစာ ကြော်ငြာပြီး ( ၁၄ ) ရက် ပြည့်သည် အထိ ကန့်ကွက်မှု တစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်း       စေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည် ။

 

  မြေပုံမြေရာဇဝင် သက်တမ်း

   သက်တမ်းကို နှစ်အတွင်းဟု သတ်မှတ်လေ့ ရှိသည် ။ သို့သော် လက်ရှိမြေကွက်ကို ခွဲစိတ်တာ ၊ အခြားနည်း အသုံးပြုတာတွေ ပြုလုပ်    ပါက မြေပုံမြေရာဇဝင်ရဲ့ သက်တမ်း ပျက်ပြယ်ပါသည် ။ အသစ် ပြန်လျှောက် ရပါသည် ။

 

Credit : Kyi Soe (I.C)

Credit ( ဥပဒေရေးရာ )

Related Posts

ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;

ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့်  ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...

မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်

          မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။  ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...

          မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate