Advertise here!

မိမိသည်ခိုးမှု၊လုယက်မှု၊အလွဲသုံးစားမှု၊ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုတစ်စုံတစ်ရာမကျူးလွန်သော်လည်းခိုးရာပါပစ္စည်းမိမိလက်ဝယ်တွေ့ရှိနေလျှင်သူခိုးသို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံသူမဖြစ်အောင်မည်သို့ ပြုလုပ်ရပါမည်နည်း?

06-Jun-22 အခြား
မိမိသည်ခိုးမှု၊လုယက်မှု၊အလွဲသုံးစားမှု၊ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုတစ်စုံတစ်ရာမကျူးလွန်သော်လည်းခိုးရာပါပစ္စည်းမိမိလက်ဝယ်တွေ့ရှိနေလျှင်သူခိုးသို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံသူမဖြစ်အောင်မည်သို့  ပြုလုပ်ရပါမည်နည်း?

မိမိသည်ခိုးမှု၊လုယက်မှု၊အလွဲသုံးစားမှု၊ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုတစ်စုံတစ်ရာမကျူးလွန်သော်လည်းခိုးရာပါပစ္စည်းမိမိလက်ဝယ်တွေ့ရှိနေလျှင်သူခိုးသို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံသူမဖြစ်အောင်မည်သို့

ပြုလုပ်ရပါမည်နည်း?

ပထမဦးဆုံးခိုးမှုပုဒ်မ၏အင်္ဂါရပ်ကိုသိဘို့ ၊ ဒုတိယ ခိုးရာပါပစ္စည်းမှုပုဒ်မ၏အင်္ဂါရပ်ကိုသိဘို့ ၊တတိယ သက်သေခံအက်ဥပဒေပြဌာန်းချက်ပါပုဒ်မ-၁၁၄၏ဥပမာ (က)တို့ကိုသိဘို့လိုအပ်ပါသည်။

-ခိုးမှု၏အင်္ဂါရပ်မှာ-

▪မည်သူမဆို- - -

၁။တစ်ဦးတစ်ယောက်၏လက်ရှိရှိသောရွှေ့ပြောင်းနိင်သောပစ္စည်းကို၊

၂။ထိုသူမသိဘဲ၊

၃။မရိုးမဖြောင့်သောသဘောဖြင့်၊

၄။ယူဆောင်ခြင်းသို့မဟုတ်ယူရန်ကြံရွယ်၍နေရာမှရွေ့စေခြင်းပြုလျှင်၊

ခိုးမှု (Thef )မြာက်ပါသည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၈ )

▪နေအိမ် ၊ ဥပစာ ၊ပြင်ပတွင်ခိုးမှုကျူးလွန်လျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၉အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။

▪နေအိမ် ၊ ဥပစာ ၊အတွင်းခိုးမှုကျူးလွန်လျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈၀ အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။

▪သားသမီး၊အစေခံ ၊အလုပ်သမား၊များကခိုးမှုကျူးလွန်လျှင်ပြစ်မုဆိုင်ရာဥပဒေပုဒ်မ-၃၈၁ အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။

▪သေစေရန် ၊ နာကျင်စေရန် ၊ တားဆီးရန် ၊ ပြင်ဆင်၍ခိုးမှုကျူးလွန်လျှင်ပြစ်မှုဆိုင်ဥပဒေပုဒ်မ-၃၈၂ အရပြစ်မှုထင်ရှားစီရင်နိင်ပါသည်။

ပြစ်ဒဏ်များအနေဖြင့်ပုဒ်မ-၃၇၉ အရပြစ်မှုကျူးလွန်လျှင် ထောင်ဒဏ်(၃)နှစ်အထိ၊ဖြစ်၊ငွေဒဏ်ဖြစ်စေ ၊ဒဏ်(၂)ရပ်လုံးဖြစ်စေ ၊ချမှတ်နိင်သည်။ပုဒ်မ-၃၈၀ ၊ပုဒ်မ-၃၈၁ အရပြစ်မှု ကျူးလွန်လျှင်ထောင်ဒဏ်(၇)နှစ်အထိ

အပြင်ငွေဒဏ်၊ဒဏ်(၂)ရပ်လုံးချမှတ်နိင်ပါသည်။ ပုဒ်မ-၃၈၂အရပြစ်မှုကျူးလွန်လျှင်ထောင်ဒဏ်(၁၀)အထိအပြင်ငွေဒဏ် ၊ ဒဏ်(၂)ရပ်လုံးချမှတ်နိင်ပါသည်။

အထက်ဖေါ်ပြပါခိုးမှုပုဒ်မတစ်ခုခုကျူးလွန်၍ရရှိလာသည့်ရွှေ့ပြောင်းနိင်သောပစ္စည်းသည်ခိုးရာပါပစ္စည်း (Stolen property )ဖြစ်ပါသည်။

ခိုးရာပါပစ္စည်းကိုတစ်နည်းနည်းဖြင့်လက်ဝယ်ထားရှိသူသည်ခိုးရာပါပစ္စည်းလက်ခံသူ ( receiving stolen property )ဖြစ်ပါသည်။

ခိုးရာပါပစ္စည်း၏ပြစ်မှုအင်္ဂါရပ်မှာ - - -

၁။ခိုးမှု ။( Thef )

၂။ခြောက်လှန့်တောင်းယူမှု ။ ( extortion )

၃။ပြစ်မှုမကင်းသောအလွဲသုံးစားမှု ။ ( criminally misappropriated )

၄။ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု ။ ( criminal breach of trust )

၅။လုယက်မှု ။ ( robbery )

အထက်ဖေါ်ပြပါပြစ်မှုတစ်ရပ်ကိုန်ြမာနိင်ငံအတွင်း/အပြင်ကျူးလွန်၍ပစ္စည်းသည်လက်ဝယ်ရှိသူ၏လက်ဝယ်သို့ပြန်မရောက်မခြင်း"ခိုးရာပါပစ္စည်း"ဖြစ်နေပါသည်။လက်ဝယ်ရှိသူ၏လက်ဝယ်သို့ပစ္စည်းပြန်ရော်လျှင်

ထိုပစ္စည်းသည်ခိုးရာပါပစ္စည်းအဖြစ်မှရပ်ဆဲပါသည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၀ )

ခိုးရာပါပစ္စည်းလက်ခံမှုနှင့်ပတ်သက်၍ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၁ ၊(ခိုးရာပါပစ္စည်းကိုမရိုးမဖြောင့်သောသဘောဖြင့်လက်ခံခြင်း)ကျူးလွန်သူကို၊ထောင်(၃)နှစ်အထိ၊ငွေဒဏ်၊ဒဏ်(၂)ရပ်လုံး။

ပုဒ်မ-၄၁၂ လုယက်မှုသို့မဟုတ်ဓားပြမှုကျူးလွန်ရာမှရရှိလာသောတိုက်ရာပါပစ္စည်းများကိုမရိုးမဖြောင့်သောသဘောဖြင့်လက်ခံခြင်းဖြစ်သည်။ကျူးလွန်သူအားထောင်ဒဏ်တစ်သက်တစ်ကျွန်း(ယခုထောင်ဒဏ်တစ်

သက်)၊ဖြစ်စေ၊ထောင်ဒဏ်(၁၀)နှစ်ဖြစ်စေ၊ချမှတ်ရမည့်အပြင်ငွေဒဏ်ပါချမှတ်နိင်ပါသည်။

ပုဒ်မ-၄၁၃သည်ခိုးရာပါပစ္စည်းကိုအမြဲတမ်းရောင်းဝယ်ဆက်ဆံမှုဖြစ်ပါသည်။ကျူးလွန်သူကိုထောင်ဒဏ်တစ်သက်၊ထောင်ဒဏ်(၁၀)နှစ်အပြင်ငွေဒဏ်ပါချမှတ်နိင်သည်။

ပုဒ်မ-၄၁၄သည်ခိုးရာပါပစ္စည်းအားဝှက်သိမ်းပေးထားမှုဖြစ်ပါသည်။ကျူးလွန်သူကိုထောင်ဒဏ်(၃)နှစ်၊ငွေဒဏ်၊ဒဏ်(၂)ရပ်လုံးချမှတ်နိင်ပါသည်။

သက်သေခံအကဥပဒေပုဒ်မ-၁၁၄ ၏ဥပမာ(က)အရ-

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၀ပြဌာန်းချက်ပါပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်၍ရရှိလာသည့်ခိုးရာပါပစ္စည်းသည်မိမိ၏လက်ဝယ်သို့မည်သည့်နည်းဖြင့်လက်ဝယ်သို့ရောက်ရှိနေရခြင်းဖြစ်ကြောင်းကိုခိုင်လုံစွာသက်သေထူ၍

တင်ပြနိင်ခြင်းမရှိလျှင်တရားရုံးသည်သူခိုးသို့မဟုတ်ခိုးရာပါပစ္စည်းလက်ခံသူအဖြစ်မှတ်ယူနိင်ကြောင်းဥပမာပြုထားသည်။

မိမိအနေဖြင့်သူခိုးအဖြစ်မှတ်ယူခြင်းမခံရစေရန်အတွက်ပထမဦးစွာခိုးရာပါပစ္စည်းအားမိမိထံသို့ရောက်ရှိလာရသည့်အကြောင်းရင်းကိုခိုင်လုံစွာသက်သေထူပြပေးပါ။မိမိလက်ဝယ်သို့လာရောက်ပေးသူ/ရောင်းသူ၏

အမည်၊နေရပ်လိပ်စာအမှန်၊လိုအပ်ပါကမှတ်ပုံတင်မိတ္တူ၊စာချုပ်စာတမ်း၊တယ်လီဖုန်းဓါပုံမှတ်တမ်းများဖြင့်တင်ပြသက်သေထူနိင်လျှင်သူခိုးအဖြစ်တော့မှတ်ယူ၍မရနိင်တော့ပါ။ခိုးရာပါပစ္စည်းလက်ခံမှုမမြောက်ရန်

အတွက်ပစ္စည်းသည်ခိုးရပါပ္စည်းမှန်းမသိ၍သဘောရိုးဖြင့်လက်ခြင်း၊ဝယ်ယူထားခြငးဖြစ်ကြောင်း၊ကာလပေါက်စျေးအတိုင်းဝယ်ယူကြောင်း၊သူခိုးစျေးဖြင့်ဝယ်ယူခြင်းမဟုတ်ကြောင်း၊သက်သေထူ၍ပစ္စည်းကိုတာဝန်ရှိရဲ

အားရှာဖွေပုံစံဖြင့်သက်သေများရှေ့ပေးအပ်နိင်မှသာလျှင်ခိုးရာပါပစ္စည်းလက်ခံမှုမှလွတ်၍သက်သေဖြစ်လာမည်ဖြစ်ပါသည်။

မှတ်ချက်။ယနေ့ယခုအခါအရောင်းအဝယ်လောကတွင်ရောင်းမှားဝယ်မှားမှုဟုပြောနေကြသည့်ခိုးရာပါပစ္စည်းလက်ခံမှုများ၊ဖြစ်၍ပစ္စည်းများဆုံးရှုံးနစ်နာမှုများကြောင့်အထောက်အထား၊သက်သေများ၊မှတ်တမ်းဓာပုံများ

အမည်အမှန်၊နေရပ်လိပ်စာအမှန်၊တို့အရယူထားကြပါ။

အထူးမှတ်ရန်။ပြစ်မှုဆိုင်ရာဥပဒေလိမ်လည်မှုပုဒ်မ-၄၁၇၊ပုဒ်မ-၄၂၀၊မှလိမ်လည်ရယူသည့်ပစ္စည်း၊ငွေသည်ခိုးရာပါပ္စည်းမဟုတ်ပါ။

ပစ္စည်းမပေးအပ်နိင်၍အစားထိုးပစ္စည်း၊ငွေအပ်ပေးခြင်းသည်ခိုးရာပါပစ္စည်းပေးအပ်ခြင်းမဟုတ်ပါ။သက်သေခံပစ္စည်းအဖြစ်မှတ်ယူ၍မရပါ။ရှာဖွေပုံစံပျက်ပြယ်စေပါသည်။

တရားခံအမှုမှလွတ်မြောက်လျှင်ပစ္စည်းအပ်ပေးသူအားတရားရုံးကပြန်ပေးသည့်စီရင်ထုံးမြောက်များစွာထုံးဖွဲ့ထားပါသည်။

ကူးယူဖော်ပြပါသည်

 

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate