♦ ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း ♦

♦ ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း ♦

♦ ဘာသာမတူပဲလက်ထပ်ထိမ်းမြားခြင်း ♦

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံသားခရစ်ယာန်ဖြစ်ပါကတိုင်းတရားရုံး(သို့)မြို့နယ်တရားရုံး (သို့) ရှေ့နေ ရှေ့တွင် လတ်မှတ်ထိုးလို့မရပါ။ church ကျောင်းတွင်ထိုးမည်ဆိုပါကလည်းခရစ်ယာန်နှစ်ချင်းခံပြီးသူဖြစ်ရမည်ဟူသောကန့်သတ်ချက်များရှိပါတယ်။

တရား၀င်လက်မှတ်ထိုးရမည့် နည်းလမ်း

၁။ မိန်းကလေးနေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့သတို့သားနှင့်တကွအတူတူသွားပါ။ သတို့သား၊ သတို့သမီးမှတ်ပုံတင်မိတ္တူ နှင့် အိမ်ထောင်စုစာရင်းမိတ္တူများယူဆောင်သွားပါ။ ထို့အတူ သက်ဆိုင်ရာမြို့နယ်တရားရုံးတွင်ကျမ်းကြိမ်စာ (မိန်းကလေးအတွက်) ကတိသစ္စာပြုလွှာ(ယောက်ကျားလေးအတွက်)များပါတွဲတင်ရန်လိုအပ်ပါသည်။ထိုကျမ်းကြိမ်လွှာများရရန်အတွက် သက်သေနှစ်ဦးလိုအပ်ပါတယ်။ သက်သေနှစ်ဦးရဲ့မှတ်ပုံတင် (သို့)မှတ်ပုံတင်နံပါတ်ပါ၀င်သောယာဉ်မောင်းလိုင်စင်များလိုအပ်ပါသည်။

၂။ မြို့နယ်ထွေအုပ်ရုံးမှ ဘာသာမတူလက်ထပ်ထိမ်းမြားခြင်းလျှောက်လွှာပုံစံ ၄စုံထုတ်ပေးပါလိမ့်မည်။ထိုလျှောက်လွှာတွင် ယောက်ကျားလေးအချက်အလက်များ၊မိန်းကလေးအချက်အလက်များကို အသေးစိတ်ဖြည့်ပေးပြီးကာယကံရှင်များရဲ့လက်မှတ်များထိုးပေးဖို့လိုအပ်ပါတယ်။

၃။ ထွေအုပ်ရုံးသို့လျှေက်လွှာတင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်တရားရုံးမှ မိန်းကလေးကျမ်းကြိမ်စာ နှင့်ယောက်ကျားလေး ကတိသစ္စာပြုစာများလိုအပ်ပါသောကြောင့် မြို့နယ်တရားရုံးသို့သွားပါ။

၄။တရားရုံးသို့ရောက်ပါက ထွေအုပ်ရုံးမှဘာသာမတူထိမ်းမြားခြင်းအတွက် ကျမ်းကြိမ်လွှာလိုချင်ပါတယ်ဟုပြောလိုက်ပါက စာရေးမှ လိုအပ်သော စာရွက်စာတမ်းများပြုလုပ်ပေးပြီး ကျမ်းကြိမ်လွှာနှင့်ကတိသစ္စာပြုလွှာများတွင် တရားသူကြီးမှတံဆိပ်တုံးနှင့်ကျမ်းကြိမ်လွှာအမှတ်စဉ်ထုနှိပ်ပေးပြီးထိုစာချုပ်နှစ်စောင်အားပြန်ပေးပါလိမ့်မည်။ ထိုစာချုပ်ပေါ်တွင် သတို့သား သသထွေအုပ်ရုံးတွင်တို့သမီးက်သေနှစ်ယောက်ရဲ့လတ်မှတ်များပါပါ၀င်ပါသည်။ ထိုစာချုပ်ရရန်အတွက် နံပါတ်၁တွင်ပြောပြထားသောစာရွက်စာတမ်းများလိုအပ်ပါသည်။

၅။ ကျမ်းကြိမ်လွှာ၊ကတိသစ္စာပြုလွှာနှင်တကွ အသေးစိတ်အချက်အလက်များဖြည့်ထားသောလျှောက်လွှာကိုထွေအုပ်ရုံးတွင်လျောက်ထားရပါမည်။

၆။လျောက်လွှာတင်သည့်နေတွင်ပင် တစ်စောင် မိန်းကလေးနေထိုင်ရာရပ်ကွပ်ရုံးတွင်တစ်စောင် ယောက်ကျားလေးနေထိုင်ရာရပ်ကွက်ရုံးတွင်တစ်စောင် အသီးသီးကြေငြာများကို၃ပတ်တိတိကပ်ပါသည်။

ရ။ ၃ပတ်အတွင်းကန့်ကွက်သူမရှိခဲ့ပါက ၃ပတ်ပြီးသည်နှင့် သတို့သား သတို့သမီးနှင့် အတူ ကျမ်းကြိမ်လွှာများတွင်လတ်မှတ်ထိုးပေးခဲ့သောသက်သေနှစ်ယောက်လိုက်ပါပြီးထွေအုပ်ရုံးမှတ်ပုံတင်အရာရှိအရှေ့တွင် တရား၀င်လတ်မှတ်ရေးထိုးနိုင်ပါပြီ။

Photo (Google)

Credit-OriginalUploder

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate