“ လူပျိုကြီး အပျိုကြီးတို့ ကွယ်လွန်ပါက ၄င်းတို့ ကျန်ရစ်သော အမွေပစ္စည်း တို့ကို မည်သူ ရမည်နည်း ”

“ လူပျိုကြီး အပျိုကြီးတို့ ကွယ်လွန်ပါက ၄င်းတို့ ကျန်ရစ်သော အမွေပစ္စည်း တို့ကို မည်သူ ရမည်နည်း ”

         “ လူပျိုကြီး အပျိုကြီးတို့ ကွယ်လွန်ပါက ၄င်းတို့ ကျန်ရစ်သော အမွေပစ္စည်း တို့ကို မည်သူ ရမည်နည်း ”

အပျိုကြီး ၊ လူပျိုကြီးတို့ ကွယ်လွန်ပါက ၄င်းတို့၏ အမွေကို မည်သူတို့ ရမည် နည်းဟု မကြာခဏ မေးလေ့ ရှိကြသည် ။

ဥပမာ - အတူနေသူ မိခင်ဖြစ်သူ သို့မဟုတ် ဖခင်ဖြစ်သူက ရမလား ဒါမှမဟုတ် တစ်ခြား ကွယ်လွန် သွားသူ အပျိုကြီး လူပျိုကြီး တို့၏ ညီအကို မောင်နှမ များက ရမလား စသည်ဖြင့် မေးမြန်း ကြခြင်း ဖြစ်သည် ။

 

           အဆိုပါ အကြောင်းကို ဖြေဆိုနိုင်ရန် အတွက် မနှင်းဘွင့် နှင့် ဦးရွှေဂုဏ် ( ၈ ၊ အလ်ဘီအာ ၊ ၁ ပီစီ ) အမှုတွင် အမွေခံ အစီအစဉ်တို့ကို ဆုံးဖြတ် ပေးခဲ့သည် ။ အမှုအကြောင်း အရာမှာ ဦးရွှေဂုဏ် နှင့် မနှင်းဘွင့် တို့သည် သားအဖ ဖြစ်သည် ။ ဦးရွှေဂုဏ် သည် ပထမမယား နှင့် သမီးဖြစ်သူ မနှင်းဘွင့် အပါအဝင် သမီး သုံးယောက်ကို မွေးဖွားခဲ့သည် ။ ထမမယား သေဆုံးပြီး နောက် ဦးရွှေဂုဏ်သည် ဒုတိယ မယား ယူသည် ။ အစ ပထမပိုင်းတွင် မနှင်းဘွင့် အပါအဝင် သမီးသုံးယောက် နှင့် ဖခင် ဦးရွှေဂုဏ် ၊ မိထွေး ဖြစ်သူတို့ အတူနေထို်ခဲ့ကြသည် ။ နောက်ပိုင်း တွင် မိထွေး ဖြစ်သူနှင့် သမီး ( ၃ ) ယောက် မသင့်မြတ် သောကြောင့် ညီအမ ( ၃ ) ယောက် တို့သည် အိမ်ဝယ်ယူ၍ ဖခင်ဖြစ်သူ နှင့် အိမ်ခွဲကာ နေထိုင် ကြသည် ။

 

          ထိုသို့ အိမ်ခွဲ နေကြရာမှ ညီအမ နှစ်ယောက် သည် ရှေ့ဆင့် နောက်ဆင့် ဆိုသလို ပျက်စီး ကွယ်လွန် သွားကြရာ မနှင်းဘွင့် ထံ၌ သေသူ အမ နှစ်ယောက်တို့၏ ပစ္စည်းများ ကျန်ရစ်သည် ။အဆိုပါ ပစ္စည်းများကို ရလိုကြောင်းဖြင့် ဦးရွှေဂုဏ်က သမီးဖြစ်သူ မနှင်းဘွင့် အပေါ်တွင် တရားစွဲသည် ။ အဆိုပါ အမှုတွင် ကွယ်လွန် သူ၏  မိဘနှင့် ညီအကို မောင်နှမများ ယှဉ်၍ အမွေလုမည် ဆိုပါက ညီအကိုမောင်နှမများသာ အမွေရမည်ဟု ဆုံးဖြတ် ပေးခဲ့သည် ။ ဆိုလို သည်မှာ သားသမီး ၊ မြေး ၊ မြစ် စသော အဆက်အနွယ်များ မကျန်ရစ်လျှင် သေသူ တစ်ယောက်၏ ပစ္စည်းကို ၄င်း၏ မိဘများထက် ညီအကို မောင်နှမများက အမွေဆက်ခံ ခွင့်ရှိသည်ဟု ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည် ။

 

        “ မိဘ များနှင့် အတူနေခြင်း မနေခြင်း ” မနှင်းဘွင့် နှင့် ဦးရွှေဂုဏ် အမှုတွင် ညီအမများသည် မိဘ များနှင့် ခွဲ၍ သီးခြား နေထိုင်ကြသည် ။ အကယ်၍ သေသူ၏ ညီအကို မောင်နှမများသည် မိဘများနှင့် အတူနေထိုင် လျှင်ရော အမွေကို မည်သူရ မည်နည်း ဆိုသည်ကို မောင်ကွန်းနှင့် မချီ ၉၊ ရန်ကုန် ၂၁၇ စုံညီခုံရုံး အမှုတွင် သေသူသည် မိဘများနှင့် အတူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ မိဘနှင့် ညီအကို မောင်နှများ အမွေလုလျှင် ညီအကို မောင်နှမ များသာ အမွေရမည်ဟု ဆုံးဖြတ် လိုက်ပေသည် ။ #ထို့ကြောင့် အပျိုကြီး ၊ လူပျိုကြီးတို့ ကွယ်လွန်လျှင် မိဘ နှင့် သားသမိး တို့ အမွေယှဉ် လုမည်ဆိုက မည်သူတို့ အမွေရမည်ကို ဖော်ပြပေး လိုက်ရ ပေသည် ။

 

#ကိုးကား-

 

ဆရာကြီး ဦးမြစိန် ပြုစုသော မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ ( ၁၃ )  ကြိမ်မြောက် ပြင်ဆင် ဖြည့်စွက်ချက်

ဆရာကြီး မိုးထက် ( ၁၁ .  ၁ . ၂၀၂၁ ) ရက်နေ့  ၊ နေ့လည် ( ၁၁ ) နာရီ ( ၁၀ ) မိနစ်

Credit-OriginalUploder

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate