တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ ====================================

13-Aug-21
တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ ====================================
ဒါမျိုးကျတော့ငွေလိုချင်တဲ့သူက နည်းနည်းအကင်းပါးရတယ်။ တန်းမစွဲရဘူး ။ ဒါမျိုးကျတော့ သူက ကိုယ့်ဆီက ငွေချေးထားတယ် ပြန်မပေးဘူး။ တောင်းတော့လည်း တိုင်ချင်ရာတိုင်… နောက် တရားစွဲရမှာလဲ စာချုပ်မူရင်းက မရှိဘူးဆိုတော့။ ဒါမျိုးကျတော့ ရှေနေ့ ရှေရပ်နဲ့ ငှားရမ်းပြီးတော့ ပထမဦးစွာ သတိပေးစာ (Notice ) ထုတ် လိုက်ရတယ်။ စာချုပ်စာတမ်းနဲ့ အခိုင်အမာသက်သေတွေနဲ့ ချုပ်ထားတယ် ။ဒါကြောင့် ဘယ်နေ့ဘယ်ရက်မှာ အပြီးပြန်ပေးပါ ဆိုပြီး Notice စာထုတ်လိုက်ဖို့ကောင်းပါတယ်။ အဲ့လိုထုတ်လိုက်တဲ့အခါ သူဘာပြန် လာမလဲပေါ့။ သူငြင်းမှာလားပေါ့။ သူက ယူတာကိုဝန်ခံရင်လည်းခံမယ်။ မပေးနိုင်ဘူး လို့လည်းပြောချင် ပြော မယ်။ တစ်ခုခုပေါ့။ သူဝန်ခံလာရင် သူယူထားတာကို ဝန်ခံထားတဲ့အတွက် ကိုယ်မှာ ခိုင်မာတဲ့ သက်သေ လုပ် လို့ရတာပေါ့။ ဒါက တစ်ချက်ပေါ့။
အဲ့ဒီလိုမှ မဟုတ်ရင် ဒီစာချုပ်ကလည်းမိတ္တူ ဖြစ်နေတယ်၊ ပြီးတော့ သူကလည်းဝန်ခံတာမရှိဘူး။ Reply မရှိ ဘူးဆိုရင် လုပ်လို့ရတာတစ်ခုကတော့ ချေးတုန်းက မြင်တဲ့သက်သေခေါ် လို့ရတယ်။ လူ သက်သေရှိရင် လည်းတရားစွဲလို့ရပါတယ်။ စာချုပ်စာတမ်းရှိမှ ရယ်လို့မဟုတ်ပါဘူး။ လူသက်သေအခိုင်အမာလိုက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ သူကလည်း ယုံကြည်ထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် အဲ့ဒီလူကို သက်သေပြခြင်း အားဖြင့်တရားစွဲလို့ရပါတယ်။ ချေးတဲ့ငွေ ပြန်ရလိုမူနဲ့လည်း တရားစွဲလို့ရပါတယ်။ သုံးနှစ်အတွင်း စွဲပါ။ အဲ့ဒီလိုပဲဖြေကြားပေးချင်ပါတယ်။
dvbtvnews
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate