မိမိ၏ ဇနီးဖြစ်သူနဲ့ကွာရှင်းလိုပါတယ် ။ ဘယ်လိုဆောင်ရွက်ရမလဲ ။

မိမိ၏ ဇနီးဖြစ်သူနဲ့ကွာရှင်းလိုပါတယ် ။ ဘယ်လိုဆောင်ရွက်ရမလဲ ။
ဗုဒ္ဓဘာသာဝင်များအတွက် လင်နှင့်မယား နှစ်ဦးသဘောတူလျှင် အချိန်မရွေးကွာရှင်းခွင့် ရှိပါ သည်။ မည်သို့ကွာရှင်းသင့်ကြောင်းကို ပိုစ့်တွေတင်၍ ရှင်းပြထားပြီးဖြစ်ပါသည်။
မိမိ၏ ဇနီးဖြစ်သူနဲ့ကွာရှင်းလိုလျှင် ဇနီးဖြစ်သူနှင့် ဦးစွာညှိနှိုင်းပါ ။ ထိုသို့ညှိနှိုင်းခြင်းသည် ဥပဒေနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသေးပါ။ ထိုသို့ညှိနှိုင်းရာတွင် ငွေကြေးပေးလျော်ခြင်းဖြစ်လည်း အဆင်ပြေနိုင်ပါသည်။
အမျိုးသမီးဖြစ်သူအနေဖြင့် ကွာရှင်းမပေးနိုင်ကြောင်း ငြင်းဆန်ခဲ့လျှင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြရန် မဖြစ်နိုင်တော့ပါ။
ထိုအခါ ငြင်းဆန်သူ အမျိုးသမီးတွင် အိမ်ထောင်ရေးပြစ်မှုရှိရန်လိုလာပါသည်။ ထိုသို့ အိမ်ထောင်ရေးပြစ်မှု ရှိမှသာလျှင် အမျိုးသားအနေဖြင့် တရားရုံးတွင် တရားစွဲ၍ ကွာရှင်းခွင့်တောင်းနိုင် မည်ဖြစ်ပါသည်။
အမျိုးသမီးဖြစ်သူက အမျိုးသားဖြစ်သူအား အိမ်ထောင်ရေးပြစ်မှုကြောင့် တရားရုံးတွင် ကွာရှင်းခွင့် တောင်းခံခြင်းသည် အတော်အသင့်လွယ်ကူသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ( ဥပမာ ယောက်ျားဖြစ်သူက ရိုက်နှက်ခြင်း၊ မှုးယစ်သောက်စား ရမ်းကားခြင်း၊ အခြားသူနှင့် စွပ်စွဲပြောဆိုခြင်း ၊ နိုင်ထက်စီးနင်းပြုမှုခြင်း စသည်ဖြင့် အကြောင်းအရာများစွာရှိနိုင်ပါသည်။
အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူအား တရားရုံးတွင် ကွာရှင်းခွင့်တောင်းရာတွင် အခက်အခဲများစွာရှိနိုင်ပါသည်။ မည့်သည့်ကိစ္စရပ်သည် အိမ်ထောင်ရေးပြစ်မှု (ကွာရှင်းခွင့်ရနိုင် လောက်သည့် အိမ်ထောင်ရေးပြစ်မှုဖြစ်ဖို့လိုပါသည်။ )ဖြစ်ကြောင်း ညွှန်းဆိုရန် မလွယ်ကူနိုင်ပါ။
မည်သို့ပင်ဆိုစေ အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူအား တရားဥပဒေအရ တရားရုံးတွင် ကွာရှင်ခွင့်တောင်းနိုင်ရန်အတွက် အမျိုးသမီးတွင် ကွာရှင်းခွင့် ရနိုင်လောက်သည့် အိမ်ထောင်ရေးပြစ်မှု ကိုကျူးလွန်ထားကြောင်း သက်သေထင်ရှားပြသရန်လိုအပ်ပါသည်။
(ဥပမာ - အမျိုးသမီးသည် ဖောက်ပြန်နေခြင်း၊ ရက်စက်မှုကိုကျူးလွန်ခဲ့ခြင်း စသည့် အချက်များကို သက်သေအထောက်အထားအခိုင်အမာဖြင့် ပြဆိုနိုင်ရမည်ဖြစ်ပါသည်။
ဥပဒေအကျိုးဆောင် LL.B Group Myanmar Law Firm
မှကူးယူဖော်ပြပါသည်။
Credit-OriginalUploder
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...