ငွေချေး လိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ် ချုပ်သင့်ပါသလဲ။

ငွေချေး လိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ် ချုပ်သင့်ပါသလဲ။

  ငွေချေး လိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ် ချုပ်သင့်ပါသလဲ ။

  ငွေချေး လိုခြင်းသည် အကြောင်းအရာ ( ၃ ) ရပ်အပေါ် အခြေခံ မူတည်ပါသည်။

၎င်းအကြောင်းအရာများမှာ

( ၁ ) အတိုးလိုချင်၍ ချေးခြင်း

( ၂ ) အလွန် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေး အခက်အခဲ ဖြစ်နေသဖြင့် ကူညီပေးခြင်း 

( ၃ ) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း တို့ ဖြစ်ပါသည် ။

 

( ၁ ) ငွေတိုးရလို၍ ချေးခြင်းသည် မိမိအနေဖြင့် ငွေတိုး ချေးစားခွင့် လိုင်စဉ် မရှိဘဲ ချေးငှားနိုင်သူ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း             သိဖို့ လိုပါသည် ။

       ထိုသို့ လိုင်စဉ် မရှိဘဲ ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်လျှင် မိမိအနေဖြင့် တရားစွဲ၍ ငွေရလိုမှု စွဲဆိုနိုင်            မည် မဟုတ်ပါ ။

       အပေါင်ပစ္စည်း တစ်ခုခုကို လက်ခံ၍ ချေးငှားခြင်း ဖြစ်ပါကလဲ အပေါင်ခံခွင့် မရှိသဖြင့် အပေါင်အဖြစ် လက်ခံထားသော ပစ္စည်းရှိ          စေကာမူ ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပါသည် ။

 

       ငွေချေးခြင်း အပေါင်ခံခြင်းများကို ဘဏ်များကသာ တရားဝင်လုပ်ခွင့် ရှိပါသည် ။

       မိမိတွင် လုပ်ခွင့်မရှိသော ကိစ္စကို ဆောင်ရွက်ခြင်းသည် ကံစမ်းခြင်းမျိုး ဖြစ်၍ အဆင်ပြေလျှင် အတိုးအရင်း မျိုးမျိုးမြတ်မြတ် ရ          နိုင် သော်လည်း ၊ အဆင်မပြေလျှင် အတိုးရော အရင်းပါ ဆုံးရှုံးနိုင်ပါသည် ။

       စာချုပ်စာတမ်း မျိုးစုံဖြင့် ပြုလုပ်ကြသော်လည်း ဟန်ဆောင်စာချုပ်များသည် တရားမဝင်သဖြင့် အကျိုး မများနိုင်ပါ ။

       ငွေတိုး ချေးစားခြင်းကို တရားဝင် လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ငှာနများတွင် လိုင်စင် လျှောက်ထားခွင့် ရှိပါသည် ။

       ထိုသို့ မဟုတ်ဘဲ ဥပဒေအား လက်တစ်လုံးခြား ပြုလုပ်လိုလျှင် ထိုကိစ္စမျိုးအတွက် ခိုင်မာသော စာချုပ်ဆိုသည်မှာ မရှိနိုင်ပါ ။

 

( ၂ ) အလွန် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေး အခက်အခဲ ဖြစ်နေသဖြင့် ကူညီပေးခြင်း အတိုးမယူဘဲ ချေးပေးခြင်း ဖြစ်ပါက 

        ငွေယုံကြည် အပ်နှံခြင်း စာချုပ် ဖြစ်စေ ၊ ခေတ္တခဏ ငွေချေးငှားခြင်း စာချုပ် ဖြစ်စေ ပြုလုပ်၍ ချေးငှားနိုင်ပါသည် ။

        သို့သော် မိမိ၏မိတ်ဆွေတွင် အိမ်ထောင်ရှိလျှင် လင်နှင့်မယား နှစ်ဦးစလုံးကို လက်မှတ် ရေးထိုး ခိုင်းသင့်ပါသည် ။

        နူတ်ဖြင့် ချေးပေးခြင်း ၊ လွယ်လွယ် ချေးပေးခြင်းမျိုး မပြုလုပ်သင့်ပါ ။ 

       ထိုသို့ အထောက်အထားမဲ့ ချေးပေးခြင်းသည် မိတ်ဆွေဖြစ်သူက မိမိအပေါ်  စိတ်ပြောင်းအောင် ၊ ကတိ မတည်အောင် မိမိက              တွန်းပို့ပေးနေခြင်း သာဖြစ်ကြောင်း သတိပေးစေလိုပါသည် ။

 

       လူအတော်များများသည် မူလက လိမ်လည်ရန် ၊ ချေးငွေအား ပြန်မဆပ်ရန် ရည်ရွယ်ချက် မရှိသော်လည်း နောက်ပိုင်းတွင်                    စာချုပ်စာတမ်း မရှိခြင်း ၊ အလွယ် ပြုလုပ်ထားခြင်း ၊ ခိုင်မာသော ကတိကဝတ် မရှိခြင်း တို့ကြောင့် ငွေကြေးမပြေလည် သည့်              အခါ စိတ်ပြောင်းသွားလေ့ ရှိပါသည် ။

       ခိုင်မာသော စာချုပ်စာတမ်းများ ပြုလုပ်ထားခြင်းသည် မိမိ၏မိတ်ဆွေဖြစ်သူက ကတိ မတည်သူ ၊ လိမ်လည်သူ မဖြစ်စေရန် 

      ကူညီပေးရာ ရောက်ပါလိမ့်မည် ။

 

( ၃ ) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း -

       ငွေတိုးချေးစားခွင့် လိုင်စင်သည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်မှသာ လိုအပ်ပါသည် ။

       မိမိသည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီရင်း အတိုး          လဲ ရလို၍ တစ်ခါတစ်ရံ ငွေချေးငှားခြင်းသည် ပြုလုပ်ပိုင်ခွင့် ရှိသော ကိစ္စရပ် ဖြစ်ပါသည် ။

       ထိုသို့ ပြုလုပ်ခွင့် ရှိကြောင်း စီရင်ထုံးများလဲ ဖော်ပြဖူးပါသည် ။

       ခေတ္တခဏ ငွေချေးငှားခြင်း စာချုပ် ဖြစ်စေ ပြုလုပ်၍ ချေးငှားနိုင်ပါသည် ။

 

        သင့်တော်သော အတိုးကို ထည့်သွင်း ချုပ်ဆို၍ ရပါသည် ။

        အဓိက ကျသည်မှာ ငွေတိုးချေးစားခြင်းကို လုပ်ကိုင်သည့် သဘော မသက်ရောက်စေရန် လိုအပ်ပါသည် ။

       ကျန်သည့် ကိစ္စရပ်များမှာ အထက်အပိုဒ် ( ၂ ) ပါ အတိုင်းပင် ဖြစ်ပါသည် ။

       သူတစ်ပါးအား ငွေချေးငှားခြင်းသည် ဆုံးရှုံးနိုင်ခြေ များသည့် ကိစ္စတစ်ရပ်ဖြစ်၍ လုပ်သင့် မလုပ်သင့် ကို သေချာစွာ စဉ်းစားသင့်           ပါသည် ။

       ထိုသို့ စဉ်းစားပြီးနောက် ပြုလုပ်မည် ဆိုပါကလည်း စာချုပ် ချုပ်တမ်း ခိုင်ခိုင်မာမာဖြင့် ပြုလုပ်သင့်ကြောင်း အကြံပြု မျှဝေအပ်             ပါသည် ။

 

 Credit  ( ဥပဒေရေးရာ ) ဆက်လက်ဖော်ပြပါမည်

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate