ချေးငွေကို ဟန်ဆောင်စာချုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ။

ချေးငွေကို ဟန်ဆောင်စာချုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ။

ချေးငွေကို ဟန်ဆောင်စာချုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ။

အရပ်ထဲတွင် ငွေတိုးချေးစားသူများသည် အိမ်ခြံမြေအရောင်းအဝယ် ဟန်ဆောင်စာချုပ်များပြုလုပ်၍ ချေးငွေနှင့်အတိုးကို စရန်ပေးစာချုပ်အဖြစ် ဖန်တီးပြုလုပ်တတ်ကျသည်။

လိုင်စင်မဲ့ငွေတိုးချေးစားသူသည် ငွေချေးယူသူမှ ချေးယူထားသည့် ငွေအား ပြန်မဆပ်နိုင်သည့်အခါ ချေးငွေနှင့် အတိုးငွေများကို စုပေါင်း၍ ချေးငွေစုစုပေါင်းအား ငွေချေးယူသူပိုင်ဆိုင်သည့် အိမ်ခြံမြေကို ဝယ်ယူသည့် အရောင်းအဝယ်စာရန်ပေးစာချုပ်ချုပ်ဆိုသည်။

အဆိုပါစာချုပ်တွင် အချိန်ကာလတစ်ခု သတ်မှတ်၍ အဆိုပါကာလအတွင်းငွေချေးယူမှ ပြန်လည်ဝယ်ယူလိုလျှင် ဝယ်ယူနိုင်ကြောင်းနှင့် ဝယ်ယူနိုင်ခြင်း မရှိပါက သတ်မှတ်ထားသည့်ရောင်းဖိုးငွေအတိုင်း ကျန်ငွေပေးချေသည်ကိုလက်ခံ၍ အရောင်းအဝယ် ဆက်လက်ပြုလုပ်ရန် ဟန်ဆောင်စာချုပ်ချုပ်ဆိုကျသည်။

ချေးယူထားသည့် ချေးငွေအပေါ် အတိုးအဆင့်ဆင့်ဖြင့် တိုးရင်းပေါင်းထားသည့်ငွေကို စရန်ငွေ အဖြစ်ပေးချေထားကြောင်းစာချုပ်ချုပ်ဆိုထားပြီး အဆိုပါစရန်ငွေကို စာချုပ်ချုပ်ဆိုသည့်နေ့တွင် အမှန်တကယ် လက်ငင်းပေးချေခြင်းမဟုတ်သည့်အပြင် သတ်မှတ်အချိန်ကာလအတွင်း ပြန်လည်ဝယ်ယူနိုင်ကြောင်း ဖော်ပြချက်လည်းပါဝင်နေသည့်အတွက် ချုပ်ဆိုထားသော အရောင်းအဝယ်စရန်ပေးစာချုပ်သည် အမှတ်စင်စစ် ရောင်းချရန် ရည်ရွယ်ချုပ်ဆိုထားသည့် စာချုပ်မဟုတ်ဘဲ ချေးငွေအတွက် ဟန်ဆောင်ချုပ်ဆိုထားသည့် စာချုပ်ဖြစ်ကြောင်းပေါ်လွင်နေပါသည်။

ဟန်ဆောင်စာချုပ်သည် ဥပဒေအရ အတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ်မမြောက်ပေ။ စရန်ငွေအား အမှန်တကယ်ပေးအပ်ခြင်းမရှိဘဲ ယခင်အလီလီရယူခဲ့သည့်ငွေများကို ထည့်တွက်ခဲ့သည်ဆိုသော်လည်း ထိုသို့အလီလီပေးခဲ့သည့်အထောက်အထားမရှိသဖြင့် ချေးငွေရင်းနှင့် အတိုးပေါ်အတိုးဆင့်၍ တွက်ချက် ကောက်ခံထားသည့် ကြွေးမြီးသာဖြစ်ကြောင်း ကောက်ယူသုံးသတ်သည်။

အမှုမှာ ချေးငွေကို အိမ်ခြံမြေအရောင်းအဝယ်စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင် စာချုပ်အပေါ် အခြေခံစွဲဆိုထားသည့်အမှုဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အမှုကိုပလပ်လိုက်သည် ဟု သုံးသတ်ထားသည်။

(၂၀၀၂ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ (ခ) ဒေါ်လီလီလှိုင်)

ထို့ကြောင့် ချေးငွေကို ဟန်ဆောင်စာချုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ မရနိုင်ပါ။

 

Credit-OriginalUploder

Related Posts

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ (ဗဟုသုတရစေရန်ရည်ရွယ်ပါသည်။)(၁) တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့် စာချုပ်တစ်ရပ်ကို မည်သည့် ကိစ္စအတွက်မျှ အသုံးမပြု နိုင်ကြောင်း တံဆိပ်ခေါင်းခွန်အက်ဥပဒေ...

  ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

 ဒီလိုစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား "            စာချုပ်တွင်  ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။          ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်များ ချ...

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

မိတ်ဆွေကြီး ကိုချစ်တီးပါလား၊ မတွေ.တာအတော်ကြာပြီနော်၊ ဝလို့ဖြိုးလို. ဝမ်းဗိုက်ကြီးတောင် ရွှဲလို.ပါလား၊ ကျန်မားရေးလည်း ဂရုစိုက်ဦးနော်ကိုချစ်တီး ။ ။ အခုလိုမျိုး သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ အရောက်အပေါက်နည်းသွားတာကအလုပ်တွေများနေလို.ပါ။ကျွန်ပ်။ ။ အလုပ်မျာ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate