"ရာဇသတ်ကြီးပုဒ်မ ၂၉၄ အကြောင်း"

21-Apr-22 အခြား
"ရာဇသတ်ကြီးပုဒ်မ ၂၉၄ အကြောင်း"

"ရာဇသတ်ကြီးပုဒ်မ ၂၉၄ အကြောင်း"

=====================

ရာဇသတ်ကြီးပုဒ်မ ၂၉၄ ကို အထူးသဖြင့် “ဆဲမှု” ဟုလူသိများသည်။ ရာဇ သတ်ကြီးတွင် နှုတ်ဖြင့်ကျူးလွန်သော ပြစ်မှုတစ်ခုဖြစ်သည်။ပြစ်ဒဏ်မှာ(၃)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်နိုင်သည်။ ရာဇသတ်ကြီးပုဒ်မ ၂၉၄ သည် ပြစ်ဒဏ်နည်းသော် လည်း ရာဇဝတ်ကျင့်ထုံးဥပဒေဇယား(၂)တွင် ရဲအရေး ယူပိုင်ခွင့်ရှိသောပြစ်မှုအဖြစ် သတ်မှတ်ထားသဖြင့် ရဲစခန်းများတွင် ပထမသတင်းပေးတိုင်ချက် ဖွင့်ရ လေသည်။

ရာဇသတ်ကြီးပုဒ်မ ၂၉၄ ကို ဆဲမှု ဟုလွယ်လင့်တကူခေါ်ဝေါ်ကြသော် လည်း အမှန်စင်စစ်မှာမူ ညစ်ညမ်းစွာ ဆဲဆိုမှုဖြစ်သည်။ ညစ်ညမ်းစွာဆဲဆိုတိုင်း ပြစ်မှုမြောက်သလားဆိုလျှင် ထိုညစ်ညမ်းစွာဆဲဆိုခြင်းသည် အများ ပြည်သူဆိုင်ရာနေရာတွင်ဖြစ်စေ၊ အများပြည်သူဆိုင်ရာနေရာ၏ အနီးအနားတွင်ဖြစ်စေ ဆဲဆိုခြင်းဖြစ်ရန် လို အပ်သည်။ သို့ဖြစ်၍ ရာဇ သတ်ကြီးပုဒ်မ ၂၉၄ သည် အများပြည်သူဆိုင်ရာနေရာ သို့မဟုတ် အနီး အနားနေရာ တွင် အခြားသူများ စိတ်ငြိုငြင်အောင် ညစ်ညမ်းသောစကားကို ပြောဆိုခြင်းပင်ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၂၉၄ နှင့် အကျုံးဝင်သည့်အင်္ဂါရပ်များမှာ တရားခံသည် -

၁။ အများပြည်သူဆိုင်ရာ သို့မဟုတ် အနီးအနားနေရာတွင် ကဗျာ၊လင်္ကာ၊သီချင်း၊စကားတစ်မျိုးမျိုးကို ပြောဆို ခြင်း ၊

၂။ ထိုသို့သီဆို၊ရွတ်ဖတ်၊ပြောဆိုမှုသည် ညစ်ညမ်းခြင်း ၊

၃။ ထိုပြုလုပ်မှုကြောင့်အခြားသူများအား စိတ်ငြိုငြင်စေခြင်း တို့ဖြစ်ကြသည်။

မိမိနေအိမ်အတွင်း လင်မယားစကားများနေခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၂၉၄ မမြောက်ပေ။သို့ရာတွင် ထိုသို့ နေအိမ်အတွင်း လင်မယားချင်း စကားလည်းများကြသည်၊ ထိုသို့စကားများစဉ် ညစ်ညမ်းသောစကားများ လည်းပါသည်၊နေအိမ်မှာလည်း အများပြည်သူသွားလာနေသည့် လမ်းနှင်းအနီးအနားဖြစ်နေလျှင် ရာဇသတ် ကြီးပုဒ်မ ၂၉၄ နှင့်အကျုံးဝင်နေကြောင်း အများပြည်သူတို့သိရှိကြဖို့လိုသည်။

တစ်ဦးနှင့်တစ်ဦးခိုက်ရန်ဖြစ်ပွားကာ လုံးထွေးသတ်ပုတ်ဒဏ်ရာ အနည်း ငယ်ရသွားခြင်းသည် ရာဇသတ်ကြီး ပုဒ်မ၃၂၃ နှင့်သာ အကျုံးဝင်သည်။ ရာဇသတ်ကြီးပုဒ်မ ၃၂၃ ၏အများဆုံးပြစ် ဒဏ်မှာ ထောင်ဒဏ်တစ်နှစ်ဖြစ် သော်လည်း ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုမဟုတ်ပါ။ရဲစခန်းများ တွင် လည်း ပထမသတင်းပေးတိုင်ချက်ရေးဖွင့်ခွင့်မရှိပါ။သို့ရာတွင် ညစ်ညမ်းစွာဆဲဆိုမှုသည်ကား ရဲအရေးပိုင်သည်။ ရဲစခန်းတွင် အမှုဖွင့်ခွင့်ရှိသည်။ရဲများမှ တရားခံကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ပါးစပ်ကလေးလှုပ်လိုက်ရုံမျှဖြင့်ပြစ်မှုမြောက်စေသော ရာဇ သတ်ကြီးပုဒ်မ ၂၉၄(ညစ်ညမ်းစွာဆဲဆိုမှု)ကို မကျူး လွန်မိကြစေရန် အသိပေးတင်ပြလိုက်ရပေသည်။

Credit#ရဲအုပ်အောင်ကျော်ထွန်

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate