ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ အဆင်မပြေကြတော့သည့်အလျောက်

21-Apr-22 အခြား
ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ အဆင်မပြေကြတော့သည့်အလျောက်

ဒေါ်တင်မိုးခိုင် (ပြည်)

ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ အဆင်မပြေကြတော့သည့်အလျောက် ငွေကြေးများ ချေးငှားရယူ၍သုံးစွဲကြရာတွင် အချို့မှာ မိမိလုပ်ငန်း တကယ်အဆင်မပြေ၍ ချေးငှားရယူထားသော ငွေကြေး များကို ပြန် လည်မပေးဆပ်နိုင်ကြသော်လည်း ၊ အချို့မှာ ပြန်လည်ပေး ဆပ်နေပါလျှက် ချေးငွေပေါ်တွင် ပေး ဆောင်ရသော အတိုးများကြောင့် ရယူထားသော ငွေကြေးများ အကြေအလည် ပြန်လည် မပေးဆပ်နိုင် သည် လည်း ရှိကြသည်။အချို့မှာမူ စတင်၍ငွေကြေးများကို ချေးငှား ရယူစဉ် အခါကတည်းက ပြန်လည် ပေး ဆပ်ရန် ရည်ရွယ်ချက်မရှိဘဲ ယုံကြည်အောင်ပြောဆိုပြီး လိမ်လည်လှည့်ဖြားကာ ချေးငှားရယူ သည့် သူများလည်း ရှိကြ သည်။

ထိုသို့ ငွေကြေးစတင်ချေးယူကတည်းက ပြန်လည်ပေးဆပ် ရန် အစီအစဉ်မရှိဘဲ မရိုးဖြောင့် သော သဘောဖြင့် ယုံကြည် အောင် ပြောဆိုပြီး ချေးယူကြောင်း၊ ပြန် လည်ပေးဆပ် နိုင်စွမ်း ရှိပါလျက်နှင့် ပြန်လည် ပေးဆပ် ခြင်း မရှိဟု ပေါ်ပေါက်လျှင် ထိုသူကို ရာဇသတ်ကြီး ပုဒ်မ-၄၂၀ အရ တရားစွဲဆိုနိုင်ပါသည်။ယင်းပုဒ်မအရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလျှင် ထောင်ဒဏ် (၇)နှစ်အထိ ကျခံရနိုင်ပါသည်။

ရာဇဝတ်ကြောင်းနှင့် အမှုရှုံးသွား၍ ပြစ်ဒဏ်ကျခံလိုက် သော်လည်း ပေး ဆပ်ရန်ကျန်သည့် ငွေကြေးများကို ငွေချေးငှားပေးအပ်သူက တရား မကြောင်းအရ တရားစွဲဆိုတောင်းပိုင်ခွင့်ရှိပြီး ငွေချေးငှားရယူသူကလည်း ပြန်လည်ပေးဆပ်ရန်တာဝန်ရှိပါသည်။ ထိုသို့ တရားမ ကြောင်းအရတရားစွဲဆိုပြီး အမှုနိုင်၍ ငွေချေးငှားသူက ၎င်းချေးငှားရယူထားသော ငွေများကိုပြန်လည် မပေးဆပ်ခဲ့လျှင် ၎င်း၏ပိုင်ဆိုင်မှုများအား လေလံတင် ရောင်း ချပြီး ငွေကြေးကို ပြန်လည်ရယူနိုင်သကဲ့သို့ လေလံတင် ရောင်းချစရာမရှိ၍သော်လည်းကောင်း ပေး ဆပ်နိုင် စွမ်း ရှိပါလျက်နဲ့ မပေးဆပ်ခဲ့လျှင်သော်လည်းကောင်း ၎င်းအား တရားမထောင်ချပေးရန် တရားရုံးတော်သို့ လျှောက်ထား နိုင်ပါသည်။တရားမထောင် ကျသွား သော်လည်း ချေးငွေများအား အပြေအကြေ ပြန်လည်ပေး ရန်တာဝန်မှာ ရှိနေဆဲပင်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ငွေကြေးသည် လူ့ဘောင် နယ်ပယ် တွင် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ရာ လူ မသေ ငွေမရှားဆိုသည့် စကားအတိုင်း လူအသက်ရှင်နေသ၍ ငွေမရှားသူများ ထုနဲ့ဒေး ရှိသော်လည်း လူမသေ ခင် ငွေရှားပါးနေသူများ မှာလည်း ဒုနဲ့ဒေးပင်ဖြစ်ပါသည်။ထို့ ကြောင့် တစ်ဦးထံမှ တစ်ဦးက ငွေချေးဌားကြရခြင်း မှာလည်း လူတို့နှင့် မကင်းနိုင်သော အရာပင် ဖြစ်သည်။ထို့ ကြောင့် ငွေကြေးများရရှိပြီး လတ် တလော အစဉ်ပြေ စေရန်အတွက် ငွေများကို ပုံစံမျိုးစုံ၊အတိုးနှုန်း မျိုးစုံတို့ဖြင့် ချေးငှားရယူကြသည်။

ယခင်က နှုတ်ဖြင့် လွယ်လင့်တကူ ငွေချေးငှားမှုများ ရှိကြသော်လည်း ယခုအခါတွင် ရောင်းတန်းဝင် အရပ် စာချုပ်များ(စာချုပ်ပေါ်တွင်အသင့်ရေးသားထားသော စာသားများပါဝင်ပြီး လိုအပ်သော အကြောင်း အရာ များကိုသာ ဖြည့်စွက်ရသည့် စာချုပ်)ဖြင့် ချုပ်ဆို ချေးငှားလာကြသည်။တစ်ချို့မှာ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို စရံပေး၊အရောင်း အဝယ် စာချုပ်များ ဟန်ဆောင်ပြုလုပ်၍ ငွေချေးငှား သည်များလည်းရှိသည်။

မေတ္တာဖြင့်အတိုးမဲ့ချေးငှားခြင်းဟု ဖော်ပြကာ စာချုပ် ချုပ်ဆို ချေးငှားသည်များလည်းရှိသည်။သို့သော် တကယ့်လက်တွေ့တွင် မေတ္တာစစ်စစ်ဖြင့်ကူညီသူ အင် မတန်မှနည်းပါးပြီး အတိုးကိုမျှော်ကိုး၍ ဟန်ဆောင် စာချုပ်များ ချုပ်ဆိုကာ ချေးငှာကြခြင်း ၊ အပေါင်ခံကြခြင်းက ပို၍များပါသည်။ ထိုသို့ပြုလုပ်ကြရာတွင်လည်း ဥပဒေနှင့် ဘောင်ဝင်စေရန် အမျိုးမျိုးသော စာချုပ်များကို ပြုလုပ်ချုပ်ဆိုကြပြီး ငွေပြန်မရသည့်အခါ တရားတဘောင် ဖြစ်ကြ ရပါတော့သည်။ ထိုအခါ မိမိတို့ပြုလုပ်ထားသော ဟန်ဆောင်စာချုပ်များဖြင့် တရားစွဲဆိုပြိုင်ဆိုင်ကြတော့ သည်။

တရားရုံး၏ အကူအညီကိုလာရောက် တောင်းခံသူ သည် သန့်ရှင်းသော လက်ဖြင့် လာရောက်ရမည်ဟူ သော တရားစီရင်ရေးမှုအရ မသန့်မရှင်းပြုလုပ်ထားသူများ အမှုရှုံးမည်မှာ အသေအချာပင်ဖြစ်ပါသည်။ မည်သူမှ မိမိတွင်မရှိသောအခွင့်အရေးကို ဥပဒေကရပိုင်ခွင့် ပေးမည် မဟုတ်ပါ။ထို့ကြောင့် မိမိတွင် အတိုးယူ၍ငွေချေး ပိုင်ခွင့် မရှိလျှင် မည်သူမှ အတိုးယူ၍ ငွေချေးငှားပေးအပ်ခြင်းအား မပြုလုပ်သင့်ပါ ။ မဖြစ်မနေချေးပေးရမည့် မိတ်ဆွေရင်းချာများ ဖြစ်နေပါက အတိုးမယူဘဲ မေတ္တာသက်သက်ဖြင့်သာငွေချေးငှာလိုက်ပါ။ထိုငွေကြေးအား တရားဥပဒေအရ ပြန်လည် တောင်းခံ၍ ရပါသည်။

မည်သို့ပင် ချေးငှားခဲ့သည်ဖြစ်စေ၊မိမိချေးငှား ပေးအပ် လိုက်သော ငွေကြေးများကို ပြန်လည်ရယူ ၊လိုချင်ကြ စမြဲပင်ဖြစ်သည်။ထို့ကြောင့် မိမိတို့ကနည်းလမ်း အမျိုးမျိုး ဖြင့် ငွေချေးငှားမှုများ ပြုလုပ်၍ ချေးငှားလိုက်သော ငွေကြေးများ ဆုံးရှုံးမှုမရှိဘဲ ပြန်လည်ရရှိရန်အတွက် ဥပဒေနှင့် အညီ ချေးငှားခဲ့ခြင်းမျိုးဖြစ်ရန်လိုပါမည်။

ငွေချေးငှားခြင်းနှင့် ပတ်သက်၍ ၁၉၄၅ခုနှစ်၊ ငွေချေးစားသူများ အက်ဥပဒေ ပုဒ်မ -၉ အရ ငွေတိုးချစားသူသည် ငွေချေးငှားစားခွင့် လိုင်စင် (ငွေချေးငှားသူအဖြစ် မှတ်ပုံတင်ထားသည့် လက်မှတ်) မတင်ပြနိုင်လျှင် ဒီကရီကို ချမှတ်မပေးရဟု ပြဌာန်းထားသည်ကို သတိချပ်သင့်သည်။အဆိုပါ ၁၉၄၅ခုနှစ်၊ ငွေတိုးချစားသူများ အက်ဥပဒေ အား ၁၉၆၂ခုနှစ်၊ ငွေတိုးချစားခြင်း အက်ဥပဒေဖြင့် ရုပ်သိမ်းလိုက်သော်လည်း အဆိုပါ ၁၉၆၂ခုနှစ်၊ ငွေတိုးချစား သူများ အက်ဥပဒေ ပုဒ်မ ၁(၂)အရ အတည်ပြုကြောင်း အမိန့်ကြေငြာစာ ထုတ်ဆင့်ခြင်း မပြုရသေးသဖြင့် ယခု အခါ ၁၉၄၅ခုနှစ်၊ ငွေတိုးချစား သူများ အက်ဥပဒေသာလျှင် အတည်ဖြစ်လျှက် ရှိနေပါသည်။

အထက်ပါဥပဒေအရ ငွေချေးငှားခွင့်လိုင်စင်မရှိဘဲ ငွေချေးငှားသည်ဟုဆိုကာ ချေးယူသူက ချေးငှား ရယူထား သော ငွေကြေးများကို ပြန်လည်မပေးဆပ်ဘဲ ၊တိုင်ချင် ရာတိုင် လုပ်ချင်သလိုလုပ်ဟုဆိုကာ "ကြွေးယူတော့ ပြုံးပြုံး၊ တောင်းလျှင်မုန်း" အနေအထား ဖြစ်ပေါ်လာတော့သည်။ထိုသူများမှာ ကြွေးပါးဝနေသောသူများပင် ဖြစ်ပါသည်။

သို့ရာတွင် အထက်တွင်ဖော်ပြခဲ့သော ငွေတိုးချစားခွင့် လိုင်စင် မရှိသော်လည်း မိတ်ဆွေတစ်ဦး တစ်ယောက်က အမှန်တကယ် ငွေကြေး အခက်အခဲ ဖြစ်ပေါ်နေလျှင် မေတ္တာဖြင့်ချေးငှားပေးခြင်းကို ဥပဒေကခွင့်ပြုပေး ထားပါ သည်။ အတိုးရခွင့် တော့ မရှိပါ။မိမိချေးငှားပေးအပ်လိုက်သော ငွေကြေးများကို ပြန် လည်ရထိုက်ခွင့် ရှိပါသည်။ သတိထားရန်အချက်မှာ အမှုစွဲဆိုရမည့်အချိန်ကာလပင် ဖြစ်သည်။ချေးငှားပေးအပ်လိုက်သည့်နေ့မှ (၃)နှစ် အတွင်း မိမိချေးငှားပေးအပ်လိုက်သော ငွေကြေးများကို ပြန်လည် ရယူရန် တရားစွဲရပါမည်။ အချို့ငွေချေးယူ သူများသည် ယင်းအချက်ကို သိရှိထားသောကြောင့် ကာလစည်းကမ်း သတ်ကျော်လွန်သွားအောင် ပေးပါမည် ဟု ပြောဆိုလျှက် အချိန်ဆွဲတတ်ကြသည်ကို သတိပြုရန်လိုမည်ဖြစ်ကြောင်း သိရှိသမျှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

Credit#ဒေါ်တင်မိုးခိုင် 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate