တိုက်ခန်းဝယ်ရင် အခွန်ဆောင်ဖို့လိုပါသလား

တိုက်ခန်းဝယ်ရင် အခွန်ဆောင်ဖို့လိုပါသလား
တိုက်ခန်းဝယ်မယ်ဆိုရင် အခွန်ဆောင်ခြင်း ၊မဆောင်ခြင်းက အဓိကမဟုတ်။ မိမိဝယ်မဲ့ တိုက်ခန်းဟာ အရှုပ်အရှင်းကိစွတွေ ရှိ၊ မရှိ စုံစမ်းဖို့ကအဓိကကျပါတယ်။
ကိုယ်ဝယ်မဲ့ အဆောက်အအုံက အသစ်လား.၊အဟောင်းလားကန်ထရိုက် အခန်းလား၊ မြေရှင် အခန်းလား ဆိုတာ သိဖို့လိုပါမယ်။
ကန်ထရိုက်တာ ရရှိမဲ့အခန်းဆိုရင် သတိထားဖို့တော့လိုပါမယ်.ဆောက်လုပ်ရေးလုပ်နေစဥ် ငွေအရင်းအနှီးပြတ်သွားလို့ ပေါင်နှံထားတဲ့ အခန်းတွေရှိတတ်တယ်။ ရေမီး စုံ မစုံ၊မော်တာ ၊မီတာ သီးခြားစီ ရှိမရှိ စိစစ်ဖို့လိုတယ်။
အရေးကြီးဆုံးကတော့ လူနေထိုင်ခွင့် အတွက် ခွင့်ပြုမိန့် ရှိဖို့လိုပါတယ်။
လူနေထိုင်ခွင့် မရှိသေးဘဲ နေထိုင်ရင် ဘာဖြစ်တတ်သလဲ-----/
ဥပဒေ ကတော့ ဖယ်ရှားတဲ့အထိ လုပ်ပိုင်ခွင့်ရှိပါတယ်.ဒဏ်ငွေဆောင်ပြီး နေထိုင်ခွင့် အမိန့်လျှောက်တာလည်း ရှိပါတယ်.။
ကန်ထရိုက်က ကုန်ကျစရိတ်မခံနိုင်တာနဲ့ အခန်းအပ်ပြီး ထွက်သွားတာတွေ အမျိုးမျိုးရှိတယ်။
အဲ့တော့ အပေါ်ကအကြောင်း ပြန်ဆက်ရရင်
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ နိုင်ငံသား မည်သူမဆို အခြေပစွည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ်တည်ထောင်ခြင်း၊ လုပ်ငန်းသစ်ထပ်မံတိုးချဲ့ခြင်း ကိစွရပ်တွေမှာ အခွန်ကောက်ခံတဲ့ နှုန်းထားတွေ ပြဌာန်းထားတယ်။
အခြေပစွည်းဆိုတာကတော့ အိမ်၊ခြံ၊
မြေ၊တိုက်ခန်း ကိူဆိူလိုတာပါ။
ဒါ့ကြောင့်တိုက်ခန်းဝယ်ရင် ဥပဒေအရတော့ အခွန်ပေးဆောင်ရမှာပါဘဲ
အချို့လည်း ဝယ်ခွန်မဆောင်ဘဲ နေကြတာတွေရှိတယ်။ မြေကွက် ကိစွတွေမှာတော့ အမည်ပေါက်ပြောင်းမယ်ဆိုရင် ဝယ်ခွန်ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာဖြစ်လို့ မဖြစ်မနေဝယ်ခွန်ဆောင်ရပါတယ်.။
တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ် တင်းကျပ်တဲ့ စည်းမျဥ်းလုပ်ထုံး လုပ်နည်းထုတ်ပြန်ထားတာမတွေ့ရဘူး။ ဒီအချက်ကြောင့်လဲ ဝယ်ခွန်မဆောင်ဘဲ ရောင်း၊ ဝယ်နေကြတာဖြစ်ပါတယ်။
ဝယ်ခွန်ဆောင်မယ်ဆိုရင်တော့ သက်ဆိုင်ရာတန်ဖိုးဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း ၃၀ အတွင်းလျှောက်ထားရပါတယ်.အဲ့ဒီရက်ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် အလိုက် တုိက်ခန်းအထပ်ပေါ်မူတည်ပြီး တစ်စတုရန်းပေ ပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပါတယ်။
ဝယ်ခွန်ဆောင်ခြင်းဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ငွေပမာဏ ကငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါတယ်.။
ပြန်ရောင်းမယ်ဆိုရင်တော့ ဝယ်စဥ်ကသတ်မှတ်ထားတဲ့ စံနှုန်း နဲ့ရောင်းစဥ်က ရရှိတဲ့အမြတ်အစွန်းမှာဘဲ ၁၀ ရာခိုင်နှုန်း ဆောင်ရမှာဖြစ်ပါတယ်။
အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာ ၊အရောင်းထပ်နေတာတွေ ဖြစ်တတ်ပါတယ်။
အဲ့လိုအခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။
Credit-OriginalUploder
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
- "ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
- ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
- တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
- +++သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်+++
- လယ်ယာမြေတွေကို...အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာ
- "SP အကြောင်းသိကောင်းစရာ"
- ဆရာရေ ဂရံမြေဝယ်ချင်လို့ ဘာတွေစစ်ရမလဲ?
- တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
- တရားဝင်ပိုင်ဆိုင်မှု
Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...