စာချုပ်တစ်ခုခုချုပ်ဆိုတဲ့အခါ အသိသက်သေ ဘယ်နှစ်ယောက် လက်မှတ်ထိုးရမလဲ

09-Apr-22
စာချုပ်တစ်ခုခုချုပ်ဆိုတဲ့အခါ အသိသက်သေ ဘယ်နှစ်ယောက် လက်မှတ်ထိုးရမလဲ

စာချုပ်တစ်ခုခုချုပ်ဆိုတဲ့အခါ အသိသက်သေ ဘယ်နှစ်ယောက် လက်မှတ်ထိုးရမလဲ ။ ကျေးလက်ဒေသ တွေမှာ စာမတတ်လို့ လက်မနှိပ်ထားတဲ့ စာချုပ်တွေက တရား၀င်ပါသလား ။ သက်သေမရှိဘဲ ချုပ်ဆိုထားတဲ့ ငွေချေးစာချုပ် ဒါမှမဟုတ် ဗလာစာရွက်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းဟာ တရား၀င်ရဲ့လားဆိုတာ သိလိုပါတယ် ။

=====================

နှစ်ဦးသဘောတူ ကတိစာချုပ်တွေ၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း စာချုပ်တွေ ချုပ်ဆိုတဲ့နေရာမှာ အကြောင်း ခြင်းရာတွေ မှန်ကန်ကြောင်း၊ ချုပ်ဆိုတဲ့နေရာမှာလည်း တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်း၊ နှိုးဆော်၊ မလျှော်သြ ဇာတွေသုံးခြင်း၊ ကျန်းမာ ချမ်းသာနေတဲ့အချိန်မှာ စသဖြင့် ဒါတွေကို သိရှိပါတယ်ဆိုတဲ့ အသိသက်သေ နှစ်ဦး လိုပါတယ်။ အသိသက်သေမရှိဘဲနဲ့ ချုပ်ဆိုတယ်ဆိုရင် စာချုပ်မှန်ကန်မှုရှိ မရှိဆိုတာလည်း အတိအကျ မပြော နိုင်ပါဘူး။ တချို့က တရားရုံးရောက်တော့မှ ကျနော် ကတော့ မကျန်းမာနေတဲ့အချိန် ၊ သတိကောင်းကောင်း မရှိတဲ့အချိန်မှာ လက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ရပါတယ် စသဖြင့် ငြင်းတတ်ပါတယ်။

နောက်တစ်ချက်က တစ်ယောက်ယောက်က မလျှော်သြဇာသုံးပြီး တိုက်တွန်းလို့၊ ဖိနိပ်လို့ ဆိုပြီး ဖြစ်နိုင်တဲ့အ တွက်ကြောင့် သက်သေနှစ်ဦးကတော့ ရှိဖို့ကို လိုပါတယ်။ ပစ္စည်းလွဲပြောင်းရေးဥပဒေပုဒ်မ ၁၂၃ အရ မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်းကို ပေးကမ်းလျှင် အနည်းဆုံး သက်သေနှစ်ဦးနဲ့ မှတ်ပုံတင်ဖို့ လိုအပ်ရင်လည်း စာချုပ် စာတမ်းရုံးမှာ မှတ်ပုံတင်ပေးဖို့ ပြဋ္ဌာန်းထားတာလည်း ရှိပါတယ်။ သက်သေက အနည်းဆုံးနှစ်ယောက်ရှိပါမယ်။ ပိုရင်လည်းရပါတယ်။

နောက်တစ်ချက်က ကျေးလက်ဒေသ တွေမှာ စာမတတ်လို့ လက်မ၊ လက်ဗွေနဲ့ နှိပ်တယ်၊ လက်မှတ်ထိုးတယ်၊ ကြက်ခြေခတ်တယ် စသဖြင့် ပြုလုပ်ထားလေ့ရှိပါတယ်။ စာချုပ်စာတမ်းရဲ့ သဘောတရားအရ မှတ်ပုံတင်ပြုလုပ် ရမယ် ဆိုရင် မှတ်ပုံတင်ပြုလုပ်မှသာ စာချုပ်စာတမ်းက တရားဝင်ဖြစ်ပါလိမ်မယ်။ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေပုဒ်မ ၁၇၊ ၁ (ခ) အရ ချုပ်ဆိုရပါမယ်။ အထူးသဖြင့် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ရောင်းချမယ်၊ ပေါင်နှံ မယ်၊ ငှားရမ်းမယ်ဆိုရင် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်က ဗလာစာရွက်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းဟာ တရား ၀င် ရဲ့လားဆိုတဲ့မေးခွန်းကို ဖြေရရင် ငွေချေးစာချုပ်တွေကို သက်သေမရှိဘဲနဲ့ ချေးငှားလေ့ရှိပါတယ်။ သက် သေ မပါဘဲနဲ့ ဗလာစာရွက်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးတွေရှိပါတယ်။ နောက် သက်သေတွေနဲ့ လည်း ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးတာတွေ ရှိပါတယ်။ ဗလာစာရွက်ဆိုတာ တံဆိပ်ခေါင်းမရှိတဲ့ အတွက် အထောက်အထားအနေနဲ့ ရှိနေမယ်ဖြစ်ပြီး ပဋိညာဉ် ဥပဒေအရ သက်သေခံအဖြစ်နဲ့ တရားရုံးမှာ စိတ်ချလက်ချ သုံးလို့မရပါဘူး။ တံဆိပ်တော်ခွန်ဥပဒေ ပုဒ်မ ၃၅ အရ သက်သေခံမဝင်သလို၊ တရားဝင် စာချုပ် စာတမ်းလို့ ပြောလို့မရပါဘူး။ ဒါကြောင့် ဥပဒေဘောင်ဝင်အောင် သက်သေနှစ်ယောက်နဲ့၊ စာချုပ်စာတမ်း တံဆိပ်တော်ခွန် လုံလုံလောက်လောက်နဲ့ချုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။

Credit DVBlawlab ,ဒေါ်လွင်မာဦး (ဒုဥက္ကဋ္ဌ မြန်မာနိုင်ငံရှေ့နေအသင်း )

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate