မြေတိုင်း လျှောက်တော့မယ်ဆိုရင် သိရှိထားသင့်သည်မျာ;

မြေတိုင်း လျှောက်တော့မယ်ဆိုရင် သိရှိထားသင့်သည်များ
မြေတိုင်းတာခြင်း ပြုလုပ်မယ်ဆိုရင် ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေနဲ့ ရွာမြေက လွဲရင် မြေတိုင်းတာပြီး မြေပုံထုတ်ပေးပါတယ်။ မြေတိုင်း လျှောက်ထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကတော့ ………
(က) နိုင်ငံသားကတ်ပြားမိတ္တူ
(ခ) အမည်ပေါက် (သို့) ဥပဒေနဲ့ အညီဆက်ခံခွင့်ရှိသူက ကျမ်းကျိန်လွှာ တင်ပြပြီး ၎င်းတင်ထားတဲ့ အထူး ကိုယ်စားလှယ်လွှဲစာ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ တင်ပြရပါမယ်။
(ဂ) မှတ်ပုံတင် စာချုပ်စာတမ်းများ။
(ဃ) ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံးအမိန့်ဒီဂရီ တို့လိုအပ်ပါတယ်။
မြေတိုင်းခွင့်ပြုဖို့အတွက်
(က) သတ်မှတ်ထားတဲ့ပုံစံနဲ့ ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးခြင်း။
(ခ) မြေစာရင်းနှင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီများကို စိစစ်ခြင်း။
(ဂ) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းလွှဲပြောင်း ကန့်သတ်တဲ့ ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိ စစ်ဆေးခြင်းတို့ လုပ်ဆောင် ဖြစ်ပါတယ်။ စိစစ်ပြီးပြည့်စုံ မှန်ကန်ပါက အနားလေးဖက် အတိုင်းအထွာပါရှိတဲ့မြေတိုင်းမြေပုံ ထုတ်ပေးပါတယ်။
မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ မြေပုံလျှောက်ထားခြင်း
၁။ အသေးစိတ်တိုင်းတာပြီး မြေပုံထုတ်ပေးခြင်းနှင့် မှန်ကန်ကြောင်း သက်သေခံတဲ့မြေပဲ မြေရာဇဝင်တို့ကို မြေစာရင်းနှင့် မြို့ကွက်မြေပုံအရ ထုတ်ပေးတာပါ။
၂။ မူလက ဂရန်ရရှိထားမြေဟာ မြေကြီးမြေပုံမကိုက်ညီလျှင် ပြန်လည် စိစစ်ပြီး ဆောင်ရွက်ပေးပါတယ်။
ဥပမာ – လမ်း၊ အကွက်အမှတ် နေရာမှားနေခြင်းများ။
၃။ ပါမစ်မြေမှ ဂရန်မြေရရှိသူဟာ မြေပုံရှိပါက လျှောက်ထားနိုင်ပါတယ်။၎င်းကိစ္စကို လုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ်ဆောင်ရွက်ပေးပါတယ်။
၄။ မြေတိုင်းတာရာမှာ မြို့ကွက်မြေပုံအရ ၎င်း၊ မြေစာရင်းဟု၎င်း၊ မြေဂရန်ရှိ အတိုင်းအတာအရလည်း ခိုင်မာတဲ့ အာမခံ အမှတ်အသားကို အခြေခံပြီး မြေပေါ်မှာ ရှာဖွေတွေ့ရှိပြီးမှသာ မြေတိုင်းရပါတယ်။
ဧရိယာကို အခြေခံပြီး မြေတိုင်းခြင်း မပြုပါ။
Credit : The Kumudra
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
- စာချုပ်ရေးပုံရေးနည်း
- စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
- ကားအမည်ပြောင်းသက်တမ်းတိုးရန်
- စာချုပ်စာတမ်းများမှတ်ပုံတင်ရန်အတွက် တင်ပြသည့်စာချုပ်စာတမ်းနှင့်အတူလိုအပ်သည့်မူရင်းစာရွက်စာတမ်းများ................................................... အရောင်းအဝယ်စာချုပ်.....
- လယ်မြေကို ဂရန်မြေအဖြစ်လျှောက်
- ပုံစံ_၇ရှိသောလယ်ယာမြေကိုပေါင်နှံ_ငှားရမ်းခြင်းအတွက်သတိပြုရမည့်အချက်များ
- စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ
- စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ သူ့ရဲ့လုပ်ငန်းစဉ်တွေကဘာလဲ
- အသေးစားငွေချေးလိုင်စင်
Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ
မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား
စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ
'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...