Advertise here!

တိုက်ခန်းအ‌ရာင်းအဝယ်တွေမှာပြောပြောနေကြတဲ့ ဒါဘာနဲ့မှန်ခန်းက အမှန်တကယ်

တိုက်ခန်းအ‌ရာင်းအဝယ်တွေမှာပြောပြောနေကြတဲ့ ဒါဘာနဲ့မှန်ခန်းက အမှန်တကယ်

တိုက်ခန်းအ‌ရာင်းအဝယ်တွေမှာပြောပြောနေကြတဲ့ ဒါဘာနဲ့မှန်ခန်းက အမှန်တကယ်

တရားရောဝင်ရဲ့လား

တရားဥပဒေအရကြည့်ရင် ဒါဘာနဲ့ မှန်ခန်းက

တရားမဝင်ပါဘူး ဘာကြောင့်လဲဆိုတော့

ပုံမှန်အချိန်တွေမှာဆိုရင် ဒါဘာနဲ့မှန်ခန်းအရောင်းအဝယ်တွေမှာ တရားဝင်ခြင်း၊

မဝင်ခြင်းဆိုတာက အရေးကြီးကိစ္စရပ်တစ်ခုတော့ မဟုတ်ပါဘူး ဒါပေမယ့် အမှုကိစ္စတစ်ခုခုနဲ့ရင်ဆိုင်လာရတဲ့အခါမှာဆိုရင်တော့

ကိုယ့်ရဲ့စည်းစိမ်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်

တကယ်တော့ ပထမထပ်မှန်ခန်းတို့

ဒါဘာတို့ဆိုတာကို ပထမထပ်တို့ အပေါ်ဆုံးထပ်တို့ ပြောလို့မရပါဘူးရှင့်

မှန်ခန်းဟာ မှန်ခန်းပါပဲ အမြင့်ပေလည်း

မပြည့်တဲ့အပြင် တရားလည်းမဝင်ပါဘူး

ဒါဆိုဘာလို့‌အရောင်းအဝယ်လုပ်လို့ရနေတာလဲ

ဘာကြောင့်လဲဆိုတော့ တိုက်ခန်းရဲ့

တရားဝင်အခန်းတွေနဲ့ တွဲဆောက်ထားတာဖြစ်လို့ တိုက်ခန်းရှိနေသမျှတော့ ပိုင်ဆိုင်မှုခိုင်မာပြီး ရောင်းလို့ဝယ်လို့ရတယ်လို့သတ်မှတ်လိုက်ကြတာကြောင့်ပါ

စည်ပင်ဆီမှာဆောက်လုပ်ခွင့်တင်ပြီးတော့ ကန်ထရိုက်ဆောက်တဲ့အချိန်မှာ ပိုင်ရှင်က

(၁၂ )ခန်းနှင့်တင်ထားတယ်ဆိုရင် အဲဒီ ( ၁၂ )ခန်းကပဲ တကယ်တမ်းတရားဝင်တာပါ

စည်ပင်ဆီမှာဆောက်လုပ်ခွင့်တင်တုန်းက မြေညီထပ်ကို ထပ်ခိုးထည့်ထားပြီး စည်ပင်ဆီကစာရွက်စာတမ်းတွေအစုံကျပြီးတဲ့အခါမှ မြေညီထပ်က ထပ်ခိုးကိုတက်တဲ့ လှေခါးကိုဖျက်၊ ထပ်ခိုးကို စလစ်အပြည့်လောင်း၊

ဘေးက တံခါးထည့်ပြီး အထပ်တစ်ထပ်အနေနှင့် မှန်ခန်းဆိုပြီးပြန်ထည့်ထားတာပါ

ဒါက တရားမဝင်ရခြင်းအကြောင်းအရင်းရဲ့

အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်

ဒါဘာဆိုတာကလည်းထိုနည်းအတိုင်းပါပဲ

တစ်တိုက်လုံးရဲ့ အပေါ်ဆုံး အပိုလွှာ အပန်းဖြေတဲ့နေရာ Penthouseသာသာပါ

အပေါ်ဆုံးအထပ်လို့ပြောလို့မရသလို

တစ်မိုးအောက်တို့လည်းပြောလို့မရပါဘူး

ဘေးကို အုတ်နဲ့ကာပြီး ပြတင်းပေါက်တွေသေချာထည့်၊ မှန်တွေကိုဖြုတ်ပြီး ဝရံတာနဲ့

သံပန်းတွေပါထည့်ထားတဲ့အတွက်

တရားလည်းမဝင်ပါဘူး

သေချာသတိမထားမိပဲကြည့်လိုက်ရင် မှန်ခန်းကို ပထမထပ်လို့ပဲ ထင်တတ်ကြပါတယ် ဒါပေမယ့် တိုက်အရှေ့က သေချာကြည့်ရင် အမြင့်ပေလည်း အခြားအပေါ်ကအခန်းတွေနဲ့မတူသလို ပုံစံကလည်း အခြားအပေါ်ကအခန်းတွေနှင့် တူမှာမဟုတ်ပါဘူး ဒါဘာကိုလည်း ရုတ်တရက်ဆိုရင် တမိုးအောက်နဲ့ ခွဲရခက်ပါတယ်

အချို့ရောင်းသူတွေက ပွင့်ပွင့်လင်းလင်းပြောရောင်းကြပေမယ့် အချို့က မသိသလိုနဲ့

ရောင်းနေတာတွေလည်း ရှိတာမို့ မိတ်ဆွေ

ဝယ်သူတွေ ဗဟုသုတရအောင် မျှဝေပေးလိုက်ရတာပဲဖြစ်ပါတယ်

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate