တိုက်ခန်းလက်ရောက်ရလိုမှု

တိုက်ခန်းလက်ရောက်ရလိုမှု

တိုက်ခန်းလက်ရောက်ရလိုမှု

( မိခင်ပိုင်တိုက်ခန်းကို မိခင်၏ခွင့်ပြုချက် ၊ လွှဲအပ်ချက်တစ်စုံတစ်ရာမရှိဘဲ သားဖြစ်သူက ရောင်းချခြင်းသည် တရားဝင်အတည်မဖြစ်ခြင်း )

+++++++++++++++++++++++++++++++++++++++

“Nemo dat quod non habet” ဥပဒေဆိုရိုးအရ မည်သူမျှ မိမိတွင် မရှိသော အခွင့်အရေးကို သူတပါး အား မအပ်နှင်းနိုင်ပေ။ ထို့ကြောင့် ပစ္စည်းလွှဲပြောင်းပေးရန် အခွင့်အရေးမရှိသူက လွှဲပြောင်းပေးခြင်းသည် တရား ဝင် အတည်မဖြစ်ချေ။

တိုက်ခန်းဖြစ်စေ ၊ မြေဖြစ်စေ ၊ ကားဖြစ်စေ မည်သည့်ပစ္စည်းဖြစ်စေ အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာ ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိသူဖြစ်ရပါမည်။ ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိသူဖြစ်မှ ဝယ်ယူသူသည် ဝယ်ယူ သည့်ပစ္စည်းအပေါ် တရားဝင်ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ပါသည်။ ရောင်းပိုင်ခွင့်ရှိသူဆိုသည်မှာ ပစ္စည်းအပေါ် အလုံးစုံ ပိုင်ဆိုင်သူကို ဆိုလိုပါသည်။

ထိုသို့ရောင်းပိုင်ခွင့်ရှိသူထံမှ ဝယ်ယူခြင်းမဟုတ်ဘဲ မပိုင်သူထံမှ ဝယ်ယူမိ၍ တိုက်ခန်းလက်လွတ်ဆုံးရှုံးသွားရ သည့် အမှုတစ်ခုရှိခဲ့ဖူးပါသည်။

အမှုဖြစ်တိုက်ခန်းမှာ အမေဖြစ်သူ ဒေါ်တင်မော်က ပိုင်ဆိုင်သည့်တိုက်ခန်းဖြစ်သည်။ အဆိုပါ တိုက်ခန်းတွင် ခေတ္တနေထိုင်ခွင့်ပြုပါရန် သားဖြစ်သူ ဦးတင်ထွန်းဝင်းက ခွင့်တောင်းသဖြင့် မိခင်ဖြစ်သူက နေထိုင်ခွင့်ပြုခဲ့သည်။ ထို့နောက်တွင် မိခင်ဖြစ်သူက နိုင်ငံခြားသွားရောက်လည်ပတ်စဉ်တွင် သားဖြစ်သူက တိုက်ခန်းအား ဦးမြင့်သိန်းနှင့် ဒေါ်ဆွေဆွေတို့ထံ ရောင်းချလိုက်သည်။ မိခင်ဖြစ်သူက နိုင်ငံခြားမှ ပြန်ရောက်၍ တိုက်ခန်းအား သွားကြည့်ရာ ဦးမြင့်သိန်းတို့နေထိုင်နေသည်ကို တွေ့ရ၍ တိုက်ခန်းမှ ထွက်ခွာဖယ်ရှားပေးရန် ပြောကြား သော်လည်း လိုက်နာမှုမရှိသဖြင့် ဦးမြင့်သိန်းတို့အပေါ် “ တရားလိုပိုင်ဆိုင်သော တိုက်ခန်းအတွင်းသို့ ကျူးကျော် ဝင်ရောက်နေထိုင်သော တရားပြိုင်များအား ဖယ်ရှားထွက်ခွာပေးစေလိုမှု ” ဖြင့် ရန်ကုန်တိုင်းတရားရုံးတွင် တရားစွဲဆိုသည်။

ဦးမြင့်သိန်းတို့က ဦးတင်ထွန်းဝင်းထံမှ တရားဝင်ဝယ်ယူထားခြင်းဖြစ်၍ ကျူးကျော်သူမဟုတ်ကြောင်းဖြင့် ခုခံချေပသည်။

နောက်ဆုံးတွင် တရားရုံးချုပ်က ဦးတင်ထွန်းဝင်းသည် မိခင်ဖြစ်သူ ဒေါ်တင်မော်၏ ခွင့်ပြုချက် ၊ လွှဲအပ်ချက် တစ်စုံတစ်ရာမရှိဘဲ မိမိပိုင်ဆိုင်လေဟန်ဖြင့် လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်၍ ဒေါ်တင်မော်စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီချပေးလိုက်သည်။

အမှုအား သုံးသပ်ရသော် ဤအမှုတွင် နစ်နာသူမှာ ဦးမြင့်သိန်းတို့ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဦးတင်ထွန်း ဝင်းသည် တိုက်ခန်းအားတရားဝင်ပိုင်ဆိုင်သူဟု ထင်မှတ်မိ၍ တန်ရာတန်ကြေးပေးကာဝယ်ယူခဲ့သည်။ ဝယ်ယူပြီး နောက် အမှုဖြစ်သည့်အခါမှ ဦးတင်ထွန်းဝင်းသည် အမှန်တကယ်ပိုင်သူမဟုတ်သည်ကို သိခဲ့ရသည်။ အခါနှောင်းမှ သိလိုက်ရသည်ဖြစ်၍ သိလိုက်ရသည့်အချိန် တိုက်ခန်းအားလက်လွတ်ဆုံးရှုံးခဲ့ရလေပြီ ။ ၎င်းတို့အနေဖြင့် ဦးတင် ထွန်းဝင်းအပေါ် တိုက်ခန်းဖိုးငွေနှင့် နစ်နာကြေးငွေ ရလိုမှုဖြင့် တရားစွဲဆိုတောင်းခံနိုင်သော်လည်း အချိန်ကုန် ငွေကုန်ဖြစ်ရပေအုံးမည်။

သို့ဖြစ်၍ တိုက်ခန်းဝယ်မည်ဆိုက ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိသူဟုတ်မဟုတ်ကို သေချာစွာ စိစစ်ပြီးမှ ဝယ်ယူသင့်ပါကြောင်း တင်ပြလိုက်ပါသည်။

ကိုးကား

၂၀၀၄ မတစ ၈၉

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate