ကျွန်တော်ငွေချေးထားတာရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်းပေးခဲ့ရပါ တယ် အခုအတိုးရော အရင်းပါမပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ်ပြောပါတယ် ဘာပုဒ်မနဲ့စွဲနိုင်ပါလဲ။

 ကျွန်တော်ငွေချေးထားတာရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်းပေးခဲ့ရပါ တယ် အခုအတိုးရော အရင်းပါမပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ်ပြောပါတယ် ဘာပုဒ်မနဲ့စွဲနိုင်ပါလဲ။

မေးခွန်း - ကျွန်တော်ငွေချေးထားတာရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်းပေးခဲ့ရပါ တယ် အခုအတိုးရော အရင်းပါမပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ်ပြောပါတယ် ဘာပုဒ်မနဲ့စွဲနိုင်ပါလဲ။ စွဲရင်ဘယ်လိုဖြစ်နိုင် ပါသလဲ။ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။

အဖြေ - ကိုယ်ကငွေပေးရန်ရှိတဲ့သူဆိုရင် ငွေပေးဆပ်နိုင်အောင်ကြိုးစားဖို့ကပထမပါဘဲ ။ အတိုးကို မဆပ်နိုင်လို့ အရင်းကို ဘယ်လိုဆပ်ပါရစေ ၊ ကိုယ်ဘယ်လိုပြန်ဆပ်နိုင်တယ် ဆိုတာကို ငွေရှင်အားရှင်းပြပြောဆိုပါ။ ကိုယ်တတ်နိုင်တာကို ကိုယ်ပေးနိုင်တာကို ရိုးသားပွင့်လင်းစွာ ညှိနှိုင်းပါ ။ ထိုသို့ပြောဆိုသည့်အခါ တစ်ဖက်ငွေရှင်ဖြစ်သူက လက်မခံနိုင်ကြောင်း ပိုက်ဆံကို ချက်ခြင်းအကုန်ပြန်ရချင်ကြောင်းပြောဆိုပြီး မိမိ၏ ညှိနှိုင်းချက်ကို လက်မခံလျှင် မိမိတတ်နိုင်သည့် ကိစ္စမရှိတော့ဟုဆိုရမည်ဖြစ်ပါသည်။

မိမိသည်သူတစ်ပါး၏ငွေကို ရယူထားပြီးဖြစ်၍ တတ်နိုင်သည် မတတ်နိုင်သည်ဆိုသည်မှာ အကြောင်းပြချက်တစ်ရပ်သာဖြစ်နေမည်မှာ မငြင်းနိုင်သည့် ကိစ္စ တစ်ရပ်ဖြစ်ပါသည်။

ထိုအခါငွေရှင်၏ အခန်းကဏ္ဍပေါ်ပေါက်လာပါသည် ငွေရှင်က အဆိုပါ ပျက်ကွက်မှု အတွက် မည်သို့ဆောင်ရွက်မည် ၊ မည်သည့်ပုဒ်မဖြင့် စွဲဆိုမည်မှာ ၎င်း၏ သဘောဆန္ဒ သာလျှင် ဖြစ်ပါသည်။

၎င်း၏စိတ်ဆန္ဒကိုကြိုတင်ခန့်မှန်း၍ မရနိုင်ပါ ။

နည်းလမ်း (၃)သွယ်ဖြစ်နိုင်ပါသည်။

(၁)ရာဇတ်မှုဖြင့်စွဲဆိုခြင်း

(၂) တရားမမှုဖြင့်စွဲဆို၍ ငွေတောင်းခြင်း

(၃) ရာဇဝတ်မှုကြောင်း နှင့် တရားမကြောင်းအရ စွဲဆိုခြင်း တို့ဖြစ်ပါသည်။

မည်သည့်နည်းလမ်းဖြင့် စွဲဆိုမည်ဆိုသည်မှာ ငွေရှင်၏ကိစ္စသာဖြစ်ပါသည်၊ မိမိတတ်နိုင်သည့် ကိစ္စမဟုတ်ပါ။

ဘာပြင်ဆင်ထားရမလဲဟု မေးသူများရှိပါသည်။

ငွေသာကြိုပြင်ဆင်ထားပါ တတ်နိုင်သရွှေ့ဆပ်နိုင်ဖို့စုဆောင်းထားပါ။

တစ်ဖက်လူကငွေမရ၍ စွဲခြင်းဖြစ်ပါသည်။

အချို့ငွေချေးထားသူများ လွယ်လွယ်ပြောကြပါသည်။

မပြေလည်သေးသဖြင့် ပြေလည်လျှင် ပေးပါမည်ဟူ၍ဖြစ်ပါသည်။

ထိုစကားသည် လူတိုင်းအလွယ်တစ်ကူပြောတတ်သော စကားမျိုးပင်ဖြစ်ပါသည်။

အမှန်တစ်ကယ်ဖြစ်သင့်သည်မှာ အခုမိမိတတ်နိုင်သမျှငွေပမာဏ တစ်ခုကို ပေးအပ်၍ ကျန်ငွေကိုဘယ်လိုဆပ်မည်ဖြစ်ကြောင်း လက်တွေ့ပြ၍ ယုံကြည်မှုရယူ သင့်ပါသည်။

တောင်းပန်ညှိနှိုင်းမရသည့် အဆုံးတွင် ငွေရှင်က မည်သည့်နည်းလမ်းဖြင့် စွဲဆိုသည်ဖြစ်စေ ၊ မိမိက လိုက်၍ ဖြေရှင်းရမည်ဖြစ်ပါသည်။

ငွေရှင်က ရာဇဝတ်ကြောင်းဖြင့်စွဲသည်ဆိုစေကာမှု မိမိကသက်သေအထောက်အထား အပြည့်အစုံဖြင့် ထုချေဖြေရှင်းနိုင်လျှင် ရာဇဝတ်မှုမှ လွတ်နိုင်ပါသည်။

ထိုသို့မဟုတ်ဘဲ လိမ်လည်သည့်သဘော၊ ယုံကြည်အပ်နှံမှုဖောက်ဖျက်သည့်သဘော ပေါ်လွင်နေလျှင် ထိုက်သင့် သော ပြစ်ဒဏ်တစ်ခုခံရမည်ဖြစ်ပါသည်။

တရားမကြောင်းအရစွဲခံရလျှင် နောက်ဆုံးတွင် မိမိရယူထားသည့်ငွေကို ပြန်ပေးရမည်သာ ဖြစ်ပါသည်။

သူတစ်ပါး၏ငွေကို အလကားလိုချင်၍ ယူကောင်းသည်မဟုတ်ပါ နောင်သံသရာတွင် ပင်ဆပ်ရတတ်ပါသည်။

ရိုးသားစွာ ပြောဆိုပြီး ကြိုးစားကာ ပေးဆပ်လျှင်ငွေရှင်များအနေဖြင့် လက်ခံကြမည်သာဖြစ်၍

သူများ၏ငွေကို ရယူထားလျှင် ရိုးသားကြိုးစားစွာ ပြန်လည်ပေးဆပ်နိုင်ရန်ကြိုးစားပါ။

(မှတ်ချက် -မတရား အမြတ်ကြီးစားတောင်းခံနေသည့် အတိုးငွေများကိုတော့ ရဲဝင့်စွာငြင်း ပယ်လိုက်ပါ အရင်းငွေကိုတော့ ရိုးသားစွာပြန်ဆပ်ပါ ။)

ဥပဒေအကျိုးဆောင် LL.B group မှကူးယူဖော်ပြပါသည်။

Related Posts

  ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

 ဒီလိုစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား "            စာချုပ်တွင်  ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။          ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်များ ချ...

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

မိတ်ဆွေကြီး ကိုချစ်တီးပါလား၊ မတွေ.တာအတော်ကြာပြီနော်၊ ဝလို့ဖြိုးလို. ဝမ်းဗိုက်ကြီးတောင် ရွှဲလို.ပါလား၊ ကျန်မားရေးလည်း ဂရုစိုက်ဦးနော်ကိုချစ်တီး ။ ။ အခုလိုမျိုး သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ အရောက်အပေါက်နည်းသွားတာကအလုပ်တွေများနေလို.ပါ။ကျွန်ပ်။ ။ အလုပ်မျာ...

 ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။

ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့ ကိစ္...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate