ယစ်မျိုး လိုင်စင် လျှောက်ထားရန် အတွက် နမူနာ လျှောက်လွှာပုံစံများ#

01-Apr-22 အခြား
ယစ်မျိုး လိုင်စင် လျှောက်ထားရန် အတွက် နမူနာ လျှောက်လွှာပုံစံများ#

ယစ်မျိုး လိုင်စင် လျှောက်ထားရန် အတွက် နမူနာ လျှောက်လွှာပုံစံများ #

 

# အချို့  မိုတယ် ၊ အဆင့်မြင့် တည်းခိုခန်း စသည်ဖြင့် ဖွင့်လှစ်ပြီးနောက် တည်းခိုသူများ အဆင်ပြေစေရန် အလို့ငှာ မိုတယ် ၊ အဆင့်မြင့်     တည်းခိုခန်းတို့တွင် အဖျော်ယမကာများ ရောင်းချလိုကြသည် ။ ထိုအခါ ခွင့်ပြုပြီးသား လိုင်စင်များကို ညှိနှိုင်းဈေးဖြင့် ဝယ်ယူကြရ         ပေသည် ။

#  ဝယ်ယူပြီးနောက် အောက်ဖော်ပြပါ အတိုင်း လိုင်စင်အမည် / တည်နေရာ / လိုင်စင်တို့ကို ပြောင်းလဲပါက အောက်ပါ အတိုင်း                ဆောင်ရွက်ကြရပေသည်။

# ယခု နမူနာ ပုံစံများသည် မန္တလေးတိုင်းဒေသကြီး အတွင်း လျှောက်ထားသည့် ပုံစံများသာ ဖြစ်ပါသည် ။

# အခြားသော ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ တို့သည် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား - ၂

    ( တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း )

 

#  ပုဒ်မ ၁၈၈ ကို ရည်ညွှန်းချက်အရ

#  ဘဏ္ဍာရေး နှင့် စီမံကိန်းကဏ္ဍ

#   အမှတ်စဉ် ၁ ( ဃ ) တွင် ယစ်မျိုးခွန် ( မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သည့် ဆေးဝါးများ မပါ ) ၌ ( ယစ်မျိုးခွန်ဥပဒေ      ကို ပြဌာန်းခွင့်ရှိသောကြောင့် သက်ဆိုင်ရာ ဥပဒေ ပြဌာန်းချက်တို့ အရသာ ဆောင်ရွက်ကြပါသည် ။

# ထို့ကြောင့် သဘောပေါက် နားလည်လာစေရန် အတွက် လျှောက်လွှာ နမူနာပုံစံကို အရင်ဆုံး ဖော်ပြသွားပါမည် -

 

   ယစ်မျိုး လိုင်စင် အမည် / တည်နေရာ / လိုင်စင်ပုံစံ ပြောင်းလျှောက်ထားခြင်း

 

# လျှောက်လွှာ နမူနာ ပုံစံ

  သို့

  အုပ်ချုပ်ရေးမှူး

  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန

   ………………  ခရိုင် ၊  ……………….  မြို့

   ရက်စွဲ ၊    -     -   ၂၀၂၂

   အကြောင်းအရာ ။     ။  ယစ်မျိုး လိုင်စင်အမည် / တည်နေရာ / လိုင်စင်ပုံစံ ပြောင်းလျှောက်ထားခြင်း ။

 

#  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ယစ်မျိုး အတည်ပြု ခွင့်ပြုထားသည့်   …………….  မြို့နယ်စာရင်း အနက်မှ အိမ်အမှတ်  (    ) ၊ (    )         လမ်း ၊   (    )  (    /    ) လမ်းကြား ၊ အကွက် အမှတ် (       )  …………………….    ရပ်ကွက် တည်နေရာတွင် ဦး / ဒေါ်   …………..            အမည်ဖြင့် ရရှိထား သည့် (     ) ယစ်မျိုးလိုင်စင်သည် အကြောင်းအမျိုးမျိုးကြောင့် အိမ်အမှတ် (     ) ၊ (     ) (     ) လမ်းကြား ၊            အကွက်အမှတ်(      ) ၊  ……………………….   ရပ်ကွက် ၊  …………………. ….. မြို့တည်နေရာသို့  (     ) မှ (    ) လိုင်စင်သို့ အဆင့်မြှင့်၍      ဦး / ဒေါ်   …………..    အမည် ဖြင့် အမည် / တည်နေရာ / လိုင်စင်ပုံစံ ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားတင်ပြအပ်ပါသည် ။

 

#  ပူးတွဲလျှက်  -  မှတ်ပုံတင် မိတ္တူ ( ၁ ) စောင် ၊ လိုင်စင် မိတ္တူ ( ၁ ) စောင် ၊

                  ( မူလ လိုင်စင်စီ လက်မှတ် )                          ( လျှောက်ထားသူ လက်မှတ် )

         အမည်  …………………………                                  အမည်  ……………………………

     နိုင်ငံသားမှတ်ပုံတင်အမှတ် …………………………….       နိုင်ငံသားမှတ်ပုံတင်အမှတ်………..

     နေရပ်လိပ်စာ……………………………………………..           နေရပ်လိပ်စာ……………………...

      မိတ္တူကို-

                    အုပ်ချုပ်ရေးမှူး ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ……………… မြို့နယ် ။

 

# ယစ်မျိုးလိုင်စင် တည်နေရာပြောင်း အမှုတွဲ ဖွင့်လှစ်ရာတွင် ပါဝင်ရမည့် အချက်များ

 

( ၁ )   ကာယကံရှင်၏ လျှောက်လွှာ

( ၂ )  သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ( လက်ခံမည့် ရပ်ကွက် / ကျေးရွာအုပ်စု )

( ၃ )  သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် ၊

( ၄ )  ပတ်ဝန်းကျင် နေထိုင်သူများ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် ၊

( ၅ )  ဆိုင်တည်နေရာပြ မြေပုံ

 

#  ယစ်မျိုးလိုင်စင် အမျိုးအစားပြောင်း အမှုတွဲ ဖွင့်လှစ်ရာတွင် ပါဝင်ရမည့် အချက်များ

 

( ၁ )  ကာယကံရှင်၏ လျှောက်လွှာ

( ၂ ) သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ( လက်ခံမည့် ရပ်ကွက်/ ကျေးရွာအုပ်စု )

( ၃ ) သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် ၊

( ၄ ) ဆိုင်တည်နေရာပြ မြေပုံ

 

# ( ယစ်မျိုးလိုင်စင် အမျိုးအစားပြောင်းလဲခွင့် လျှောက်ထားခြင်း နမူနာပုံစံ )

    (  နမူနာ ပုံစံ စာသားအတိုင်း ကွန်ပြူတာ စာစီ ရိုက်ရပါမည်။ )

 #  သို့

     အုပ်ချုပ်ရေးမှူး

     ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန

      ………………  ခရိုင် ၊ ……………….  မြို့

       ရက်စွဲ ၊   -   -  ၂၀၂၂

#     အကြောင်းအရာ ။     ။ ယစ်မျိုး လိုင်စင်အမျိုးအစား ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားခြင်း ။

 

       ……………………  ခရိုင် ၊  ……………..  မြို့နယ် ၊ အိမ်အမှတ် (     ) ၊ ………….  လမ်း ၊ အကွက်အမှတ် (    ) ၊ ………………… ရပ်ကွက်          တည်နေရာတွင်  ဦး / ဒေါ်  …………………..  အမည်ဖြင့်  …………………….  ဘဏ္ဍာရေးနှစ် ၊ ယစ်မျိုး အတည်ပြုချက် စာရင်းတွင်

       ရရှိထားသည့် (  ) ယစ်မျိုး လိုင်စင်အား (   ) မှ (   ) လိုင်စင်သို့ အမျိုးအစား ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားတင်ပြအပ်                  ပါသည်။

 

#        ပူးတွဲ  -  ယစ်မျိုးလိုင်စင် မိတ္တူ  ( ၁ ) စောင် ၊

          လျှောက်ထားသူ၏  နိုင်ငံသား မှတ်ပုံတင်မိတ္တူ ( ၁ ) စောင်

          လက်မှတ်     ………………………    ……………..

          အမည်         …………………………………………..

          နိုင်ငံသားမှတ်ပုံတင်အမှတ်  ……………..  …….

          နေရပ်လိပ်စာ        …………………………………

 

          အထွေထွေ ကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်နေသည့် အချိန်တွင် ယစ်မျိုးလိုင်စင်လေး ရှိရင် အဆင်ပြေမလား ဆိုသူတို့အတွက် တစ်စုံတစ်ရာသော အထောက်အပံ့ ဖြစ်စေမည်ဟု မျှော်လင့်မိပါသည်။

 ဆရာကြီးမိုးထက် ( ၁၈ . ၃ . ၂၀၂၂ )

 

Credit (  ဥပဒေရေးရာ )

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate