ယုံကြည်အပ်နှံပဲ ပြောပြော ငွေချေးတယ် ပဲ ပြောပြော Share ခေါ်တယ် ပဲ ပြောပြော ကိုယ့်ငွေ သူများ ကို ပေးလိုက် တဲ့ နောက် ပြန်မရတဲ့ အခါ ဥပဒေရဲ့ အကာအကွယ် ကို ယူကြတယ်။

ယုံကြည်အပ်နှံပဲ ပြောပြော ငွေချေးတယ် ပဲ ပြောပြော Share ခေါ်တယ် ပဲ ပြောပြော ကိုယ့်ငွေ သူများ ကို ပေးလိုက် တဲ့ နောက် ပြန်မရတဲ့ အခါ ဥပဒေရဲ့ အကာအကွယ် ကို ယူကြတယ်။
အဲတော့လောလောဆယ် ဥပဒေ ကြောင်းအရ ဘယ်လို တွေ ရှိလဲဆိုတာ ပြောပြမယ်။ ဥပဒေပညာရှင်မဟုတ် တော့ ဥပဒေ ပညာရှင်အမြင်နဲ့မဟုတ်ပဲ ကြုံရတဲ့ ကြုံနေရတဲ့ အဖြစ်အပျက်တွေ နဲ့ ယှဉ်ပြီး ပြောပြမယ်။
၁) ယုံကြည်အပ်နှံစာချုပ်နဲ့ ငွေချေးတာ
==========================
ငွေချေးတာဟာ ဥပဒေအရ ဘောင်မ၀င်ဘူး ဆိုတဲ့ ဘယ်သူထိုးလိုက်တဲ့ဆေးကြောင့်လဲတော့မသိဘူး.. ဒီနောက်ပိုင်း ငွေချေးရင် ယုံကြည်အပ်နှံ စာချုပ်နဲ့ တော်တော်များများ က ငွေချေး ကြတယ်။ ယုံလို့အပ်ထားပါတယ်ပေ့ါ။ ပြန်ပေးရင်ပေးမပေးရင် အလွဲသုံးစားမှုနဲ့စွဲမယ် ပေါ့။ 406 407 408 နဲ့ စွဲဖို့ရည်ရွယ် တယ်။ ဒါပေမယ့် အဲဒီစာချုပ် ဟာ စ လာ ကတည်း က ပြသနာ ရှိတယ်။ ဘယ်လို ပြသနာ လဲဆိုတော့ စာချုပ် ချုပ်ရင် ဖြစ်စဉ်ဆိုတာရှိတယ်။ အဲဒီ ဖြစ်စဉ် ဟာ အမှန်ဖြစ်ရတယ်။ ခုက ငွေချေးတာ ကို ယုံပြီး အပ်ထားတယ်လို့ လိမ်ပြီး ချုပ်ဆိုတယ်။ အရင်က အဆင်ပြေပေမယ့် အခုတော့ ရဲသွားတိုင်ရင် ရဲက အလွယ်တကူအမှုမဖွင့်ပေးဘူး။ ဖွင့်ပေးတယ်ထား တရားစွဲလို့ရုံးရောက်တဲ့ အခါ တဖက်ရှေ့နေက ခင်ဗျားနဲ့ သူနဲ့ အမျိုးလဲမတော် ကျေးဇူးခံကျေးဇူးစားလဲမဟုတ် ဘာမှလဲမဆိုင်ပဲ နဲ့ ဘဏ်တွေ ဒီလောက်များနေလျှက်နဲ့ဘာလို့ သူ့ဆီမှာ ငွေအပ်ထားတာတုန်း ဆိုရင် ကိုယ့်ဆီမှာဖြေရခက်မယ်။ ဘာလို့လဲဆိုတော့ အပ်ထားတာမှမဟုတ်တာ ချေးထားတာ ကိုးး။ အဲတော့ ယုံကြည်အပ်နှံဟာ ပြသနာ ရှိတယ်။ လွတ်အောင် ချုပ်လို့တော့ရတယ်။
၂) ငွေချေးစာချုပ် ဖြင့် ချေးငှားခြင်း
==================
ဒါက ကျတော့ ဖြစ်စဉ်အရ အဆင်ပြေတယ်။ ငွေချေးတယ်။ ယုံကြည်အောင်ပြောတယ်။ ချေးလိုက်တယ်။ ပြန် မရ ဘူး။ အဲဒါဆိုရင် ၄၂၀ နဲ့ စွဲလို့ရတယ်။ ဒါပေမယ့် ပြသနာ က ဘာဖြစ်သတုန်း ဆိုတော့။ ၄၂၀ က အာမခံရတယ်။ လူတွေ က ပိုက်ဆံပြန်မရရင်ဒေါသထွက်တယ် မဟုတ်လား။ အဲတော့ ငွေချေးတဲ့သူကို အချုပ်ထဲ ထည့်ချင်တယ်။ အာမခံမရ စေချင်ဘူး။ အဲတော့ ၄၂၀ နဲ့အမှုဖွင့်ရမှာ ကို အဆင်မပြေဘူး။ နောက်ပြသနာတစ်ခု က ၁၉၄၅ ငွေချေး ဥပဒေ။ အဲဒီ ဥပဒေ အရ လိုင်စင်မတင်ထားတဲ့ သူဟာ ငွေချေးလို့မရဘူး။ ချွင်းချက်အနေနဲ့ ဘာရှိလဲဆိုတော့ တစ်ခါတစ်ရံ ကူညီသော သဘောဖြင့် ချေးယူလို့ရတယ်။ ဒါပေမယ့် ငွေချေးခြင်းကို စီးပွားဖြစ်လုပ် ကိုင် မယ်ဆိုရင် လိုင်စင်တင်ရမယ်။ မတင်ရင် ချေး လို့မရ။ ချေးရင် ငွေဒါဏ်ထောင်ဒါဏ်ထိမယ်။ အဲလို ဆိုတယ်။ အဲတော့ ကိုယ်က ငွေချေးစာချုပ်လေး ချုပ် ထား ပြီး ငွေချေးတယ်။ ဒါပေမယ့် ဟိုလူ့ကိုလဲ ငွေချေးပြန်မရလုိ့ FB မှာတက်ဆဲ ဒီလူ့ကို လဲ ငွေပြန်မရလို့ တက်ဆဲ ပြန်ရရင်တော့ ချစ်မမ တေ ချစ်ညလေး တွေ လုပ်တဲ့ သူတွေ က စီးပွားဖြစ်ငွေချေး ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားပြီး ၁၉၄၅ ငွေချေး ဥပဒေ နဲ့ ငြိနိုင်တယ်။ တရားရုံးပေါ်ရောက်လို့ ကျွန်မ ကတကယ်ကူညီထား တာပါလို့ ပြောရင် တစ်ဖက်ရှေ့နေက ဒီက Screen Shot တေ က အပျင်းပြေ ကြည်စယ် တာတော့ မဟုတ်ဘူးထင်တယ်ဆိုရင်။ ပြသနာ တက်မယ်။ အပေါ်ကလိုပဲ လွတ်အောင် လုပ်လို့ရတယ်။ (updated - ငွေချေး ဥပဒေ ကြောင့် ပြန် တရား အစွဲ ခံ ရတဲ့ စီရင်ထုံး လောလောဆယ် နှစ် ၂၀ အတွင်း မတွေ့သေး ဘူး)
3)Share ခေါ်တာ
=========
သူက ဘယ်လို လဲဆိုတော့ ငွေ လစဉ်ရတာ ရှိတယ်။ ဒါမှမဟုတ် အကျိုးအမြတ်အတက်အကျ နဲ့သွားတာ ရှိတယ်။ ဘယ်လို သွားသွား ထည့်တဲ့ Share ဟာ လူကို ပေးတာပါ (ဆိုလိုတာ က ငွေချေးတာ မျိုး)ဆိုတဲ့ သဘောပါရင် Share စာချုပ်မဟုတ်ဘူး။ Share စာချုပ်ဆိုတာ ကိုယ်က ငွေစိုက်တယ် သူ က လူစိုက်တယ်။ အကျိုးအမြတ်ခွဲတဲ့နေရာမှာ အမြတ် ကို ရာခိုင်နှုန်းနဲ့ခွဲတယ် ဆိုတာ ပဲ ဖြစ်ရမယ်။ အဲလိုမဟုတ်ရင် ပြသနာ ရှိတယ်။ ဒါပေမယ့် သူက ကျတော့ အလွဲသုံးစားနဲ့တိုင်လို့ရတယ်။ ကိုယ်က သူ့ ကို စီးပွားရေးလုပ်ပေးပါဆိုပြီး အပ်ထားတာ ကိုးးး။ အဲဒါကို သူ က သူ့အတွက် သုံးပစ်လိုက်တယ်ဆိုတာ ထင်ရှားပြနိုင်ရင် အလွဲသုံးစားနဲ့တိုင်လို့ရတယ်။ ၄၂၀ နဲ့တိုင်လို့ရတယ်။ အာမခံရမရ ဆို တာ ကတော့ တိုင်တဲ့ ရဲစခန်းပေါ်မူတည်တယ်။ သူ့ရဲ့အားနည်းချက် ကတော့ တစ်ဖက် ကလွတ်အောင် ရှောင်တတ်ရင် တရားမ ကြောင်းအရပဲ သွားလို့ရတယ်။ ကြာတယ်။ နောက်အလီလီခွဲပြီး ပြန်ရမယ်။
အဲတော့ ဆရာတို့က ဘယ်လို စာချုပ်မျိုး ချုပ်လဲ ဆိုရင်။ အဆင်ပြေသလို ချုပ်တယ် လို့ပြောရမှာ ဖြစ်တယ်။ အခြေအနေ နဲ့ အကိုက်ဆုံး နောက် အဖြစ်နိုင်ဆုံး ဆုံးရှုံးမှု အနည်းနိုင်သမျှ အနည်းဆုံးပုံစံနဲ့ ချုပ် တယ်။ ချုပ်တဲ့အခါ တရားဥပဒေ ကို ဘယ်လို အကာအကွယ်ယူမလဲ ဆိုတာအပြင် သူ့ဖက် ကိုယ့်ဖက် မျှတဖို့နဲ့ ခိုင်မာဖို့ကို ပါ ထည့်စဉ်းစားတယ်။ အရေးအကြီး ဆုံးကတော့ Dispute Strategy (အကြွေးတောင်းမယ့် မဟာ ဗျူဟာ ခေါ်ရမယ်ထင်တယ်)အဲဒါကို သေချာ ဆွဲထား ပြိး အဲအပေါ်မှာ အဆင်ပြေမယ့် စာချုပ်ကို ချုပ်တယ်။
အဲတော့ ငွေပေးမယ်ဆိုရင် အဲလို လေးတွေ စဉ်းစား ပြီး ပေးစေချင်တယ်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား
- ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။
- ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။
- တိုင်ချင်ရာတိုင်လို့ပြောနေတဲ့ ချေးငွေပြန်မပေးသူကို တရားစွဲလို့ ရ၊မရ
- အသေးစားငွေချေးလိုင်စင် ဘယ်လိုလုပ်ရသလဲ ဟုမေးမြန်းလာသူတို့အတွက် အောက်ပါ အတိုင်းသိရှိနိုင်ရန် ဖြန့်ဝေပေးလိုက်ပါသည် -
- ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်းကို ခိုင်မာအောင်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေရှင် နှင့် ငွေချေးသူတို့သည် အမျိုးမျို
- ချေးငွေရလိုမှု တရားစွဲဆိုနည်း
- ကျွန်တော်ငွေချေးထားတာရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်းပေးခဲ့ရပါ တယ် အခုအတိုးရော အရင်းပါမပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ်ပြောပါတယ် ဘာပုဒ်မနဲ့စွဲနိုင်ပါလဲ။
- ချေးငွေကို ဟန်ဆောင်စာချုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ။
- ယုံကြည်အပ်နှံပဲ ပြောပြော ငွေချေးတယ် ပဲ ပြောပြော Share ခေါ်တယ်
Related Posts

ငွေချေးလိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ်ချုပ်သင့်ပါသလဲ။
ငွေချေးလိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ်ချုပ်သင့်ပါသလဲ။ငွေချေးလိုခြင်းသည် အကြောင်းအရာ (၃)ရပ်အပေါ် အခြေခံမှုတည်ပါသည်။၎င်းအကြောင်းအရာများမှာ(၁) အတိုးလိုချင်၍ ချေးခြင်း(၂) အလွန်ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေးအခက်အခဲဖြစ်နေသဖြင့် ကူညီပေးခြင်း (၃) အတ...

မိတ်ဆွေတစ်ဦးက အကူအညီတောင်းလို့ စာချုပ်နဲ့ ငွေသိန်းတစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးပေးခဲ့ပါတယ် ။ သူ့အိမ်ရဲ့ ဂရမ်မူရင်းကိုလည်း အာမခံအဖြစ် ပေးထားခဲ့ပါတယ် ။ နှစ်လလောက်ပဲ အတိုးပေးပြီး နောက်ပိုင်း အဆက်အသွယ်မလုပ်တော့ပါ ။ လိမ်လည်မှုနဲ့ တရားစွဲလို့ရမလား ။ ပြန်မဆပ်တော့ဘူးဆိုရင် အိမ်ကိုသိမ်းလို့ရ ပါသလား ။
မိတ်ဆွေတစ်ဦးက အကူအညီတောင်းလို့ စာချုပ်နဲ့ ငွေသိန်းတစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးပေးခဲ့ပါတယ် ။ သူ့အိမ်ရဲ့ ဂရမ်မူရင်းကိုလည်း အာမခံအဖြစ် ပေးထားခဲ့ပါတယ် ။ နှစ်လလောက်ပဲ အတိုးပေးပြီး နောက်ပိုင်း အဆက်အသွယ်မလုပ်တော့ပါ ။ လိမ်လည်မှုနဲ့ တရားစွဲလို့ရမလား ။ ပြန်မဆ...

မေးခွန်း - ကျွန်တော်ငွေချေးထားတာရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်းပေးခဲ့ရပါ တယ် အခုအတိုးရော အရင်းပါမပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ်ပြောပါတယ် ဘာပုဒ်မနဲ့စွဲနိုင်ပါလဲ။ စွဲရင်ဘယ်လိုဖြစ်နိုင် ပါသလဲ။ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။
မေးခွန်း - ကျွန်တော်ငွေချေးထားတာရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်းပေးခဲ့ရပါ တယ် အခုအတိုးရော အရင်းပါမပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ်ပြောပါတယ် ဘာပုဒ်မနဲ့စွဲနိုင်ပါလဲ။ စွဲရင်ဘယ်လိုဖြစ်နိုင် ပါသလဲ။ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။အဖြေ - ကိုယ်ကငွေပေးရန်ရှိတ...