ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်းကို ခိုင်မာအောင်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေရှင် နှင့် ငွေချေးသူတို့သည် အမျိုးမျို

ဟန်ဆောင်စာချုပ် -
ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်းကို ခိုင်မာအောင်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေရှင် နှင့် ငွေချေးသူတို့သည် အမျိုးမျိုး
သော စာချုပ်များအား ပြုလုပ်ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေရပါသည်။
ထိုစာချုပ်များထဲတွင် အိမ်မြေ၊ စသည်တို့ကို အပေါင်စာချုပ်ချုပ်ဆိုရမည့် အစား အရောင်း စာချုပ်ပြုလုပ်၍ လက်မှတ်ထိုးထားသည့်စာချုပ်များ ၊ စာချုပ်စာတမ်းရုံးတွင်မှတ်ပုံတင်နိုင်ရန်အထူးကိုယ်စားလှယ်စာ ၊ အထွေထွေ ကိုယ်စားလှယ်စာ နှင့် ပစ္စည်းကိုပါ လက်ရောက်ရယူထားသည့် အရောင်းအ၀ယ်စာချုပ်များစသည်ဖြင့် ငွေချေးငှားခြင်းအား
ဖုံးကွယ်၍ ဟန်ဆောင်စာချုပ်များအား နည်းမျိုးစုံဖြင့် ပြုလုပ်လေ့ရှိကြသည်။
တနည်းဆိုရသော် ဥပဒေအားလက်တစ်လုံးခြားသည့် စာချုပ်များကို ပြုလုပ်ချုပ်ဆိုလေ့ရှိကြပါသည်။
ထိုသို့အိမ်ခြံမြေကို အရာင်းအ၀ယ်ပုံစံပြုလုပ်၍ ငွေချေးငှားသည့် ကိစ္စများမှာ ဥပဒေနှင့် ညီညွှတ်မှန်ကန်မှု မရှိသဖြင့် မမှန်မကန် သောနည်းလမ်းဖြင့်
ဆောင်ရွက်၍ အိမ် ၊ မြေကို လက်ရောက်ရယူထားသည့် (သို့) အိမ်မြေနှင့် ပတ်သက်သော စာရွက်စာ
တမ်းများကို လက်ရောက်ရယူထားသည့် ငွေချေးပေးသူတို့သည် တရားရုံးတွင် အမှု ရှုံးနိမ့်မည်သာ ဖြစ်
သည်။
စာချုပ်တစ်ခုသည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချက်မရှိ ၊ ဟန်ဆောင်စာချုပ်မျှသာ ဖြစ်ခဲ့လျှင်၊ (သို့) ငွေတိုးချသူတို့ အက်ဥပဒေတွင် ပညတ်ထားသည့် ကိစ္စများကို ကွင်းရှောင်ကျော်နင်းရန် ရည်ရွယ်ချက် ဖြင့်ပြုလုပ်ခဲ့ လျှင် ထိုစာချုပ်သည် တရားဥပဒေအရ ပဋိညာဉ် မြောက်သည့် သဘောတူစာချုပ်မဟုတ်ချေ။
ဟန်ဆောင်ချုပ်ဆိုခဲ့သည့် စာချုပ်နှင့်ပတ်သက်၍ နုတ်သက်သေခံချက်တင်ပြ ခွင့်အား ဥပဒေက ခွင့်ပြုထားသဖြင့် မှုလ ငွေချေးငှားစဉ်က ပြုသမျှနုပြ၍ အလိုလိုက်အကြိုက်ဆောင်ခဲ့သော ငွေချေးယူသူသည် စာချုပ်မှာ ဟန်ဆောင်ဖြစ်ကြောင်း ၊ ငွေချေးငှားခြင်းဖြစ်ကြောင်း အကြောက်အကန် ငြင်းဆန်ပါတော့သည်။
ထိုအခါ မှုလငွေရှင်သည် ဖွတ်မရ ဓါးမရှုံးသည့် ကိန်းဆိုက်ရပါတော့သည်။
အောက်တွင်၂၀၁၂ ( စာ ၁၂၇)
စီရင်ထုံးကိုပူးတွဲဖော်ပြလိုက်ပါတယ်။
Photo crd
Related Posts

ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား
ဒီလိုစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား " စာချုပ်တွင် ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။ ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်များ ချ...

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။
မိတ်ဆွေကြီး ကိုချစ်တီးပါလား၊ မတွေ.တာအတော်ကြာပြီနော်၊ ဝလို့ဖြိုးလို. ဝမ်းဗိုက်ကြီးတောင် ရွှဲလို.ပါလား၊ ကျန်မားရေးလည်း ဂရုစိုက်ဦးနော်ကိုချစ်တီး ။ ။ အခုလိုမျိုး သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ အရောက်အပေါက်နည်းသွားတာကအလုပ်တွေများနေလို.ပါ။ကျွန်ပ်။ ။ အလုပ်မျာ...

ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့ ကိစ္...